သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-11-16
မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ဝန်ထမ်း ခုနှစ်ဦး ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံထားရတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောပါတယ်။
2020-11-16
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှီအောင် ၂၀၁၈ နှစ်ကုန်ပိုင်းကနေ ၂၀၂၀ နှစ်ဆန်းပိုင်း အထိ အသစ်ဖွဲ့စည်းခဲ့တဲ့ နိုင်ငံရေးပါတီ ၂၀ နီးပါးမှာ ပြည်မအခြေစိုက် နိုင်ငံရေးပါတီ တွေက ရွေးကောက်ပွဲမှာ နေရာတစ်နေရာမှ အနိုင်မရခဲ့ပေမယ့် ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတော်တော်များများက ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ နေရာတွေ ရှိခဲ့ပါတယ်။
2020-11-16
ပြည်ထောင်စုနယ်မြေ နေပြည်တော်မှာ အဝင်အထွက်ဂိတ်တွေကို တင်းတင်း ကျပ်ကျပ် ပိတ်ထားတဲ့ကြားက၊ ဒေသတွင်း ကူးစက်မှုပုံစံမျိုးနဲ့ မိသားစုတစ်တစ်စု ထဲမှာတင် လူ လေးဦး ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့တာမျိုး ဖြစ်လာတဲ့အတွက် လူစု လူဝေးမလုပ်ဘဲ ကျန်းမာရေး စည်းကမ်းချက်တွေကို လိုက်နာကြဖို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောလိုက်ပါတယ်။
2020-11-16
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဒုတိယအများဆုံးအနိုင်ရရှိထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ(USDP)အနေနဲ့ မဲရလဒ်နဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို အယုံအကြည်မရှိဘူးလို့ ဆိုထားပါတယ်။ မဲဆွယ်စည်းရုံးရေးကာလတုန်း က USDP ပါတီဝန်းရံသူတွေက တကယ်ပဲ မဲပေးခဲ့လို့လားဆိုတဲ့ ဝေဖန်မှုတွေလည်းရှိပါတယ်။
2020-11-16
တိုင်းလုံးကျွတ် NLD ပါတီက အနိုင်ရခဲ့တဲ့ တနင်္သာရီတိုင်းမှာ ၂၀၂၁ ခုနှစ်မှာ တက်လာမယ့် အစိုးရအဖွဲ့သစ်အနေနဲ့ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရမယ့် အရေးကြီးအချက်တွေ ရှိနေတယ်လို့ ဒေသခံတချို့နဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်း တွေက ပြောကြပါတယ်။
2020-11-15
ကပ်ဘေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကို အစိုးရက စတုတ္ထအကြိမ် ထောက်ပံ့တဲ့အနေနဲ့ ငွေကျပ် ၄ သောင်းထောက်ပံ့ပေးနေပါတယ်။ ဒါပေမဲ့ တချို့နေရာတွေမှာ တကယ်လိုအပ်နေသူ မရတာ အများအပြား ရှိနေပြီး ထောက်ပံ့ငွေရဖို့ ဆန္ဒပြတောင်းဆိုတာတွေလည်း ရှိလာပါတယ်။
2020-11-15
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC နဲ့ ၂၀၂၀ ရွေးကောက်ပွဲ မဲရလဒ်ကို အယုံအကြည်မရှိကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP ပါတီဝင်တွေနဲ့ ဝန်းရံသူ အင်အား တစ်ထောင်ကျော်က နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်က ရွှေနံ့သာ ဘောလုံးကွင်းမှာ ဒီနေ့ မနက်ပိုင်းက ဆန္ဒပြခဲ့ပါတယ်။ NLD ပါတီကတော့ USDP ပါတီရဲ့ စွပ်စွဲချက်ကို ငြင်းဆိုလိုက်ပါတယ်။
2020-11-14
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် ပြည်နယ်လွှတ်တော် အမှတ် (၂) က ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျဖေ့ကို နမ့်ယွန်းပြည်သူ့စစ်အဖွဲ့က မိုင်းဖြတ်မြို့နယ် ရဲစခန်းမှာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်လိုက်ပါတယ်။
2020-11-14
၂၀၂၀ အထွေထွေရွေးကောက်ပွဲပြီးနောက် မွန်ပြည်နယ်မှာ နေရာအများစု အနိုင်ရရှိထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြည်နယ်အစိုးရနဲ့ လွှတ်တော်ကို ဘယ်လိုပုံစံတွေ ဖွဲ့စည်းသွားမလဲဆိုတာ မွန်လူထုက စိတ်ဝင်စားနေကြပါတယ်။
2020-11-14
ဒီတစ်ပတ်မှာ " ၂၀၂၀ ရွေးကောက်ပွဲအလွန် နိုင်ငံရေးအခင်းအကျင်း" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2020-11-14
ရခိုင်ပြည်နယ် မြေပုံမြို့နယ် ရန်ကုန် - စစ်တွေ ကားလမ်းမှာ လမ်းထိန်းသိမ်းပြုပြင် ရေး ဆောင်ရွက်နေတဲ့ အလုပ်သမားတစ်ဦး မနေ့က ညနေ ၃ နာရီလောက်မှာ မပေါက်ကွဲသေးတဲ့ RPG ဗုံးသီးကို ထုကြည့်ရာကနေ ပေါက်ကွဲလို့ တစ်ဦးသေဆုံးပြီး ကလေးတစ်ဦး အပါအဝင် နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
2020-11-13
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတဲ့ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူဟာ အခုဆိုရင် နေအိမ်စောင့်ကြည့်ကာလ ပြီးဆုံးပါတော့မယ်။ ကူးစက်မှု ကျဆင်းမသွားသေးတဲ့ ကာလ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲရလဒ် အောင်ပွဲခံတဲ့ လူစုလူဝေးဖြစ်နေတာတွေကို သတိထားစေချင်တယ်လို့ ဦးကျော်သူက တိုက်တွန်းလိုက်ပါတယ်။
2020-11-13
ရွေးကောက်ပွဲအပြီးမှာ NLD၊ AA နဲ့ တပ်မတော်ရဲ့ ကြေညာချက်တွေအပါအဝင် မြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာ စိတ်ဝင်စားစရာ ပြောင်းလဲမှုတချို့ ပေါ်ထွက်လာခဲ့ပါတယ်။
2020-11-13
မြန်မာ့ကျောက်စိမ်းဈေးကွက်မှာ အဓိက လွှမ်းမိုးနေတာကတော့ တရုတ်နိုင်ငံက ကျောက်ကုန်သည်တွေပါပဲ။ COVID-19 ကမ္ဘာ့ကပ်ရောဂါကာလမှာ မြန်မာနိုင်ငံကို တရုတ်ကျောက်ကုန်သည်တွေ မလာကြတာကြောင့် မြန်မာ့ကျောက်စိမ်းဈေးကွက်လည်း ထိခိုက်နေပါပြီ။
2020-11-13
ရွေးကောက်ပွဲအလွန်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို မူဝါဒသစ်တွေနဲ့ အရင်ကထက် အရှိန်မြှင့် လုပ်ဆောင်သွားမယ့် အနေအထားမျိုးတွေကို အစိုးရမှာရော၊ တပ်မတော်မှာရော၊ တိုင်းရင်းသားအင်အားစုတွေကြားမှာပါ မြင်တွေ့လာရပါတယ်။