သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-09-21
ရခိုင်ပြည်နယ်အရေးကိစ္စအပေါ် အစိုးရရဲ့ဆောင်ရွက်ချက်တချို့နဲ့ ပတ်သက်ပြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဒီနေ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ လာရောက်ရှင်းလင်းခဲ့ပါတယ်။
2018-09-21
ရှမ်းပြည်နယ်အတွင်း လောင်းကစားဝိုင်းတွေ ပပျောက်ရေးနဲ့ တင်းကြပ်တားဆီးပိတ်ပင် အရေးယူပေးနိုင်ဖို့ ပြည်နယ်အစိုးရအဖွဲ့ကို တိုက်တွန်းကြောင်းအဆိုကို ရှမ်းပြည်နယ်လွှတ်တော်မှာ မနေ့က အတည်ပြုလိုက် ပါတယ်။
2018-09-21
ILO ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်က ချမှတ်ထားတဲ့ အလုပ်အကိုင် ဘဝအာမ,ခံချက်ရှိရေး သတ်မှတ်ချက်တွေ အတိုင်း မြန်မာနိုင်ငံမှာ လိုက်နာကျင့်သုံးဖို့ အစိုးရနဲ့ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်တွေ သုံးပွင့်ဆိုင် သဘောတူညီချက်ကို စက်တင်ဘာလ ၂၁ ရက်နေ့မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။
2018-09-21
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်၊ အင်းလေးကန်ထဲက မိုင်းသောက်ကျေးရွာအနီးမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့သားဖြစ်သူ၊ Myanmar Naing Group ကုမ္ပဏီပိုင်ရှင် ဦးထွန်းနိုင်ရွှေ လုပ်ပိုင်ခွင့်ရထားတဲ့ မြေဧက ၉ဝ ကို ဘေးမဲ့တောဧရိယာအဖြစ် ပြန်လည်သတ်မှတ်သင့်တယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်းက လွှတ်တော်ကို တင်ပြခဲ့ပါတယ်။
2018-09-21
ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေကို နိုင်ငံတွင်းကနေ အဓမ္မ မောင်းထုတ်ခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို ICC နိုင်ငံတကာ ရာဇဝတ်တရားရုံးက ကနဦး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ ဆုံးဖြတ်တာကို ကြိုဆိုကြောင်းအပါအဝင် အချက်လေးချက်ပါတဲ့ ကြေညာချက်တစ်စောင်ကို ပြည်ပရောက် ကချင်လူမျိုးတွေက ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။
2018-09-21
စစ်ကိုင်းတိုင်း လက်ပံတောင်းကြေးနီစီမံကိန်းဒေသမှာ ၂ဝ၁၄ ခုနှစ်က ရဲတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် ဒေသခံ ဒေါ်ခင်ဝင်း သေဆုံးခဲ့တဲ့အမှုကို သမ္မတဦးဝင်းမြင့်ရဲ့ ညွှန်ကြားချက်အရ ပြန်လည်စစ်ဆေးနေပါတယ်။ မနေ့က ဆားလင်းကြီးမြို့နယ် ရဲစခန်းမှာ ဒေသခံ ၁ဝ ယောက်ကို မြို့နယ်ရဲမှူးက ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။
2018-09-21
ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ရာဇဝတ်မှုကျူးလွန်ခဲ့တာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ အရေးယူတာ မရှိဘူးဆိုရင် ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံး အပါအဝင် တခြားနည်းလမ်းတွေကို စဉ်းစားနိုင်ဖွယ်ရှိတယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt က ပြောကြားတဲ့အပေါ် နိုင်ငံရေးပါတီတွေက ကန့်ကွက်လိုက်ပါတယ်။
2018-09-21
နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးဟာ စက်တင်ဘာလ ၂၁ ရက်နေ့ ညနေပိုင်းက နိုင်ငံတော်သမ္မတရုံးမှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပြီး မီဒီယာတွေရဲ့မေးမြန်းချက်တွေကို ဖြေကြားခဲ့ပါတယ်။
2018-09-21
ဒေါ်အောင်ဆန်းစုကြည်ကို ဖေ့စ်ဘွတ်စာမျက်နှာမှာ ပုတ်ခတ်ရေးသားခဲ့တဲ့ အတွက် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရတဲ့ ငါးမင်းဆွေအမှုမှာ ပြစ်ဒဏ်ကို အစိုးရအနေနဲ့ ပြန်ပြီးသုံးသပ်ပေးဖို့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF က တောင်းဆိုလိုက်ပါတယ်။
2018-09-21
ရခိုင်အရေးနဲ့ ပတ်သက်ပြီး မြန်မာကို ICC တင်ဖို့ နိုင်ငံတကာက ဖိအားပေးနေတာတွေကြောင့် မြန်မာပြည်တွင်းမှာ ကြီးမားတဲ့ ဖိအားတွေကြုံနေရပြီး ဒီဖိအားတွေထဲမှာ အသွင်ကူးပြောင်းရေးကို လမ်းလွဲသွားစေနိုင်တဲ့ အချက်တွေ ပါဝင်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။
2018-09-21
အင်းလေးကန်ထဲက မိုင်းသောက်ကျေးရွာအနီးမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့သား ဦးထွန်းနိုင်ရွှေ လုပ်ပိုင်ခွင့်ရထားတဲ့ မြေဧက ၉ဝ ကို ဘေးမဲ့တောဧရိယာအဖြစ် ပြန်လည်သတ်မှတ်သင့်တယ်လို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးက အမျိုးသားလွှတ်တော်ရုံးကို အစီရင်ခံစာ ပေးပို့ထားပါတယ်။
2018-09-21
ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာမှာပါဝင်တဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို ပြန်လည်သုံးသပ်ဖို့အကြံပြုချက်ကို အကောင်အထည် ဖော်မှာမဟုတ်ဘူးလို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားလိုက်ပါတယ်။
2018-09-21
ရှမ်းပြည်နယ်အတွင်းက လောင်းကစားဝိုင်းတွေ ပပျောက်ရေးနဲ့ တားဆီးပိတ်ပင် အရေးယူရေး ရှမ်းပြည်နယ် အစိုးရအဖွဲ့ကို တိုက်တွန်းကြောင်းအဆိုကို ပြည်နယ်လွှတ်တော်မှာ အတည်ပြု လိုက်ပါတယ်။
2018-09-21
မွန်နိုင်ငံရေးပါတီတွေ ပေါင်းစည်းပြီး "မွန်ပါတီ" အဖြစ် တစ်ပါတီတည်းအနေနဲ့ စုပေါင်းတည်ထောင် သွားမယ်လို့ သိရပါတယ်။
2018-09-21
ရိုဟင်ဂျာတွေကို နိုင်ငံက အဓမ္မမောင်းထုတ်တာ၊ လူမျိုးတုံး သတ်ဖြတ်ခဲ့တာတွေအပေါ် နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC က မြန်မာကို ကနဦး စုံစမ်းစစ်ဆေးဖို့ ဆုံးဖြတ်တာကို ပြည်ပရောက် ကချင်လူမျိုးများကွန်ဂရက် WKC က ကြေညာချက်ထုတ်ပြန် ကြိုဆိုလိုက်ပါတယ်။