သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-04-22
မြန်မာ လူငယ်ကွန်ရက်အဖွဲ့တွေ ဆောင်ရွက်နေတဲ့ လက်မှတ်ရေးထိုး တောင်းဆိုတဲ့ လှုပ်ရှားမှုမှာ ပြည်ပနိုင်ငံတွေမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသား တွေ ပါဝင်ကြဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
2011-04-22
ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်း၊ ခါကာဆိုးရီးခရိုင်က လူနည်းစု ဗုဒ္ဓဘာသာဝင် မရာမာ လူမျိုးစုတွေဆီကနေ လူများစု ဘင်္ဂါလီ လူမျိုးတွေက အခုလ ၁၇ ရက်နေ့က အကြမ်းဖက် လုယက်ခဲ့တဲ့ စိုက်ပျိုးမြေတွေကို အခုအခါ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ခေတ္တ ထိန်းသိမ်းထားလိုက်ပြီလို့ သိရပါတယ်။
2011-04-22
အမေရိကန် ပြည်ထောင်စုမှာ မနေ့က ထုတ်ဝေတဲ့ ကမ္ဘာကျော် Time မဂ္ဂဇင်းကြီးရဲ့ ၂ဝ၁၁ ခုနှစ် အတွက် သြဇာအကြီးမားဆုံး လူပုဂ္ဂိုလ် ၁ဝဝ စာရင်းမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖော်ပြလိုက်ပါတယ်။
2011-04-22
ဒီရက်ပိုင်းအတွင်း သမ္မတဦးသိန်းစိန်ထံ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် ဝိုင်းဝန်း တောင်းဆိုတဲ့စာကို မိမိ လက်မှတ်ရေးထိုးပြီး ဖြစ်ကြောင်း RFA က ထုတ်လွှင့်နေတဲ့ ‘လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်’ အစီအစဉ်မှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
2011-04-21
ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) အဖွဲ့ဟာ ညီညွတ်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (UNFC) က နုတ်ထွက်လိုက်တယ်ဆိုတဲ့ သတင်း မဟုတ်မှန်ကြောင်း SSA-N ကိုယ်စားလှယ်က ငြင်းဆိုပါတယ်။
2011-04-21
အစိုးရသစ်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးရာမှာ တိုင်းရင်းသား တဖွဲ့ချင်းအလိုက် ဆွေးနွေးမှာ မဟုတ်ပဲ တိုင်းရင်းသားအားလုံးပါဝင် ဆွေးနွေးဖို့ကိုသာ မူဝါဒချမှတ်ထားကြောင်း UNFC ခေါ် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီအဖွဲ့ရဲ့ အတွင်းရေးမှူး နိုင်ဟံသာက RFA ကို ပြောဆိုပါတယ်။
2011-04-21
မြန်မာနိုင်ငံ ရှမ်းပြည်နယ်အရှေ့ပိုင်း တာလေမြို့နယ်က ငလျင်ဘေးသင့် ပြည်သူတွေဟာ အခု အချိန်အထိ သောက်သုံးရေရဖို့ အခက်အခဲ ရှိနေဆဲပဲလို့ ကျိုင်းတုံအခြေစိုက် လူမှုရေးအဖွဲ့တွေက ပြောပါတယ်။
2011-04-21
တရုတ်နိုင်ငံဟာ မြန်မာအပါအဝင် ဒေသတိုင်းမှာ အငြင်းပွားရတဲ့ ရေအားလျှပ်စစ်ထုတ်လုပ်ရေး ရေကာတာ စီမံကိန်းတွေကို ကမ္ဘာတလွှားမှာ တည်ဆောက်ဖို့ စီမံကိန်းချ ဆောင်ရွက်နေတာဟာ ရေရှည်မှာ ဒေသတွင်း ပြည်သူလူထုရဲ့ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်တွေ၊ အကြမ်းဖက် ဆန့်ကျင်လာနိုင်တဲ့ အန္တရာယ်တွေကို ဖိတ်ခေါ်ရာ ရောက်နေကြောင်း အမေရိကန်ပြည်ထောင်စု အခြေစိုက် နိုင်ငံတကာမြစ်ချောင်းများအဖွဲ့ (International Rivers) အဖွဲ့က ပြောကြားလိုက်ပါတယ်။
2011-04-21
ကနေဒါအစိုးရအနေနဲ့ နှစ်ပေါင်းများစွာအတွင်း ပထမဆုံး ခန့်အပ်လိုက်တဲ့ မြန်မာသံအမတ်ကြီး ကတဆင့် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေကို ဖိအားပေးသွားမယ်လို့ ဧပြီ ၂၀ ရက် မနေ့က ပြောကြားလိုက်ပါတယ်။
2011-04-20
ရှမ်းပြည်နယ် တာလေငလျင်နဲ့ ဂျပန်ဆုနာမိဒဏ်တွေကြောင့် ဒုက္ခရောက်ရသူတွေအတွက် ဆုတောင်းပွဲတခုကို လူငယ်ကွန်ရက်အဖွဲ့က ဖွင့်လှစ်ထားတဲ့ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်က အမေ့အိမ် စာသင်ကျောင်းမှာ ဒီနေ့ ဧပြီ ၂၀ ရက် နေ့လည်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
2011-04-20
ကရင်ပြည်နယ် နယ်ခြားစောင့်တပ် ဘီဂျီအက်ဖ်ရဲ့ အကြံပေးအရာရှိ စောချစ်သူဦးဆောင်တဲ့ အဖွဲ့က ကရင်ပြည်နယ် မြဝတီဒေသတွင်း ကျေးရွာတွေက တာဝန်ရှိသူတွေကို ဧပြီလ ၈ ရက်နေ့က ရွှေကုက္ကိုလ်ရွာကို ဆင့်ခေါ်ပြီး တပ်သားသစ် ၇၅ ဦး ရှာပေးဖို့ တောင်းခံခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
2011-04-20
NLD လူငယ်များ စုပေါင်း ဖွဲ့စည်းထားတဲ့ သွေးအကူအညီပေးရေး အဖွဲ့ဝင်တွေဟာ တိုက်ကြီးမြို့နယ်ရှိ သောက်သုံးရေ လိုအပ်တဲ့ ရွာနှစ်ရွာကို ဧပြီ ၂၀ ရက် ဒီကနေ့ လက်တွန်း ရေစုပ်စက်များ သွားရောက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
2011-04-20
မြန်မာနိုင်ငံဟာ အင်တာနက် လွတ်လပ်ခွင့် ထိန်းချုပ် ပိတ်ပင်ခံရတဲ့ ကမ္ဘာ့နိုင်ငံတွေထဲမှာ ဒုတိယမြောက် အဆိုးဆုံး ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့တော် အခြေစိုက် Freedom House အဖွဲ့က ပြောပါတယ်။
2011-04-20
မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော်ကို ပြန်လွှတ်ပေးဖို့ ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး Albert del Rosario က မြန်မာ နိုင်ငံခြားရေး ဝန်ကြီးသစ် ဦးဝဏ္ဏမောင်လွင်ကို တောင်းဆိုခဲ့တယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဧပြီ ၁၉ ရက် မနေ့က ပြောကြားလိုက်ပါတယ်။