သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-05-31
ဒီပဲယင်းအကြမ်းဖက် တိုက်ခိုက်မှုကာလက မန္တလေးတိုင်း အနောက်မြောက်မြို့နယ် အမျိုးသမီးလုပ်ငန်းအဖွဲ့ တာဝန်ခံဖြစ်ပြီး၊ အခုအမေရိကန်ပြည်ထောင်စု အနောက် ဗာဂျီးနီးယားပြည်နယ်မှာ နေထိုင်နေတဲ့ ဒေါ်ခင်အေးမြင့်ကို အခင်းဖြစ်ပွားခဲ့တဲ့ညက ကိုယ်တွေ့ကြုံခဲ့ရပုံတွေကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2015-05-31
ထိုင်းနိုင်ငံမှာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ က လှေစီးဒုက္ခသည်တွေကို လူကုန်ကူးမှု ကျူးလွန်ကြောင်း သံသယရှိသူ ၅၁ ဦးကို ဖမ်းဆီးထားပြီး ၊ နောက်ထပ် အယောက် ၃ဝ ကို ဖမ်းဝရမ်းထုတ်ပြီး ရှာဖွေနေတယ်လို့ ထိုင်းရဲတွေက ပြောပါတယ်။
2015-05-31
အာရှဒေသမှာ လူကုန်ကူးမှုပြဿနာကြီး တစ်ရပ်အဖြစ် ဦးတည်လာနေတဲ့ လှေစီး ဒုက္ခသည်တွေအရေးနဲ့ ပတ်သက် လို့ မြန်မာနိုင်ငံဟာ ကိုယ်ပိုင်ဆုံးဖြတ်ချက် ချပိုင်ခွင့်ရှိပေမယ့်၊ အဲ့ဒီဆုံးဖြတ်ချက်ကြောင့် ဒေသတွင်းက တခြားနိုင်ငံတွေ အပေါ် မထိခိုက်သင့်ဘူးလို့ မလေးရှားနိုင်ငံဝန်ကြီးချုပ် နာဂျစ်ရာဇတ်က သတိပေးပြောကြားလိုက်ပါတယ်။
2015-05-30
NCA တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းဟာ တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းတွေအတွက် လက်နက် စွန့်ရုံကလွဲလို့ အခွင့်အရေးတွေ မရရှိနိုင်တာကြောင့် စာချုပ် ကို လက်မှတ်မထိုးခင် အလေးအနက် စဉ်းစားဆောင်ရွက် ကြဖို့ IKO လို့ ခေါ်တဲ့ နိုင်ငံတကာ ကရင်အမျိုးသား အစည်း အရုံးက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို သတိပေးတိုက်တွန်းလိုက်ပါတယ်။
2015-05-30
အခုတစ်ပတ် ဆွေးနွေးပွဲ စကားဝိုင်းမှာ ရှေ့လာမယ့် လေးလအကြာ အောက်တိုဘာလအကုန်မှာ ကျင်းပတော့မယ်လို့ အစိုးရက ကြေညာထားတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နောက်ဆုံးအခြေအနေတွေကို NLD ပါတီ က နေပြည်တော် ဇမ္ဗူသီရိ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းနဲ့ သတင်းစာဆရာ ဦး စည်သူအောင်မြင့်တို့ ကို ဆက်သွယ်ပြီး ဦးခင်မောင်ညိန်းက ဆွေးနွေးတင်ပြထားပါတယ်။
2015-05-30
၂ဝဝ၃ ခုနှစ်က မသမာသူတွေ က ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံဖို့ကြိုးစားခဲ့တဲ့ ဒီပဲယင်းအရေးအခင်း ၁၂ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နဲ့ ဒီပဲယင်းမြို့ကြားက ကျည်ရွာမှာကျင်းပခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး တက်ရောက် အမှာစကားပြောကြား ခဲ့ပါတယ်။
2015-05-30
ဧရာဝတီတိုင်း ဖျာပုံမြို့နယ်အပိုင် မြန်မာ ပိုင်နက်ရေပြင်မှာ မြန်မာရေတပ်က ဖမ်းမိခဲ့တဲ့ လှေစီးဒုက္ခသည် ၇ဝဝ ကျော် ဟာ ကမ်းခြေအလွန် ရေပြင်မှာပဲရှိနေသေးတယ်လို့ ရိုက်တာသတင်းဌာနက ဒီနေ့ ဖော်ပြပါတယ်။
2015-05-30
