သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-01-13
မြန်မာနိုင်ငံကို တရုတ်သမ္မတရှီကျင်းဖျင် မလာခင် တပတ်အလို ဇန်နဝါရီလ ၁ဝ ရက် သောကြာနေ့က တရုတ်အစိုးရရဲ့ကိုယ်စားလှယ် မစ္စတာ ဆွန်းကော်ရှန်းက KIA ဌာနချုပ် လိုင်ဇာမြို့မှာ KIA ခေါင်းဆောင်တွေနဲ့တွေ့ဆုံသလို AA ရခိုင့်တပ်တော်ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
2020-01-13
မကွေးတိုင်းဒေသကြီးအတွင်းက သိမ်းဆည်းခံထားရတဲ့ မြေယာအမှုပေါင်း ၃၀ ကို အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးဖို့ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့် ဦးဆောင်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်ထောင်စုတိုင်းရင်းသားများ တောင်သူလယ်သမားများသမဂ္ဂဗဟို ဟာ ဇန်နဝါရီ ၁၀ရက်နေ့က တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ တွေ့ဆုံစဉ် တောင်းဆိုခဲ့ပါတယ်။
2020-01-13
ဆေးခြောက်စိုက်ပျိုးမှုနဲ့ အရေးယူခံရပြီး အာမခံနဲ့ လွှတ်ပေးထားတဲ့ အမေရိကန်နိုင်ငံသား လာမယ့် ဇန်နဝါရီလ ၂၇ ရက်နေ့ရုံးချိန်းမှာ အမှု လာရောက်မရင်ဆိုင်ရင် အာမခံပေးထားသူကို တရားစွဲသွားမယ်လို့ မြင်းခြံခရိုင်တရားရုံးက ပြောလိုက်ပါတယ်။
2020-01-13
တစ်လကျော်ကြာ သပိတ်မှောက်ဆန္ဒပြနေတဲ့ ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ် ဟွာမုံအထည်ချုပ်စက်ရုံက ဆန္ဒပြ အလုပ်သမားတွေနဲ့ စက်ရုံပိုင်ရှင်တို့ဟာ သဘော တူညီချက်ရဖို့ သုံးရက်ကြာ ညှိနှိုင်းခဲ့ပေမယ့် ဒီနေ့ ညနေထိ ပြေလည်မှုမရရှိသေး ပါဘူး။
2020-01-13
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်အစီရင်ခံစာ ထုတ်ပြန်ခဲ့တာဆိုရင် ခြောက်နှစ်ကျော်လို့ ခုနှစ်နှစ်နီးပါး ရှိလာပြီဖြစ်နေပေမယ့် ကော်မရှင်ကနေ အကြံပြုထားတဲ့အချက်တွေထဲက မြေယာလျော်ကြေးနဲ့ သိမ်းဆည်းမြေ အစားပြန်ပေးဖို့ကိစ္စတွေကို အကောင်ထည်ဖော်နိုင်တာ မရှိသေးဘူးလို့ ဒေသခံတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
2020-01-13
စိတ္တရ ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရတာနဲ့ပတ်သက်ပြီး အဖြစ်မှန်ကို စုံစမ်းဖော်ထုတ်ပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ မင်းပြားမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး ၆၈ ယောက်က က လက်မှတ်ရေးထိုးပြီးတော့ စာရေးသားပို့ပေး တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။
2020-01-12
ဒီသီတင်းပတ်ကုန်ပိုင်းမှာ တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်မှာဖြစ်ပါတယ်။ အခု ၂၀၂၀ ပြည့်နှစ်အတွင်း တရုတ်နဲ့ မြန်မာကြား ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်တွေ အများအပြား ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် က ပြောပါတယ်။
2020-01-12
ရက္ခိုင့်တပ်တော် AA ရဲ့ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာပေမယ့် တာဝန်ကျနေရာကို မသွားဘဲ နေပြည်တော်ဌာနချုပ်ကို ပြန်သွားတဲ့ ကုန်းလမ်းပို့ဆောင်ရေးဝန်ထမ်း ၁၆ ဦး အပါအဝင် ၁၈ ဦးကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက မနက်ဖြန် ဇန်နဝါရီ ၁၃ ရက်နေ့မှာ ခုံရုံးဖွဲ့ စစ်ဆေးပါမယ်။
2020-01-11
ရခိုင်ပြည်နယ် မင်းပြားနဲ့ မြေပုံမြို့နယ်တွေမှာ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ တိုက်ပွဲပြင်းထန်နေပြီး အသက် ကိုးလအရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပါတယ်။
2020-01-11
၂ဝ၂ဝ ဇန်နဝါရီ ၁၁ ရက်နေ့ RFA စကားဝိုင်း အစီအစဉ်မှာ "တရုတ်သမ္မတရဲ့ မြန်မာပြည်ခရီးစဉ်" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2020-01-10
ပြီးခဲ့တဲ့ ၂ဝ၁၉ ခုနှစ် စပါးစိုက်ရာသီအတွင်း လယ်တွေရေသွင်းရမယ့် ကာလမှာ မိုးမရတဲ့အတွက် မြန်မာနိုင်ငံ ဒေသအတော်များများမှာ စပါးအထွက်နှုန်းလျော့ကျပြီး တချို့လယ်တွေဆိုရင် လုံးဝ ရိတ်လို့ မရလောက်အောင် ပျက်စီးသွားတာတွေ ရှိခဲ့ပါတယ်။
2020-01-10
တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကနေ မြန်မာဘာသာနဲ့ထုတ်ဝေပြီး မြန်မာနိုင်ငံထဲမှာ ဖြန့်ချိနေတဲ့ “ပေါက်ဖော်” သတင်းစာဟာ အခုခါမှာ ရန်ကုန်၊ နေပြည်တော်နဲ့ တခြားမြို့ကြီးတချို့မှာ စာကြည့်တိုက်တွေ ဖွင့်လှစ်ထားပါပြီ။
2020-01-10
အခုနှစ်ကုန်ပိုင်းမှာ ကျင်းပတော့မယ့် ၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲမှာ လက်ရှိအာဏာရပါတီ NLD အနေနဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတင် မကဘဲ၊ အရင်က မဟာမိတ်ဖြစ်ခဲ့တဲ့ လူနည်းစု တိုင်းရင်းသားပါတီတွေနဲ့ပါ အကြိတ်အနယ် ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။
2020-01-10
RFA ကနေ အပတ်စဉ် သောကြာနေ့တိုင်း ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။
2020-01-10
ရခိုင်ပြည်နယ် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်ဖြူမြို့နယ်တွေမှာ စက်မှုဇုန်၊ ဆိပ်ကမ်း၊ အမြန်လမ်း၊ ရထားလမ်း စတဲ့စီမံကိန်းတွေကို အကောင်အထည်ဖော်ချင်တယ်ဆိုပြီး တရုတ်ကျောထောက် နောက်ခံပြုထားတဲ့ ဖွံ့ဖြိုးမြန်မာစွမ်းအားရင်းနှီးမြှပ်နှံမှုနဲ့ တိုးတက်ရေးကုမ္ပဏီလီမိတက်က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို ဒီနေ့ အဆိုပြုလိုက်ပါတယ်။