သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-10-08
ရှမ်းပြည်နယ်အတွင်း လူဦးရေနဲ့ သန်းခေါင်စာရင်း ကောက်ခံရရှိထားတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ရှမ်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ဦးစီးဌာနက တောင်ကြီးမြို့ မြို့တော်ခန်းမမှာ အောက်တိုဘာလ ၆ ရက်နေ့က ရှင်းပြခဲ့ပါတယ်။
2015-10-08
ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့နယ်မှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သိရှိမှု အားနည်းနေတဲ့အပြင် ဒေသခံအုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ခြိမ်းခြောက် ဖိအားပေးပြောဆိုမှုတွေကြောင့် ကိုယ်စားလှယ်လောင်းတွေ သွားရောက်မဲဆွယ်စည်းရုံးတဲ့အခါမှာ ဒေသခံရွာသားတွေက လက်မခံကြဘူးလို့ သိရပါတယ်။
2015-10-08
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ ရွေးကောက်ပွဲဝင်မယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ၄ ဦးဟာ ဒီနေ့ ပေါင်မြို့နယ်၊ နတ်ကြီးချောင်းကျေးရွာက ဘောလုံးကွင်းမှာ မဲဆွယ်စည်းရုံး ဟောပြောခဲ့ကြပါတယ်။ RFA သတင်းထောက် မဝေမာထွန်းက တင်ပြထားပါတယ်။
2015-10-08
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်၊ ရေကြည်-ညောင်ပင် စံပြကျေးရွာအုပ်စုထဲက တချို့ရွာတွေမှာ အခုချိန်အထိ မဲဆန္ဒရှင်စာရင်း ကပ်မထားသေးတဲ့အတွက် ဒေသခံတွေ မဲပေးဖို့ အခက်အခဲရှိနေပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုနေသွေးက တင်ပြထားပါတယ်။
2015-10-08
ရန်ကုန်တိုင်း လိူင်သာယာမြို့နယ်မှာရှိတဲ့ ဗစ်တိုရီးယားကုန်တိုက်က အလုပ်သမားတွေဟာ အစိုးရက သတ်မှတ်ပေးထားတဲ့ အနိမ့်ဆုံးလုပ်ခ တရက်ကျပ် ၃၆ဝဝ ရရှိဖို့ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2015-10-08
နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေထဲက ပါတီတွေနဲ့ မိတ်ဆက်ပေးတဲ့ အစီအစဉ်ကို ထုတ်လွှင့်ပေးနေပါတယ်။
2015-10-07
မြန်မာနိုင်ငံက လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူ တရားရုံးချုပ်ရှေ့နေ ဦးရောဘတ်စန်းအောင်ကို ကမ္ဘာ့လူ့အခွင့်အရေးအဖွဲ့တွေ က အောက်တိုဘာလ ၆ ရက်နေ့၊ ဆွစ်ဇလန်နိုင်ငံ ဂျီနီဗာမြို့ မှာ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေကို ချီးမြှင့်လေ့ရှိတဲ့ မာတင်အန်နာ ဆန်ကာတင်ဆု ( Martin Ennal Nominees award ) အပ်နှင်းလိုက်ပါတယ်။
2015-10-07
လာမယ့်ရွေးကောက်ပွဲမှာ NLD အနိုင်ရရင်၊ အစိုးရအဖွဲ့ကို ဦးဆောင်သွားမယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။
2015-10-07
ရန်ကုန်တိုင်းဒေသကြီး၊ လိူင်သာယာမြို့ နယ်က ဗစ်တိုးရီးယား (Victoria) ကုန် တိုက်မှာ အစိုးရသတ်မှတ်ထားတဲ့ အနည်း ဆုံးလုပ်ခလစာ တစ်ရက် ကျပ် ၃၆ဝဝ နှုန်းနဲ့ လစာမရလို့ဆို ပြီး အလုပ်သမား ၁ဝဝ လောက်က ဒီနေ့ ကုန်တိုက်ရှေ့မှာ ဆန္ဒပြကြပါတယ်။
2015-10-07
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဟာ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးတဲ့ အခါ ဒေသခံတွေကို ငွေကြေးနဲ့ တခြား ပစ္စည်းထောက်ပံမှုတွေ ရှိနေတယ်ဆိုတဲ့ ဝေဖန်ပြောဆို မှုတွေဟာ မဟုတ်မှန်ဘူးလို့ ပေါင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမင်းမြင့်ထွန်းက ပြောပါတယ်။
2015-10-07
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် မှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကို ထောက်ခံကြောင်း သောင်းဂဏန်းလောက်ရှိမယ့် ဒေသခံတွေက မြို့ထဲမှာ စီတန်း လှည့်လည်ခဲ့ကြပါတယ်။
2015-10-07
မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁) ကို ဖျက်သိမ်းပေးဖို့နဲ့ အဲဒီပုဒ်မနဲ့ ဖမ်းဆီးခံထားရသူတွေ ကို ပြန်လွှတ်ပေးဖို့အတွက် တိုင်းရင်းသား ၂ဝ လောက်က ရန်ကုန်မြို့ တာမွေမြို့နယ်က ကျိုက္ကဆံလူထုဟစ်တိုင်မှာ ဒီကနေ့ ဆန္ဒပြတောင်းဆို ကြပါတယ်။
2015-10-07
NCA တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူ စာချူပ်ကို RCSS/SSA ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်တောင် ပိုင်းအဖွဲ့ အနေနဲ့ လက်မှတ်ရေးထိုးဖို့ ဒီကနေ့ အရေးပေါ် ဗဟိုကော်မတီအစည်းအဝေးကနေ ဆုံးဖြတ်လိုက်ပါတယ်။
2015-10-07
ကချင်ပြည်နယ် ဖားကန့်မြို့နယ်က အောင် လက်နဲ့ ဂျာလာယန်ကျေးရွာတွေ အနီးတစ် ဝိုက်မှာ အစိုးရ တပ်မတော်နဲ့ ကေအိုင်အေ ကချင်လွတ်မြောက်ရေး တပ်မတော်တပ်ရင်း ( ၆ ) တို့ တိုက်ပွဲတွေ စတင်ဖြစ်နေတယ်လို့ ကေအိုင်အေတပ်ရင်းမှူး က ပြောပါတယ်။
2015-10-07
ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူတွေက မဲရုံတွေမှာ တာဝန်ထမ်းဆောင်မယ့် မဲရုံမှူးနဲ့ မဲရုံဝန်ထမ်းတွေ လိုက်နာဆောင်ရွက် ရမှာတွေကို သင်တန်းပို့ချခဲ့ပါတယ်။