သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-11-22
ရှမ်းပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေး တင်းမာမူတွေ ရပ်ဆိုင်းနိုင်ဖို့နဲ့ ဒုက္ခသည်တွေ နေ ရပ်ပြန်ရေးအတွက် အစိုးရနဲ့ ညှိုနှိုင်းဆွေးနွေးဖို့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA က ကိုယ်စားလှယ် ၅ ဦးဟာ ဒီနေ့ နေပြည်တော်ကို ထွက်ခွာသွားပြီဖြစ်ကြောင်း SSPP အဖွဲ့က ဒီနေ့ ကြေညာထုတ်ပြန်လိုက်ပါတယ်။
2015-11-22
မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်နေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ ရုရှားဝန်ကြီးချုပ် Dmitry Medvedev နဲ့ ဒီကနေ့မှာ သီးသန့်တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးခဲ့ပါတယ်။
2015-11-22
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူ (ဆိုင်းတောင် ) ကျေးရွာအုပ်စုမှာ မနေ့က ကျောက် စိမ်းတွင်း ကုမ္ပဏီတွေက စွန့်ပစ်တဲ့ မြေစာပုံပြိုကျ တဲ့အတွက် လူပေါင်းရာချီပြီး မြေစာပိသေဆုံးခဲ့ပြီး ရုပ်အလောင်း ၉ဝ ကျော် တူးဖော်ရရှိထားတယ်လို့ သိရပါတယ်။
2015-11-22
သာယာဝတီအကျဉ်းထောင်မှာ ထိန်းသိမ်းဖမ်းဆီးခံနေရတဲ့ ကျောင်းသူ မဟန်နီဦးကို ရန်ကုန်ဆေးရုံကြီးတင်ပြီး ဆေးကုသဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
2015-11-22
ရွှေဝါရောင်တော်လှန်ရေးမှာ ဦးဆောင်ပါဝင်ခဲ့တဲ့အတွက် ၅ နှစ်နီးပါး ထိမ်းသိမ်းခံခဲ့ရတဲ့ မဂ္ဂင်ကျောင်းဆရာတော် အရှင် အိန္ဒကရဲ့ လက်ရှိနိုင်ငံရေးအခြေအနေအပေါ် သုံးသပ်ချက်တွေကို RFA အဖွဲ့သား ဦးခင်မောင်စိုး ကဆက်သွယ်မေးမြန်းထားပါတယ်။
2015-11-22
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ကနေဦးဆောင်ပြီး ကယားပြည်နယ်အတွင်းက ဖရူဆိုနဲ့ ဒီမောဆိုမြို့နယ် ပဏာမ ကရင်နီပြည်နယ်ညီလာခံကို ဖရူဆိုမြို့နယ်ခန်းမဆောင်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2015-11-22
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမြေမှာ စွန့်ပစ်မြေစာပုံပြိုကျပြီး လူတွေ သေဆုံးရ တာဟာ ကျောက်စိမ်းလုပ်ငန်းမှာ တာဝန်ခံ မှုလိုအပ်နေတာကို ထင်ထင်ရှားရှား ဖော်ပြလိုက်တာပဲလို့ ဗြိတိန်နိုင်ငံအခြေစိုက် Global Witness အဖွဲ့က မနေ့ က ပြောကြားလိုက်ပါတယ်။
2015-11-22
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှာ ပြီးခဲ့ တဲ့ရက်ပိုင်းက WY တံဆိပ် စိတ် ကြွဆေးပြားတွေအပါအဝင် မူးယစ်ဆေး ကျပ်သိန်းပေါင်း ၅ သောင်းကျော်ဖိုး တွေ့ရှိမှုကြောင့် အဲဒီ အမှုနဲ့ ဆက်စပ်သူ ၅ ဦးတို့ကို ဖမ်းဆီးရမိထား ပြီဖြစ်တယ်လို့ မြိတ်မြို့မရဲတပ်ဖွဲ့က ပြောပါတယ်။
2015-11-22
ရှမ်းပြည်နယ်မှာ လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ရေးတင်းမာမှုတွေ လျော့ချရေးနဲ့ စစ်ဘေး ဒုက္ခသည်တွေ နေရပ်ပြန်ရေး တို့အတွက် အစိုးရနဲ့ ညှိနှိုင်းဆွေးနွေးဖို့ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA က ကိုယ်စားလှယ်ငါးဦးဟာ ဒီနေ့ နေပြည်တော်ကို ထွက်ခွာသွားပြီဖြစ်ကြောင်း SSPP အဖွဲ့က ပြောပါတယ်။
2015-11-22
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ကနေ ဦးဆောင်ပြီး ကယားပြည်နယ် အတွင်းက ဖရူဆိုနဲ့ဒီမောဆို မြို့နယ် အတွက် ပဏာမ ကရင်နီပြည်နယ် ညီလာခံကို ဖရူဆိုမြို့နယ် ခန်းမဆောင်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2015-11-22
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့ နယ် ဇရက်ကွင်းနဲ့ ကျောက်ဖျာကျေးရွာကြား မှာ ရွှေကြောတွေ့တယ်ဆိုတဲ့ သတင်း ထွက်ပေါ်နေတာကြောင့် အနီးအနားက ဒေသခံတွေ ထောင် နဲ့ချီပြီး သွားရောက် တူးဖော်နေကြပါတယ်။
2015-11-22
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာအုပ်စုထဲက တစ်သုံးလုံး ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီရဲ့ စွန့်ပစ်မြေစာပုံ ပြိုကျခဲ့ တာကြောင့် မြေစာပုံအနီး ယာယီတဲထိုးနေထိုင်ကြတဲ့ ရေမဆေး ကျောက်ရှာဖွေသူ တစ်ရာ နီးပါး မြေစာပိ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
2015-11-22
မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်နေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့ဟာ ဒီကနေ့ နေ့လည်က သီးသန့်တွေ့ဆုံခဲ့ကြပါတယ်။
2015-11-22
ရွေးကောက်ပွဲပြီးတဲ့နောက်မှာ ရွေးကောက်ပွဲနေ့က ဖြစ် ပွားခဲ့တဲ့ အငြင်းပွားဖွယ်ရာ ကိစ္စတွေကို အပြန်အလှန် တိုင်ကြားတာ ရှိနေဆဲ ဖြစ်ပါတယ်။
2015-11-22
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ အုပ်စု၊ လမောင်ကျေးရွာအနီးမှာ ဒီနေ့မနက် ၃ နာရီလောက် က မြေစာပုံပြိုကျခဲ့တာကြောင့် အဲဒီ အနားမှာနေထိုင်နေတဲ့ ရေမဆေးကျောက်ရှာနေသူတွေ ရဲ့ တဲအိမ် ၃ဝ နီးပါး မြေပြိုတဲ့ အထဲပါသွားပါတယ်။