သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-10-18
တရုတ်နယ်စပ် ရွှေလီချိုင့်ဝှမ်းတလျှောက်က မြန်မာပိုင်နက်ထဲကို တရုတ်နိုင်ငံက ကျူးကျော် ဝင်ရောက်ပြီး မြေသား မြောင်းတူးတာတွေကို ပြည်ထောင်စု အစိုးရအနေနဲ့ ဖြေရှင်းပေးဖို့ နမ့်ခမ်းမြို့နယ်အခြေစိုက် အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။
2019-10-18
ကျောင်းဆရာ၊ ဆရာမတွေနဲ့ ပတ်သက်ပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ပြောဆိုခဲ့တာကို အစိုးရက အခုအချိန်ထိ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်းမရှိတာကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း အခြေခံနှင့် အဆင့်မြင့် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကော်မတီက မနေ့ကရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2019-10-17
မက်သာဖက်တမင်း စိတ်ကြွဆေးကို ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်နိုင်ငံရဲ့ အသေခံတိုက်ခိုက်ရေး တပ်သားတွေအတွက် အသုံးပြုခဲ့ပါတယ်။ အဲဒီနောက် စစ်ပြီးသွားတဲ့အခါမှာတော့ အများပြည် သူတွေ လက်ထဲပါ ရောက်သွားပါတော့တယ်။
2019-10-17
အမေရိကန်ပြည်ထောင်စုမှာ စာပေခရီး ရောက်ရှိနေတဲ့ စာရေးဆရာချစ်ဦးညိုနဲ့ တွေ့ဆုံပြီး စာပေနဲ့ နိုင်ငံရေးဆက်စပ်မှု၊ စာပေသြဇာနဲ့ စာပေလွတ်လပ်ခွင့်တွေအကြောင်း ဆရာချစ်ဦးညိုရဲ့ အမြင်နဲ့ သဘောထားတွေကို မေးမြန်းထားပါတယ်။
2019-10-17
အမေရိကန်ပြည်ထောင်စုမှာ စာပေခရီး ရောက်ရှိနေတဲ့ အမျိုးသားစာပေဆုရ စာရေးဆရာညီပုလေးနဲ့ တွေ့ဆုံပြီး စာပေ၊ နိုင်ငံရေး၊ ထောင်အတွေ့အကြုံနဲ့ မိသားစုဘဝအကြောင်း မေးမြန်းထားပါတယ်။
2019-10-17
တရုတ်ပြည်မှာသာမက ကျောက်အရောင်းအဝယ်လောကမှာပါ တဖြည်းဖြည်းနဲ့ တွင်ကျယ်လာတဲ့ WeChat ဝီချက် အပလီကေးရှင်းနဲ့ ငွေပေးချေမှုကို ပထမဆုံးအကြိမ်ကျင်းပမယ့် မန်းကျောက်မျက်ပြပွဲမှာ ကန့်သတ်မှာဖြစ်ပြီးတော့ တွေ့ရှိခဲ့မယ်ဆိုရင် ပြပွဲဝင်ခွင့် ပိတ်ပင်မှာ ဖြစ်ပါတယ်။
2019-10-17
ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးရဲ့ အစ်မဖြစ်သူ မနေဇာထွန်းနဲ့ ဝန်းရံသူ နှစ်ဦးကို ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် တရားရုံးက ပုဒ်မသုံးခုနဲ့ စွဲချက်တင်ဖို့ ဒီနေ့အမိန့်ချလိုက်ပါတယ်။
2019-10-17
ဒီတပတ်မှာတော့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းဒေသကြီးတွေက RFA ပရိသတ်တွေ ပေးပို့လာတဲ့ စာတွေကို မဝေယံမိုးမြင့်နဲ့ မဝေမာထွန်းတို့က တင်ပြပေးသွားမှာ ဖြစ်ပါတယ်။
2019-10-17
ဖျာပုံမြို့နယ်၊ ဘဝသစ်ကျေးရွာအုပ်စု၊ အရှေ့ဖျားရွာအနီး ရေမိုင် ၁၅ မိုင်လောက်အကွာ ပင်လယ်ပြင်ကနေ ICE မူးယစ်ဆေးဝါးလို့ယူဆရတဲ့ အိတ် ၂၃ အိတ်ကို တံငါသည်တွေက တွေ့ရှိလို့ ဆယ်ယူလာပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးကတဆင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကို အပ်လိုက်ပါတယ်။
2019-10-17
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပြိန်းချောင်းကျေးရွာဘက်မှာ တပ်မတော်စစ်ကြောင်းတစ်ခု မိုင်းဆွဲတိုက်ခိုက် ခံရပြီးနောက် AA နဲ့ တပ် ပစ်ခတ်မှုတွေဖြစ်လို့ ဒေသခံ နှစ်ဦး ဒဏ်ရာရပြီး တစ်ဦး သေဆုံးခဲ့ပါတယ်။
2019-10-17
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာအနီးမှာရှိတဲ့ အစိုးရတပ်မတော်ရဲ့ ယာယီထောက်ပို့ စခန်းတစ်ခုကို ဒီနေ့မနက်က ရခိုင့်တပ်တော် AA အဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့တယ် လို့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က ပြောပါတယ်။
2019-10-17
ကရင်နဲ့ မွန်ပြည်နယ်အစပ် မရမ်းချောင်အနီးနဲ့ ဘုရားသုံးဆူအနီးမှာ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ မွန်ပြည်သစ်ပါတီ NMSP တို့ ဒီကနေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာမှာ မွန်ပြည်သစ်ပါတီဘက်က အရာရှိတစ်ဦး ကျဆုံးခဲ့ပါတယ်။
2019-10-17
ချင်းပြည်နယ် ဟားခါးမြို့မှာ ဗိုလ်ချုပ်ကြေးရုပ်တုနဲ့အတူ ချင်းခေါင်းဆောင် သုံးဦးရဲ့ ရုပ်တုကိုပါ အတူစိုက်ထူနိုင်တယ်လု့ိ ပြည်နယ်အစိုးရက ကမ်းလှမ်းလိုက်ပေမယ့် အငြင်းပွားစရာတွေရှိနေ ဆဲဖြစ်ပါတယ်။
2019-10-17
“နိုင်ငံ့ရေးရာ မေးစရာ” အစီအစဉ်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဌေး ကို RFA ဝိုင်းတော်သူ မအေးအေးမွန် က သီးသန့်တွေ့ဆုံ မေးမြန်းထား ပါတယ်။
2019-10-17
ဒီတစ်ပတ် “ယနေ့ နိုင်ငံရေး” အစီအစဉ်မှာ နိုင်ငံ့ရေးရာကိစ္စတွေထဲက အရေးကြီးကိစ္စတစ်ခုဖြစ်တဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအခြေအနေ အကြောင်း ဆွေးနွေးထားပါတယ်။