သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-10-24
ရှမ်းပြည်နယ်မှာ ဝင်ရောက်ယှဉ်ပြိုင် ကြမယ့် နိုင်ငံရေးပါတီပေါင်းစုံက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ လာမယ့်ရွေးကောက်ပွဲမှာ မဲရုံတွေ စောင့်ကြည့်လေ့လာရေးနဲ့ ပတ်သက်ပြီး တောင်ကြီးမြို့က ရှမ်းစာပေနဲ့ ယဉ်ကျေးမှုခန်းမ မှာ ဒီနေ့ စတင်ဆွေးနွေးကြပါတယ်။
2015-10-24
အစိုးရအပေါ်မှာ ပြည်သူတွေ မုန်းတီး စိတ်တွေ ဖြစ်ပေါ်လာအောင် စည်းရုံးပြော ဆိုနေတဲ့ နိုင်ငံရေးသမားတွေ ရှိနေကြောင်း လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်က ပြောလိုက် ပါတယ်။
2015-10-24
မြန်မာ့ကျောက်စိမ်းတွင်းလုပ်ငန်းတွေနဲ့ အရောင်း အဝယ်လုပ်ငန်းတွေနဲ့ အကျိုးအမြတ်တွေကို စစ်တပ် အကြီးအကဲတွေ ကြီးစိုးထားတယ်ဆိုတဲ့ ပြောဆို ချက်တွေဟာ မမှန်ကန်ဘူးလို့ မြန်မာ့ကျောက်မျက် ရတနာ ရောင်းဝယ်ရေးလုပ်ငန်းဌာနရဲ့ ဦးဆောင် ညွန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းက ပြောဆို လိုက်ပါတယ်။
2015-10-24
အစိုးရ စစ်တပ်နဲ့ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် SSPP/SSA အဖွဲ့တို့ကြား တိုက်ပွဲတွေဖြစ်နေတဲ့ မိုင်းရှုးမြို့နယ်၊ ကျေးသီးမြို့နယ်နဲ့ တန့်ယန်းမြို့ နယ်တွေမှာ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပ မယ့် ရွေးကောက်ပွဲကို ခေတ္တယာယီရပ်ဆိုင်းပေးဖို့ ကျားဖြူပါတီက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ကို တင်ပြထားတာနဲ့ ပတ်သက်လို့ မသင်းသီရိက ဆက်ပြောပြမှာပါ။
2015-10-24
ရခိုင်ပြည်နယ်မှာ နှစ်ဘက်လူ့အဖွဲ့အစည်းကြား ပြန်လည်သင့်မြတ်ရေးအတွက် ကြိုးစားဖို့ရာမှာ စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်ကြောင်း ကွဲပြားခြားနားမှုနဲ့ အမျိုးသားရေး သဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ CDNH အဖွဲ့က သူတို့ရေးသားပြုစုထားတဲ့ ရခိုင်ပြည်နယ်ရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး စစ်တမ်းတစ်စောင်ကို ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
2015-10-24
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့က ရေတပ်ဌာနနဲ့ တပ်မတော်အင်ဂျင်နီယာတပ် ဧရိယာအတွင်းမှာ မဲဆွယ်စည်းရုံးခွင့် တင်ပြတောင်းဆိုပေမယ့် တပ်မတော်ဘက်က ခွင့်မပြုဘူးလို့ NLD လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။
2015-10-24
ဘာသာရေးကို အသုံးပြုပြီး နိုင်ငံရေးလုပ်နေတဲ့ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေဟာ ဖွဲ့စည်းပုံကို ချိုးဖေါက်နေတာဖြစ်သလို လူမျိုးရေး ဘာသာရေး ကို ရွေးကောက်ပွဲအတွက် သုံးနေတာကို အုပ်ချုပ်တဲ့ အာဏာပိုင်တွေက ထိထိရောက်ရောက် ဘာဖြစ်လို့ အရေးမယူသလဲဆိုတာဟာ မေးခွန်းထုတ်ရမယ့် ကိစ္စဖြစ်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
2015-10-23
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်ဟာ အောက်တိုဘာလ ၂၂ ရက်နေ့က ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့မှာ မဲဆွယ် စည်းရုံးဟောပြောခဲ့ပါတယ်။
2015-10-23
ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးသိန်းအောင်ဟာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် သူဝင်ပြိုင်မယ့် အင်္ဂပူမြို့နယ် ကံကွင်းကျေးရွာမှာ အောက်တိုဘာလ ၂၂ ရက်နေ့က ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
2015-10-23
ရခိုင်အမျိုးသားပါတီရဲ့ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်တဲ့ ဦးအေးသာအောင်ဟာ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ကျေးရွာမှာ မဲဆွယ်ဟောပြောခဲ့ပါတယ်။
2015-10-23
လက်ရှိမြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှု အခြေအနေနဲ့ပတ်သက်ပြီး လူ့အခွင့်အရေး ရှေ့နေ ဦးရောဘက်စန်းအောင်ကို ဝါရှင်တန်ဒီစီရှိ RFA ရုံးချုပ်မှာ ဦးနေရိန်ကျော်က တွေ့ဆုံမေးမြန်းထားပါတယ်။
2015-10-23
အပတ်စဉ် သောကြာနေ့တိုင်း RFA ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်နေတဲ့ "မှတ်မှတ်သားသား စကားများ" အစီအစဉ်ဖြစ်ပါတယ်။
2015-10-23
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းတွေ မိတ်ဆက်ပွဲကို မန္တလေးမြို့ လူထုဟစ်တိုင်ကွင်းမှာ ဒီနေ့ ကျင်းပခဲ့ပြီး၊ ပါတီရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း- လက်ရှိအမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် က တက်ရောက် ပြောကြားခဲ့ပါတယ်။ RFA သတင်းထောက် မမေသဒ္ဓါက တင်ပြထားပါတယ်။
2015-10-23
ကချင်ပြည်နယ်မှာ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေက ရရှိတဲ့ တန်ဖိုးငွေဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံအထိ ရှိနိုင်ပြီး၊ ဒီလုပ်ငန်းတွေကို နောက်ကွယ်ကနေ ချုပ်ကိုင်ထားသူတွေထဲမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ နဲ့ မိသားစုပိုင်ကုမ္ပဏီ၊ လက်ရှိ ဝန်ကြီး ဦးအုန်းမြင့်ပိုင် ကုမ္ပဏီနဲ့ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီတို့က လွှမ်းမိုးချုပ်ကိုင်ထားတယ်လို့ အင်္ဂလန်နိုင်ငံအခြေစိုက် Global Witness အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။
2015-10-23
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ စက်မှုဇုန် (၄) မှာရှိတဲ့ Lucky Shoes ဖိနပ်စက်ရုံမှာ အချိန်ပိုခိုင်းစေမှုတွေရှိပြီး အချိန်ပိုကြေး မပေးတာကြောင့် အလုပ်သမား ၃ဝဝ လောက်က မနေ့က ဆန္ဒပြနေကြပါတယ်။