သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-10-14
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာအမြောက်အများကို ကိုယ်တိုင်သတ်ဖြတ်ခဲ့ တယ်လို့ ဝန်ခံထားတဲ့ တပ်မတော်သားနှစ်ဦးဟာ၊ လက်ရှိ နိုင်ငံတကာရာဇဝတ်ခုံရုံး အိုင်စီစီကို ရောက်၊ မရောက် အငြင်းပွားမှုတွေရှိနေပြီး၊ တကယ်လို့ ရောက်နေတယ်ဆိုရင် မြန်မာအစိုးရအနေနဲ့ သူတို့နှစ်ဦးကို သံတမန်နည်းနဲ့ တရားဝင် ပြန်တောင်းယူသွားမယ်လို့ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ပြောလိုက်ပါတယ်။
2020-10-14
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေ ဒီနှစ်ဆန်းကစပြီးတွေ့ရှိခဲ့တာ ဆယ်လဝန်းကျင်ရှိလာတဲ့အချိန်မှာ ပိုးကူးခံရသူတွေ နေ့စဉ် ထောင်ဂဏန်းအထိ တိုးလာသလို သေဆုံးသူတွေလည်း ဆယ်နဲ့ချီပြီး နေ့စဉ်တိုးနေပါတယ်။
2020-10-14
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ မဲဆွယ်စည်းရုံးရေး ဆင်းနေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အမတ်လောင်း သုံးယောက်ကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဒီနေ့မနက်မှာ ဖမ်းဆီးသွားတယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။
2020-10-14
နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အရှိန်တက်နေပြီး အတည်ပြုလူနာ သေဆုံးမှုက နေ့စဉ်သိသိ သာသာ တိုးလာနေတာကြောင့် မကြာခင် ရောက်လာတော့မယ့် ရွေးကောက်ပွဲနေ့မှာ မဲထွက်ပေးမယ့်သူ နည်းနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။
2020-10-14
ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်တဲ့လူနာတွေကို ကုသရာမှာ သုံးစွဲနေတဲ့ ကမ္ဘာကျော် Remdesivir ဆေးကို မြန်မာနိုင်ငံမှာ စတင်အသုံးပြုနေပါပြီ။ ဘယ်လိုအခြေအနေမျိုး မှာ လူနာတွေကို ထိုးနှံပေးပါသလဲ။ ဘယ်လောက် တွင်တွင်ကျယ်ကျယ် သုံးစွဲနေပြီလဲ။
2020-10-14
မြန်မာနိုင်ငံဘက်ကလာတဲ့ ကုန်တင်ယာဉ်မောင်း သုံးဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ခံနေရကြောင်း တွေ့ရှိခဲ့ပြီးနောက် နယ်စပ်ကုန်စည်တွေကို သတ်မှတ်ထားတဲ့ဇုန်တွေ အထိပဲ တင်ပို့ဖို့ ထိုင်း-မြန်မာ နှစ်နိုင်ငံ သတ်မှတ်လိုက်ပါတယ်။
2020-10-13
ချင်းပြည်နယ်က ဒေသခံတချို့ဟာ ဒီမိုကရေစီစနစ်နဲ့ ရွေးချယ်တင်မြောက်ခဲ့တဲ့ အစိုးရတွေအပေါ်မှာ အားရကျေနပ်မှု နည်းနေတာကိုတွေ့ရပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပြည်နယ်အစိုးရအဖွဲ့ဟာ ဒေသခံတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်သူကို ချင်းတိုင်းရင်သားတွေက လိုလားနေကြပါတယ်။
2020-10-13
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မြောက်ပိုင်း အောင်သာစည်တောင်တန်း တဝိုက် မှာ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ ဒီနေ့မနက်ကစပြီး တကျော့ပြန်တိုက်ပွဲ ပြင်းထန်နေလို့ ဒေသခံ တစ်ထောင်ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြပါတယ်။
2020-10-13
နိုင်ငံသားမဖြစ်သေးတဲ့ မိဘတွေက မွေးဖွားသူ ရွေးကောက်ခံပိုင်ခွင့်မရှိဘူး ဆိုတဲ့ ဥပဒေပါ တားမြစ်ချက်နဲ့ ငြိစွန်းလို့ဆိုပြီး လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းတစ်ဦး နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း တစ်ဦးကို ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ဝင်ခွင့် ပယ်ဖျက်လိုက်ပါတယ်။
2020-10-13
ရခိုင်ပြည်နယ်မှာ တပ်မတော်က ကျေးရွာတွေကို မီးရှို့ပြီး အရပ်သားတွေကို သတ်ဖြတ်နေတာကို အရေးယူပေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က တောင်းဆိုလိုက်ပါတယ်။
2020-10-13
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း တပ်မတော်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည် သုံးထောင့်ငါးရာကျော်ရှိလာပြီး သူတို့ထဲမှာ သက်ကြီး ရွယ်အိုနဲ့ ကလေးငယ်တွေ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေတာကို တွေ့ရပါတယ်။
2020-10-13
ဧရာဝတီတိုင်းဒေသကြီး အစိုးရအနေနဲ့ အလုပ်သမားအရေးကူညီပေးနေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အသံကို ပိုမိုနားထောင်ပေးဖို့လိုတယ်လို့ ပုသိမ်မြို့ အလုပ်သမားအချင်းချင်းရိုင်းပင်းကူညီရေးအဖွဲ့ မှ အလုပ်သမားအငြင်းပွားမှုဖြေရှင်းရေးတာဝန်ခံ ဒေါ်ခခ က RFA ကိုပြောပါတယ်။
2020-10-13
မြန်မာနိုင်ငံမှာ လာမယ့် နိုဝင်ဘာလကျင်းပမယ့် ရွေးကောက်ပွဲအတွက် နိုင်ငံခြား ရောက် မြန်မာတွေကို ကြိုတင်မဲပေးခွင့်ပြုခဲ့ရာမှာ တောင်ကိုရီုးယားနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသားတွေကတော့ အောက်တိုဘာလ ၂ ရက်ကနေ ၁၂ ရက် မနေ့က နောက်ဆုံးသတ်မှတ်ရက်အထိ မဲပေးခဲ့ကြပါတယ်။ အဆင်မပြေမှုတချို့ရှိခဲ့ပေမယ့် စုစုပေါင်း မဲပေးခွင့်ရှိသူ ၉၈ဝဝ ကျော်အနက် ၈ဝ ရာခိုင်နှုန်းခန့် လာရောက်မဲပေးခဲ့တယ်လို့ သိရပါတယ်။
2020-10-13
ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား (IIM) အတွက် ဘဏ္ဍာငွေ များစွာသုံးခွင့်ပြုမယ့်အစား ကပ်ရောဂါကနေ နလံထူ နိုင်အောင် အဖွဲ့ဝင်နိုင်ငံတွေကို ကူညီရေး လုပ်ငန်းတွေကို ဦးစားပေး ဆောင်ရွက် သင့်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ရုံးရဲ့ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် ဦးတင်မောင်နိုင်က ပြောပါတယ်။
2020-10-13
ကချင်အမျိုးသားကွန်ကရက်ပါတီ KNC ဟာ ၂၀၂၀ မှာ ကချင်ပြည်နယ်အတွင်း လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၈ ဦး၊ ရှမ်းပြည်နယ်အတွင်း ကိုယ်စားလှယ်လောင်း နှစ်ဦး၊ စုစုပေါင်း ၂၀ ဦးနဲ့ ရွေးကောက်ပွဲ ဝင်ပြိုင်မှာပါ။