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီး မြို့နယ်က စံပယ်တောင်၊ ကြေးစင်တောင် စီမံကိန်းကြောင့် သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေ အတွက် လျော်ကြေးငွေ ပေး၊ မပေး ဆိုတာကို မြန်မာ့ စီးပွားရေးဦးပိုင် လီမိတက်က လာမယ့် ဇူလိုင်လအတွင်းမှာ ထုတ်ပြန်ကြေညာသွားမယ်လို့ ကုမ္ပဏီက ပြောပါတယ်။
2015-05-30
မွန်ပြည်နယ်က အမျိုးသမီးတွေချည်း သီးသန့်ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီကို အမျိုးသမီးပါတီ (မွန်) လို့ အမည်ပြောင်း ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ ပါတီမှတ်ပုံ တင်ခွင့် လျှောက်ထားသွားမယ်လို့ ပါတီခေါင်းဆောင်တွေ က ပြောကြားလိုက်ပါတယ်။
2015-05-30
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ချီဖွေ နဲ့ ဆော့လော်မြို့နယ်ထဲမှာ လျှပ်စစ် ဓါတ်အား မဂ္ဂါဝပ် ၁၂ဝဝ ထွက်ရှိမယ့် "ငေါ်ချမ်းခ"ရေအားလျှပ်စစ်စီမံကိန်းကို တည်ဆောက်ဖို့ ကုမ္ပဏီတာဝန်ရှိသူတွေဟာ ဒေသခံတွေကို သွားရောက်တွေ့ဆုံပြီး စည်းရုံးရေးဆင်းနေပါတယ်။
2015-05-30
လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲအတွက် နေပြည်တော်မှာ ကျင်းပနေ တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံံဖြိုးရေး ပါတီရဲ့ ဗဟိုကော်မတီအစည်းအဝေးအပါအဝင် ၊ ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးအောင်သောင်းကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2015-05-30
မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်မှာ ဒီနေ့ ကျင်းပခဲ့ရာမှာ အရပ်ဘက်အဖွဲ့အစည်း ၃၅ ဖွဲ့တက်ရောက်ခဲ့ပြီး၊ တောင်ကိုရီးယားနိုင်ငံ ဝန်ကြီးချုပ်ဟောင်းနဲ့ ဆားဗီးယားနိုင်ငံ သမ္မတဟောင်းတို့လည်း တက်ရောက်ဆွေးနွေးခဲ့ပါတယ်။
2015-05-30
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက လွှတ်တော်တွင်း မှာ နေရာရရှိထားတဲ့ နိုင်ငံရေး ပါတီ ၁၉ ပါတီက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး နဲ့ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ မေလ ၂၉ ရက်နေ့ က နေပြည်တော်မှာ ဆွေးနွေးခဲ့ပါတယ်။
2015-05-30
လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက နေပြည်တော် MICC 2 ခန်းမမှာကျင်းပတဲ့ ၂၀၁၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ထုတ်ပြန်ပွဲအပြီးမှာ သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပါတယ်။
2015-05-30
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်သောင်တင်နေတဲ့ လှေစီးရွေ့ပြောင်းဒုက္ခသည်တွေအရေးနဲ့ ပတ်သက်လို့ နိုင်ငံ ၁၇ နိုင်ငံ က အရာရှိတွေ တက်ရောက် တဲ့ ရွေ့ပြောင်းဒုက္ခသည်များအရေး အထူးအစည်းအဝေး တရပ်ကို ထိုင်းအစိုးရကကြီးမှူးပြီး ဘန်ကောက်မြို့မှာ ကျင်းပခဲ့ပါတယ်။