သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-02-17
ရှမ်းပြည်နယ်မြောက်ပိုင်းကျောက်မဲမြို့နဲ့သီပေါမြို့နယ်အတွင်းက ကျေးရွာတွေမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်တွေ တိုက်ပွဲကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။
2019-02-17
ဖွဲ့စည်းပုံ အခြေခံဥပဒေကို လုပ်ထုံးလုပ်နည်းနဲ့အညီ ပြင်ဆင်ဖို့ အမျိုးသားရေးလှုပ်ရှားသူ အင်အား ထောင်နဲ့ချီပြီး ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့က မဟာဗန္ဓုလပန်းခြံအနီးမှာ ဒီကနေ့မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
2019-02-17
လွိုင်ကော်မြို့က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ပြန်ရုပ်သိမ်းပေးဖို့ တောင်းဆိုဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ရာဘာကျည်နဲ့ ပစ်ခတ်လူစုခွဲခဲ့တာဟာ၊ ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ခဲ့တာ ဖြစ်ကြောင်း ကယားပြည်နယ် ဝန်ကြီးချုပ်က RFA ကို ပြောခဲ့ပါတယ်။
2019-02-16
နိုင်ငံတကာ ရာဇဝတ်ခုံရုံးရဲ့ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့က လာမယ့် မတ်လဆန်းမှာ ဘင်္ဂလားဒေ့ရှ် ကို သွားပြီး၊ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေ နှိပ်စက်ခံခဲ့ရတဲ့ သတင်းအချက်အလက်တွေ စုဆောင်းမယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ရှာဟီဒူးလ် ဟာ့ခ် က မနေ့က ပြောလိုက်ပါတယ်။
2019-02-16
အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ချထားတဲ့ မန္တလေးက တက္ကသိုလ်ကျောင်းသား ၇ ယောက်ကို ချွင်းချက်မရှိ၊ အမြန်ဆုံးလွှတ်ပေးသင့်တယ်လို့ Fortify Rights အဖွဲ့နဲ့ အသံအဖွဲ့က မြန်မာအစိုးရကို မနေ့က တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
2019-02-16
အငြင်းပွားနေတဲ့ ကယားပြည်နယ် လွိုင်ကော်မြို့က ဗိုလ်ချုပ်ကြေးရုပ်နဲ့ပတ်သက်လို့ "ညှိနှိုင်းရေးအဖွဲ့" ကို လူပုဂ္ဂိုလ် ၆ ဦးနဲ့ ဖွဲ့စည်းလိုက်ပါတယ်။
2019-02-16
တနင်္သာရီတိုင်းအစိုးရဟာ ပြည်သူလူထုကျေနပ်မှု အနည်းဆုံးဖြစ်ပြီး အမှန်တကယ် အလုပ်မလုပ်ရင် ပြင်းပြင်းထန်ထန် ကိုင်တွယ်သွားမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုင်းအစိုးရအဖွဲ့ကို မနေ့က သတိပေးပြောကြားခဲ့ပါတယ်။
2019-02-16
တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ကြည်လင်း အပါအဝင် ၄ ဦးကို အကြမ်း ဖက်မှုတိုက်ဖျတ်ရေး ဥပဒေအရ သီးခြား ကြားနာစစ်ဆေးပေးဖို့ မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေ များအသင်း ILAM က နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ကို အစီရင်ခံစာ တင်ပြသွားမယ်လို့ ပြောပါတယ်။
2019-02-16
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ သာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲဖြေပြီးပြန်ကြွတဲ့ သံဃာတော်အပါး ၃၀၀ နီးပါးကို ဒီနေ့မနက်က ပဲခူးတိုင်းအရောက်မှာ အာဏာပိုင်တွေက ထိန်းသိမ်းစစ်ဆေးခဲ့ပါတယ်။
2019-02-16
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ ပြင်ဆင်ဖို့ အမျိုးသားရေးဆရာတော် ဦးဝီရသူ ဦးဆောင်ပြီး အမျိုးသားရေးလှုပ်ရှားသူ အင်အား နှစ်ထောင်ခန့်ဟာ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့က မဟာဗန္ဓုလပန်းခြံအနီးမှာ ဒီကနေ့မနက်ပိုင်းက ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
2019-02-16
၂ဝ၁၉ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ စနေစကားဝိုင်း အစီအစဉ်မှာ " ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်နဲ့ တိုင်းရင်းသားအရေး " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2019-02-16
လွန်ခဲ့တဲ့ ၉ နှစ်ကျော်အချိန်က စပြီး ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ ဖြစ်ပွားတဲ့ တစ်ကျော့ပြန် စစ်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတဲ့ ဒုက္ခသည် တစ်သိန်းကျော်ထဲက ၇ သောင်းကျော်ဟာ KIO ထိန်းချုပ်နယ်မြေထဲက ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြပါတယ်။
2019-02-15
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန်အစိုးရက နောက်ထပ် ဒေါ်လာ သန်း ၆၀ ထောက်ပံ့ကူညီပေးမယ်လို့ မနေ့က ကြေညာပါတယ်။
2019-02-15
လွိုင်ကော်မြို့မှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က အင်အားသုံး ဖြိုခွဲခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ ဘယ်သူတွေ တာဝန်ရှိသလဲဆိုတာကို အစိုးရက ချက်ခြင်း စုံစမ်းစစ်ဆေးသင့်တယ်လို့ HRW လူ့အခွင့်အရေးအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
2019-02-15
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက အစီအစဉ်ရှိရှိ စနစ်တကျ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ မှားယွင်းပြီး၊ အခိုင်အမာသက်သေ မရှိတဲ့ ပြောဆိုချက်တွေဟာ မိမိတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာကို စော်ကားမှုပဲ ဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။