သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-09-15
ရခိုင်ပြည်နယ် ကျောက်တော်မြို့ ကံသုံးဆင့်ကျေးရွာမှာ ဒီနေ့မနက် ၁ နာရီလောက်မှာ ရွာထဲ လက်နည်ကြီးကျလို့ အိပ်ပျော်နေတဲ့ အသက် ၇၀ အရွယ် ဦးနီထွန်း လက်နက်ကြီးကျည်ထိမှန်ပြီး သွေးလွန်လို့ သေဆုံးခဲ့ပါတယ်။
2019-09-14
တရုတ်ရဲ့ မြန်မာပြည်ထဲက အကျိုးအမြတ်တွေဟာ၊ မြန်မာပြည်နဲ့ပတ်သက်လို့ လူ့အခွင့်အရေးကိစ္စတွေ ကို အာရုံစိုက်ဦးစားပေးနေတဲ့ အမေရိကန်ရဲ့အမြင် ကို လမ်းကြောင်းပြောင်းပေးနေတယ်လို့ ဂျပန်နိုင်ငံ ထုတ် Nikkei Asian Review သတင်းစာမှာ သုံးသပ်ချက်ဆောင်းပါးတစ်စောင် မနေ့က ဖော်ပြထားပါတယ်။
2019-09-14
လာမယ့် စက်တင်ဘာ ၁၇ ရက်နေ့ ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမှာကျင်းပမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအပေါ် မျှော်လင့်ချက်တွေကို RFA အဖွဲ့သူ မခင်ခင်အိက တင်ဆက်ထားပါတယ်။
2019-09-14
ငြိမ်းချမ်းရေးရဖို့ လမ်းစရှာတဲ့အနေနဲ့ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေက အပစ်ရပ် ကြေညာခဲ့တာ ဖြစ်နိုင်တယ်လို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
2019-09-14
၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေး ဝိုင်းဝန်းကြိုးစားကြဖို့ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ဒီနေ့ ပါတီဗဟိုကော်မတီအစည်းအဝေးမှာ တိုက်တွန်းလိုက်ပါတယ်။
2019-09-14
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ဟိုချောင်းကျေးရွာနဲ့တောင်ရိုးဘုရားအနီးမှာ တပ်မတော်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့TNLA တို့ ဒီနေ့အထိ နှစ်ရက်ဆက်တိုက်ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတစ်ဦး သေဆုံးခဲ့ပါတယ်။
2019-09-14
၂ဝ၁၉ စက်တင်ဘာ ၁၄ ရက်နေ့ RFA စကားဝိုင်း အစီအစဉ်မှာ " ရခိုင်၊ ရှမ်းမြောက်ဒေသ ပဋိပက္ခနဲ့ အရပ်ဖက်ပစ်မှတ် " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2019-09-13
မြန်မာအစိုးရဘက်က ဒုက္ခသည်တွေ ပြန်လက်ခံဖို့ အသင့်ဖြစ်နေပြီဆိုပေမယ့် အခုအချိန်ထိတော့ တစ်ယောက်မှ ပြန်လာတာမရှိသေးပါဘူး။ ဒုက္ခသည်တွေ နေရပ်မပြန်ဖို့ အာဆာ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့က ခြိမ်းခြောက်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
2019-09-13
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေထဲက ဟိန္ဒူဘာသာဝင် လေးရာကျော်က ပြန်လာချင်နေတယ်လို့ ပြောနေပါတယ်။ ကုလသမဂ္ဂဘက်ကတော့ မြန်မာနိုင်ငံဘက် ပြန်ချင်တယ်ဆိုပြီး သူတို့ဆီကို ဆက်သွယ်လာသူ တယောက်မှမရှိဘူးလို့ ဆိုပါတယ်။
2019-09-13
တပ်မတော်စစ်သင်တန်းကျောင်းတွေရှိတဲ့ ပြင်ဦးလွင်မြို့နဲ့ စစ်ဆေးရေးဂိတ်တွေကို မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး သိပ်မကြာခင်မှာပဲ အစိုးရနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဟာ တရုတ်အထူးသံတမန်ရဲ့ ကြားဝင်ညှိနှိုင်းမှုအရ ကျိုင်းတုံမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2019-09-13
ရှမ်းပြည်နယ်မှာ ပြည်တွင်းစစ်နဲ့ မူးယစ်ဆေးဝါးပြဿနာကြောင့် ကလေးတွေ ပညာတပိုင်းတစနဲ့ ကျောင်းဆက်မတက်နိုင်ကြတာဟာ အဓိက ပြဿနာတခု ဖြစ်လာနေပါတယ်။
2019-09-13
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးကို တပ်မတော်နဲ့ ကေအိုင်အေ KIA တို့ ပဏာမအပစ်ရပ်စာချုပ် Bilateral လက်မှတ်ရေးထိုးပြီးမှ အကောင်အထည်ဖော်သွားမယ်လို့ KHCC ဥက္ကဋ္ဌက ပြောပါတယ်။
2019-09-13
ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေကို ကူညီရေး၊ နေရပ်ပြန်ရေးနဲ့ ပတ်သက်လို့ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးရဲ့ ဖြေကြားမှုတွေဟာ လက်တွေ့နဲ့ ကင်းကွာနေတယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေက ဝေဖန်ပြောဆိုပါတယ်။
2019-09-13
တရုတ်အမျိုးသားတွေနဲ့ လက်ထပ်ဖို့အတွက် မြန်မာပြည်က မိန်းကလေးတွေ လူကုန်ကူးခံရတာတွေ လျော့နည်းသွားခြင်းမရှိဘူးလို့ မူဆယ် အမှတ် ၁၇ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူး ဦးကျော်ညွန့်က ပြောပါတယ်။
2019-09-13
ကျိုင်းတုံဆွေးနွေးပွဲ၊ ဘဏ်ကိစ္စ၊ နေပြည်တော်က ဗစ်တိုးရီးယားအမှုကိစ္စတွေနဲ့ ပတ်သက်ပြီး သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ဒီနေ့ သမ္မတအိမ်တော်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။