သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-09-21
မောင်တောဒေသကနေ စစ်တပ်ကိုရုပ်သိမ်းဖို့ နိုင်ငံတကာက ဖိအားပေးနေတဲ့အတွက် ဒေသလုံခြုံရေး လုပ်ဆောင်ရတာ အကျပ်အတည်းဖြစ်နေတယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။
2017-09-21
၂၀၁၆ ခုနှစ် ဧပြီလ အတွင်းက အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြခဲ့တဲ့အတွက် တရားစွဲဆို ဖမ်းဆီးခံထားရတဲ့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ၄ ယောက်ကို ဒီကနေ့ ကမာရွတ်မြို့နယ် တရားရုံးမှာ ရုံးထုတ်ပါတယ်။
2017-09-21
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် စက်မှုဇုန် (၁) မှာရှိတဲ့ အရက်ချက်စက်ရုံတွေနဲ့၊ အနံ့ဆိုးတွေ ရေဆိုးတွေ စွန့်ထုတ်နေတဲ့ စက်ရုံတွေကို အမြန် ဆုံးပိတ်သိမ်းပေးဖို့ ရွှေပြည်သာမြို့နယ်မှာ ဒေသခံ တစ်ရာလောက် ဆန္ဒပြခဲ့ကြပါတယ်။
2017-09-21
မြန်မာနိုင်ငံမှာ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှု ဖြစ်ပွားချိန်က ပြည်ပမှာ သီတင်းသုံးနေတဲ့ သံဃာတော် တွေကလည်း သံဃာ့လှုပ်ရှားမှုမှာ တစ်ထောင့်တစ်နေရာက ပါဝင်ခဲ့ကြပါတယ်။
2017-09-21
တနင်္သာရီတိုင်းလွှတ်တော်မှာ ကတိကဝတ်ဖြစ်ခဲ့တဲ့ မေးခွန်းတွေနဲ့ ပတ်သက်ပြီး တိုင်းအစိုးရက ၁၅ ရာခိုင်နှုန်းကျော်သာ ဆောင်ရွက်ပြီးစီးခဲ့တဲ့အတွက် ကျေနပ်စရာမရှိဘူးလို့ တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေက ပြောကြပါတယ်။
2017-09-21
ကမ္ဘာကြီး တည်ငြိမ် ငြိမ်းချမ်းဖို့ လိုတဲ့အပြင် သဘာဝပတ်ဝန်းကျင် ဟန်ချက်မပျက်ဖို့လည်း လိုပါတယ်။
2017-09-21
ကုလသမဂ္ဂနဲ့ နိုင်ငံခြားခေါင်းဆောင်တချို့က မြန်မာအစိုးရဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လူမျိုးတုံး သတ်ဖြတ်မှုကို ကျူးလွန်နေတယ်လို့ စွပ်စွဲပြောခဲ့ကြပါတယ်။
2017-09-21
၂ဝဝ၇ ခုနှစ် စက်တင်ဘာလ ၂ဝ ရက်နေ့က အဖြစ်အပျက်တွေကို ရွှေဝါရောင် တော်လှန်ရေး ၁ဝ နှစ်ပြည့် အထူးအစီအစဉ်အဖြစ် RFA အဖွဲ့သား ကိုကျော်ကျော်အောင်နဲ့ မခင်ခင်အိတို့က တင်ဆက်ထားပါတယ်။
2017-09-21
အစိုးရ အကူးအပြောင်းမှာ စာရင်းပျောက်နေခဲ့တဲ့ မကွေးတိုင်းဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ၇ ဘီလီယံ ကျော်ထဲက ၃ ဘီလီယံကျော်ကို ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ က မကွေးတိုင်းဒေသကြီး အစိုးရထံ ပြန်လည်ပေးအပ်ပြီး အဲဒီ ၃ဘီလီယံကျော်ကို မကွေးတိုင်းအတွင်းက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ သုံးစွဲသွားဖို့ လွှတ်တော်က ခွင့်ပြုပြီး ဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးနေမျိုးကျော်ကပြောပါတယ်။
2017-09-21
မြစ်သာမြစ်ရေ မြင့်တက်နေတာကြောင့် ကလေးမြို့နယ်နဲ့ တမူးမြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတာကြောင့် လမ်းတံတား ပျက်စီးမှုတွေဖြစ်နေပြီး လူဦးရေ ၂၈၀၀ ကျော်ကို ကယ်ဆယ်ရေးစခန်းတွေဆီ ပြောင်းရွေ့ပေးထားရပါတယ်။
2017-09-21
ရခိုင်ပြည်နယ်တွင်း အကြမ်းဖက် ပဋိပက္ခတွေကြောင့် နေရပ်စွန့် ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေ အတွက် ဒေါ်လာ ၃၂ သန်းနီးပါး ကူညီပေးသွားမယ့်အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်ကြေညာပါတယ်။
2017-09-20
ဗြိတိန်နိုင်ငံမှာ သင်တန်းတက်ရောက်နေကြတဲ့ မြန်မာ့တပ်မတော်သင်တန်းသား အရာရှိတွေကို ဗြိတိန်အစိုးရက ပြန်လည်စေလွှတ်ခဲ့အပေါ် တပ်မတော်က မနေ့က သဘောထားထုတ်ပြန်ခဲ့ ပါတယ်။
2017-09-20
ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်မှာ မနေ့က အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC က ဘူးသီးတောင်မြို့ကို ပို့ဆောင်မယ့် ပစ္စည်းတွေ စက်လှေပေါ်တင်ဆောင်နေရာမှာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။
2017-09-20
ရခိုင်ပြည်နယ်မှာ အကြမ်းဖက်နှိမ်နင်းတာတွေ ရှိနေတဲ့အတွက် ပြစ်ဒဏ်ခတ်တဲ့အနေ နဲ့ မြန်မာ့တပ်မတော်အတွက် သင်တန်း ပေးနေတာတွေကို ယာယီရပ်နားလိုက်ပြီလို့ ဗြိတိန်အစိုးရက မနေ့က ကြေညာလိုက်ပါတယ်။
2017-09-20
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဟာ မြန်မာနိုင်ငံခြားရေးဝန်ကြီး- နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တယ်လီဖုန်းဆက်သွယ် စကားပြောခဲ့ပြီး၊ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ရပ်တန့်အောင် မြန်မာအစိုးရက ကြိုးပမ်းနေတဲ့အပေါ် ကြိုဆိုကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။