သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-06-20
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် ပညာရေးပြုပြင်ပြောင်းလဲ မှုအဖြစ် ပထမတန်းအတွက် သင်ရိုးညွှန်း တမ်းကို ဂျပန်နိုင်ငံ အကူအညီနဲ့ စတင်ခဲ့တယ်လို့ ကျိုဒို သတင်းက ဖော်ပြပါတယ်။
2017-06-20
တရုတ်ဘဏ်တွေမှာ ပိတ်ခံထားရ တဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဘဏ်ငွေ စာရင်းတွေကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်ပေးနိုင် ဖို့ နှစ်နိုင်ငံဌာနဆိုင်ရာ တာဝန်ရှိသူတွေ ညှိနှိုင်းဆောင် ရွက်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2017-06-20
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းရေးအတွက် ကန့်ကွက်တဲ့ လက်မှတ်ရေးထိုး လှုပ်ရှားမှုကို မနက်ဖြန် ကစပြီး ဇူလိုင်လ ၁၁ ရက်နေ့ထိ ၁ဝ ကြာ ဆောင်ရွက်သွား မယ်လို့ မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီက သတင်းထုတ်ပြန်ပါတယ်။
2017-06-20
ဧရာဝတီတိုင်းဒေသကြီး မြို့နယ် ၁၂ မြို့ နယ်က ရေလုပ်သားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်မြှင့်တင်ပေးဖို့ဆိုပြီး ပုသိမ်မြို့ မှာ ရေလုပ်သား တစ်ထောင်ခန့်က ဒီနေ့ ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။
2017-06-20
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်၊ ပသီကုန်းကျေးရွာမှာ ပယောဂကုရင်း ကလေးငယ် ၃ ဦးကို သေစေခဲ့တဲ့အတွက် ပယောဂဆရာကို သေဒဏ်နဲ့ ထောင်ဒဏ် ၇ နှစ် သီးခြားစီ ကျခံစေဖို့ ရန်ကုန်တောင်ပိုင်းခရိုင် တရားရုံးက ဒီကနေ့ အမိန့်ချမှတ်လိုက်ပါတယ်။
2017-06-20
ကျူးကျော်နေထိုင်သူတွေ၊ ဒုက္ခသည်တွေ နဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် ရန် ကုန်တိုင်းဒေသကြီးမှာ မြေဧက နှစ်ထောင် စီစဉ်ပေးသွား မယ်လို့ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး နော်ပန်းသဉ္ဇာမျိုး က ပြောပါတယ်။
2017-06-20
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ အထူး စီးပွားရေးဇုန်စီမံကိန်း အကောင်အထည် မဖော်မီ ဒေသခံတွေရဲ့ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်စားသောက်လာကြတဲ့မြေယာတွေကို ပိုင်ဆိုင်မှု အထောက်အထားတွေရရှိအောင် ဆောင်ရွက်ပေးဖို့နဲ့ မြေဧကအတိအကျကို ပြန်လည်တိုင်းတာဖို့ ဒေသခံတောင်သူတွေက မနေ့က တောင်းဆိုလိုက်ပါတယ်။
2017-06-20
ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ရေကြီး လာနိုင်တဲ့အတွက် သတိထားကြဖို့ မြို့နယ် သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာ ကွယ်ရေး စီမံခန့်ခွဲမှုကော်မတီက ဒီနေ့ သတိပေးချက် ထုတ်ပြန် လိုက်ပါတယ်။
2017-06-19
အမေရိကန်ပြည်ထောင်စု အင်ဒီးယားနားပြည်နယ် က အစိုးရအထက်တန်းကျောင်း ၃ ကျောင်းမှာ လာ မယ့်သြဂုတ်လကစပြီး ပထမဆုံးအကြိမ်အဖြစ် မြန် မာဘာသာကို တရားဝင် ပြဋ္ဌာန်းသင်ကြားခွင့် ရရှိထား ပြီလို့ အင်ဒီယားနားပြည်နယ်မှာ မြန်မာ ဘာသာစကားနဲ့ အနုပညာသင်တန်းကျောင်း ဖွင့် လှစ်ထားတဲ့ ဦးကျော်သိန်းစိုးက ပြောပါတယ်။
2017-06-19
မြန်မာ-တရုတ်နယ်စပ်က တရုတ်ဘဏ်တွေမှာ အပ်နှံထားတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဘဏ်စာရင်းတွေကို တရုတ်ဘက်က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပိတ်လိုက်တာကြောင့် ကုန်သည်တွေ၊ ငွေလဲလုပ်ငန်းလုပ်ကိုင်သူတွေနဲ့သာမန်ငွေအပ်နှံထားသူတွေ အခက်အခဲရှိနေပါတယ်။
2017-06-19
ဇွန်လ (၁၉) ရက်နေ့ ဒီနေ့ ကျရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်ရဲ့ ၇၂ နှစ်ပြည့်မွေးနေ့အတွက် လွှတ် တော်အကြီးအကဲတွေ၊ မွေးနေ့ပွဲ တက်ရောက်လာသူတွေနဲ့၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း က အဖွဲ့ဝင်တွေရဲ့ ဆုတောင်းစကားတွေကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် က တင်ပြထားပါတယ်။
2017-06-19
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၂ နှစ်ပြည့် မွေးနေ့အတွက် ရန်ကုန်မြို့က ပြည်သူတွေကလည်း ဆုတောင်းစကားတွေ ပြောခဲ့ကြပါတယ်။
2017-06-19
ထိုင်း၊ စင်္ကာပူနဲ့ ဟောင်ကောင်နိုင်ငံတွေမှာ အိမ်အ ကူအဖြစ် တရားမဝင် သွားရောက် လုပ်ကိုင်နေကြ တဲ့ မြန်မာနိုင်ငံသားတွေရဲ့ စာရင်းကို သံရုံးတွေ ကနေတဆင့် အလုပ်သမား လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီး ဌာနက တောင်းခံထား ပါတယ်။
2017-06-19
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စု အမြန်လမ်းက ကျူးကျော်တဲတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ရှင်းလင်း နေရာမှာ ဒီနေ့အထိ ကျူးကျော်တဲ အလုံးရေ ၅၀၀၀ ခန့် ရှင်းလင်းပြီး ဖြစ်ပါတယ်။
2017-06-19
အထက်တန်းအောင်တဲ့ ဂုဏ်ထူးရှင်ကျောင်းသားတွေဟာ တခြားဘာသာတွေထက် မြန်မာစာမှာ ရမှတ်နည်းလေ့ရှိကြပါတယ်။ အမှတ်ပေးစည်းမျဉ်း ကြောင့်လို့ပြောကြပါတယ်။