သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-12-30
မကြာခင်ရောက်ရှိတော့မယ့် ၂၀၁၇ ခုနှစ်မှာ လူသားအားလုံး မေတ္တာစိတ်၊ စာနာစိတ်တွေထွန်း ကားပြီး မြန်မာနိုင်ငံ ပိုမိုသာယာဖွံ့ဖြိုးလာစေ ဖို့ မြန်မာပြည်သားအားလုံးက လိုလားကြပါတယ်။ စာရေးဆရာ၊ ဆရာမကြီးတွေရဲ့ စာပေလောက အပေါ် မျှော်လင့်ဆုတောင်းတွေကို မခက်မာ စုစည်းတင်ပြထားပါတယ်။
2016-12-30
၂၀၁၆ ခုနှစ် မြန်မာ့နိုင်ငံရေးနဲ့ ၂၀၁၇ ခုနှစ် ရှေ့အလားအလာ သုံးသပ်ချက်အမြင်တွေကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။
2016-12-30
ရန်ကုန်မှာ စတင်သင့်ပြီလို့ ပြောဆိုနေတဲ့ အများပြည်သူ၊ မြန်မြန်သွက်သွက်သွားလာနိုင်ရေး သယ်ပို့စနစ် MRT စနစ်ကို လက်တွေ့အကောင်အထည်ဖော်ရေးမှာ အခက်အခဲတွေ အမျုားကြီးရှိပါတယ်။ အဓိကအားဖြင့် ဘဏ္ဍာရေးဆိုင်ရာအခက်အခဲအပြင် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲတွေလည်း ရှိပါတယ်။
2016-12-30
မလေးရှားနိုင်ငံ အစ္စလာမ်မစ်အဖွဲ့ အစည်းများ အတိုင်ပင်ခံကောင်စီ ရဲ့ ထောက်ပံ့ရေးရေယာဉ်တွေ ရခိုင်ဒေသကို စေလွှတ် မယ်ဆိုတာဟာ မြန်မာနိုင်ငံကို စော်ကားတာဖြစ်တယ် လို့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ က ပြောပါတယ်။
2016-12-30
နိုင်ငံသားစိစစ်ရေး ကဒ်ပြားလျှောက်ထား သူတွေကို မှတ်ပုံတင်ထုတ်ပေးနေရာမှာ မွတ်စလင်တွေနဲ့ သွေးနှောထားသူတွေကို ထုတ်ပေးမှာ စိုးတဲ့အတွက် စောင့်ကြည့်လေ့လာရေးအဖွဲ့ကို ရခိုင်ပြည်နယ် သံတွဲမြို့မှာ ဖွဲ့စည်းလိုက်ကြောင်း အဖွဲ့ရဲ့ အတွင်းရေးမှူး က ပြောပါတယ်။
2016-12-30
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရဲ့ တရားစီရင်ရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ရေးကော်မတီက လာမယ့်နှစ် ဇန်နဝါရီလ ဒုတိယပတ် အတွင်းမှာ ရန်ကုန်တိုင်းအတွင်း ကျန်ရှိနေတဲ့ မြို့နယ် ၆ ခုက တရားရုံးတွေ၊ ဥပဒေရုံးတွေနဲ့ ရဲစခန်းတွေကို ကွင်းဆင်းလေ့ လာသွားမယ်လို့ ကော်မတီအဖွဲ့ဝင် ဦးကျော်ကျော်ထွန်း က ပြောပါတယ်။
2016-12-30
Eleven Media Group ရဲ့ CEO ဒေါက်တာသန်းထွဋ်အောင် က သတင်းစာမှာ တရားဝင် တောင်းပန်လိုက်တာဟာ သူ့ရဲ့ ကျန်းမာရေးအခြေအနေ မကောင်းတာကြောင့်အပြင် လက်ရှိအစိုးရဟာ ကိုယ်တိုင်ချစ်လို့ တင်ထားတဲ့ အစိုး ရဖြစ်တာကြောင့် အဲဒီလို တောင်းပန်တာဖြစ်တယ် လို့ ပြောပါတယ်။
2016-12-30
ထိုင်း မြန်မာနယ်စပ်အနီး ကရင်ပြည် နယ် မြဝတီမြို့နယ်က စက်သုံးဆီဆိုင်တွေ ကို ဖောက်ခွဲမယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် မြဝတီမြိုကနယ်မှာ ရဲတပ်ဖွဲ့က လုံခြုံရေးတိုးမြှင့်ဆောင်ရွက်နေပါတယ်။
2016-12-30
အခုလ ၂၇ ရက်နေ့ညက ဝိုင်းမော်မြို့နယ် ဇိုင်းအောင်ဒုက္ခသည်စခန်းကို လက်နက်ကြီးကျ တာကြောင့် ဝိုင်းမော်မြို့ကားလမ်းပေါ်ကို ထွက်ပြေး တိမ်းရှောက်ကြသူ ၂၀၀၀ ကျော်ထဲက တဝက်ခန့် ဟာ ဒီနေ့နေလည်မှာ ဒုက္ခသည်စခန်းက နေ အိမ်တွေဆီ ပြန်သွားကြပါတယ်။
2016-12-30
ကချင်ပြည်နယ် ဖားကန့်မြို့နယ် အထက်မက်လက်ချောင် မှော်ရွာအနီးက ကျောက်စိမ်းနန်းတော် ကုမ္ပဏီရဲ့ စွန့်ပစ်မြေစာပုံ မနေ့ညနေပိုင်းက ပြိုကျလို့ အဲဒီမှာ တနိုင်တပိုင်ရေမဆေးကျောက် တူးဖော်ရှာဖွေနေသူတွေ ပျောက်ဆုံးနေပါတယ်။
2016-12-30
၂၀၁၇ နှစ်သစ်အတွက် မြန်မာ့ နိုင်ငံရေး နဲ့ လူမှုရေး နယ်ပယ်တွေက ထင်ရှားသူတချိူ့ရဲ့ နှစ်သစ်အကြို ဆုတောင်းတွေကိုတော့ မသင်းသီရိ စုစည်း တင်ဆက်ထားပါတယ်။
2016-12-30
ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို နေပြည်တော်နဲ့ ရန်ကုန်မြို့တွေမှာ ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုဝင်းကိုကိုလတ် က တင်ပြထားပါတယ်။
2016-12-30
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် ညောင်မောင်းကျေးရွာမှာ ဒီဇင်ဘာလ ၂၆ ရက်နေ့က အစိုးရတပ်နဲ့ TNLA တအာန်းပလောင် လွတ်မြောက်ရေး တပ်တွေအကြား တိုက်ပွဲဖြစ်ပွားတဲ့အတွက် အရပ်သား ၃ ဦးသေဆုံးပြီး သံဃာသုံးပါး အပါအဝင် ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။
2016-12-30
ကယားပြည်နယ် လွိုင်ကော်မြို့မှာလည်း ၂၇၅၆ ခုနှစ်မြောက် ကရင့်နှစ်သစ်ကူးနေ့ကို ကျင်းပခဲ့ကြ ပါတယ်။ ဒီနှစ် ကျင်းပတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး၊ ၁၉၄၇ ခုနှစ်က ပထမဆုံးအကြိမ် ကျင်းပခဲ့တာ ဖြစ်ပါတယ်။
2016-12-30
ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်အသင်းမှာ ဒေသခံတွေ စုပေါင်းဝယ်ယူထားတဲ့ ကားအစီး ၃ဝ ကို ပြေးဆွဲခွင့်ပေးဖို့ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာက ဒေသခံ ၃ ရာကျော် ဒီနေ့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။