သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-10-05
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ အရေး အခင်းဟာ Ethnic cleansing လူမျိုးတုံးသတ်ဖြတ် မှုဖြစ်တယ်လို့ အမေရိကန် အောက် လွှတ်တော် နိုင်ငံခြားရေးကော်မတီ ဥက္ကဌ Ed Royce အက်ဒ် ရွိုက်စ် က မနေ့က ကျင်းပတဲ့ ရိုဟင်ဂျာအရေး ကြားနာပွဲမှာ ပြောကြား လိုက်ပါတယ်။
2017-10-05
ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားကောင်းနေတဲ့အတွက် ပြည်နယ်နဲ့ တိုင်းဒေသကြီး ၇ ခုမှာ သုံးရက်အတွင်း မိုးများနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောပါတယ်။
2017-10-05
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လကဖြစ်ပွားခဲ့တဲ့ ARSA အစွန်းရောက် အကြမ်းဖက် သမားတွေရဲ့ တိုက်ခိုက်မှုတွေအတွင်း တဘက် ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ခေါ်ဆောင်ခံခဲ့ရတဲ့ ဟိန္ဒူဘာသာဝင် အမျိုးသမီး ၈ ဦးနဲ့ ကလေးငယ် ၈ ဦးဟာ ပြန်လည်ရောက်ရှိလာကြပြီလို့ သတင်းထုတ်ပြန်ရေးကော်မတီက မနေ့က ထုတ်ပြန်ပါတယ်။
2017-10-05
အကြမ်းဖက်သမားတွေက ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကိုခေါ်ဆောင်သွားတာကိုခံခဲ့ရတဲ့ ဟိန္ဒူဘာသာဝင် အမျိုးသမီး ၈ ဦးနဲ့ ကလေးငယ် ၈ ဦးကို မြန်မာ အစိုးရက ပြန်လည်ခေါ်ယူလိုက်တာကြောင့် မောင်တောကို ပြန်လည်ရောက်ရှိနေကြပြီဖြစ် ပါတယ်။
2017-10-05
ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ ရှမ်းဒုက္ခသည်စခန်းတွေအတွက် ရိက္ခာထောက်ပံ့နေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ဒီလကစပြီး ရိက္ခာထောက်ပံ့တာတွေ ရပ်လိုက်ပါပြီ။ လတ်တလောမှာ ချွေတာသုံးစွဲလို့ ရနေသေးပေမယ့် နောက်ပိုင်းကာလတွေအတွက်တော့ အလှူရှင်ရဖို့ အခက်ခဲရှိနေတယ်လို့ ရှမ်းပြည်ဒုက္ခသည်များကော်မတီကနေ သိရပါတယ်။
2017-10-05
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်မှာ ရှင်အဇ္ဈဂေါဏ ဆင်းရဲသားပပျောက်ရေးအသင်းလို့ အမည်ခံထားတဲ့ ပရဟိတအသင်းဟာ တရားမဝင် ငွေကြေးဆိုင်ရာ လုပ်ငန်းတွေလုပ်ကိုင်နေတဲ့ အတွက် လက်ရှိ လုပ်ငန်းတွေကို ရပ်ဆိုင်းပြီး တရားဝင် မှတ်ပုံတင်ဖို့ မြင်းခြံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက အခုလဆန်းပိုင်းက သတိပေးလိုက်ပါတယ်။
2017-10-05
ထိုင်းနိုင်ငံနဲ့ ရှမ်းပြည်နယ် နယ်စပ်တွေမှာ ရှိတဲ့ ရှမ်းဒုက္ခသည်စခန်း ၆ ခုကို နိုင်ငံတကာအဖွဲ့အစည်းတွေက နှစ်ရှည်လများ ထောက်ပံ့နေတဲ့ အခြေခံ ရိက္ခာတွေကို ဒီလ အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ရပ်လိုက်တဲ့အတွက် ဒုက္ခသည်စခန်းတွေ အခက်အခဲ ဖြစ်နေပါတယ်။
2017-10-04
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အလုပ် အမှုဆောင်အဖွဲ့ဝင် ၄ ဦးကို ပါတီတာဝန်ကနေ ရပ်စဲလိုက်ကြောင်း ပါတီဗဟိုက ပြီးခဲ့တဲ့အောက်တိုဘာလ ၁ရက်နေ့က အကြောင်းကြားလိုက်ပါတယ်။
2017-10-04
နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အောက်တိုဘာလ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ သွားရောက်ခဲ့ ပါတယ်။
2017-10-04
လတ်တလော ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ပြည်တွင်း ပြည်ပ သတင်းမီဒီယာတွေမှာ ဖြစ်စဉ်မှန်တွေကို ပိုမိုထိရောက်စွာ ဖော်ပြနိုင်ဖို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နဲ့ သတင်းမီဒီယာအဖွဲ့အစည်းတွေ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2017-10-04
နေရပ်စွန့်ခွာတိမ်းရှောင်သွားကြသူတွေကို ပြန်လည်လက်ခံရာမှာ ရာဇဝတ်မှု ကျူးလွန်ခဲ့သူတွေ ARSA အကြမ်းဖက် သောင်းကျန်းသူတွေ ပါရှိမလာစေရေးအတွက် စနစ်တကျ စိစစ်ဆောင်ရွက်ဖို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ကြေညာချက် ထုတ်ပြန်တိုက်တွန်းလိုက် ပါတယ်။
2017-10-04
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အလုပ် အမှုဆောင်အဖွဲ့ဝင် ၄ ဦးကို ပါတီတာဝန်တွေကနေ ရပ်စဲလိုက်ပါတယ်။
2017-10-04
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်းမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့အစည်းတွေကို အစိုးရက သွားလာခွင့် ကန့်သတ်ထားတဲ့အတွက် အကူအညီပေးပို့နိုင်တဲ့ ပမာဏနဲ့ အရည်အသွေးတွေ ထိခိုက်နေတယ်လို့ UNOCHA က မနေ့က ထုတ်ပြန်ထားပါတယ်။
2017-10-04
ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ပြည်တွင်း ပြည်ပ သတင်းမီဒီယာတွေမှာ ဖြစ်စဉ်မှန်တွေကို ပိုမိုထိရောက်စွာ ဖော်ပြနိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က သတင်းမီဒီယာ အဖွဲ့ အစည်းတွေနဲ့ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2017-10-04
ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ငန်းအကောင် အထည်မဖော်ဘဲ မြေဈေးကစားတာတွေ၊ လုပ်ငန်း မလုပ်တာတွေကြောင့် နိုင်ငံတော်ကရရှိမယ့် အခွန်တွေ ဆုံးရူံးတာတွေ ရှိနေတဲ့အတွက် လုပ်ပိုင်ခွင့်ရယူထားပြီး လုပ်ငန်းလုပ်ကိုင်ခြင်း မရှိတဲ့ မြေကွက်တွေကို ပြန်လည်စိစစ်ပြီး သိမ်းဆည်းပေးဖို့ တိုက်တွန်းကြောင်းအဆိုကို မင်္ဂလာတောင်ညွန့်မြို့နယ်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။