သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-02-13
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့က လွတ်လပ်ရေးကျောက်တိုင်မှာ ဒီနေ့ကျရောက်တဲ့ ဗိုလ်ချုပ်အောင် ဆန်းမွေးနေ့ပွဲ ကျင်းပဖို့ မြို့ခံလူငင်တွေက ခွင့်တောင်းရာ မှာ ရွှေကျင်မြို့နုယ် အုပ်ချုပ်ရေးမှူးက ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။
2014-02-13
ရခိုင်ပြည်နယ်မှာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအတိုင်း အကောင်အထည်ဖော်ပေးဖို့ White Card လို့ခေါ်တဲ့ အဖြူရောင် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေကို မဲပေးခွင့်မပြုဖို့အတွက် ပုဏ္ဏားကျွန်းမြို့မှာ ဒေသခံတွေက ဒီနေ့ ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။
2014-02-13
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ မိမိတို့လိုလားတဲ့ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတစ်ခု ကို ဖော်ဆောင်မပေးနိုင်တဲ့အတွက် လက်ရှိဖွဲ့စည်းပုံ ကို ပြင်ဆင်ပြောင်းလဲပေးဖို့ ဒါမှမဟုတ် အသစ်ပြန် လည်ရေးဆွဲဖို့ လိုအပ်ကြောင်း ရှစ်လေးလုံး ငွေရတု ဆုံးဖြတ်ချက်များ ဖေါ်ဆောင်ရေး ကော်မတီက ဒီနေ့ ကြေညာလိုက်ပါတယ်။
2014-02-13
“အောင်ဆန်း” လို့ အမည်ပေးထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရုပ်ရှင်ကို ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ရိုက်ကူး ဖို့ ဒေါ်အောင်ဆန်းစုကြည်က တာဝန်ပေးအပ်ထားတယ်လို့ ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့က ပြောပါတယ်။
2014-02-13
မနေ့ညက ၆၇ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲကို ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်မှာ ကျင်းပဖို့ ပြင် ဆင်နေစဉ်မှာ အဲဒီ စာပေဟောပြောပွဲမှာ အစ္စလာမ် ဘာသာဝင် နှစ်ဦး ပါဝင်တာကြောင့်ဆိုပြီး သံဃာတစ်ချို့က လာရောက်တားမြစ်ခဲ့တာကြောင့် စာပေဟောပြောပွဲကို ဖျက်သိမ်းခဲ့ရပါတယ်။
2014-02-13
ထိုင်းနိုင်ငံအခြေစိုက် ရခိုင်ပြည် အမျိုးသားကောင်စီဟာ ရခိုင်နိုင်ငံရေး ပါတီတွေအပြင် ရခိုင်လူမှုရေး အဖွဲ့ အစည်းတွေနဲ့ ဒီနေ့ ရန်ကုန်မြို့ Excel Tower မှာ တွေ့ ဆုံခဲ့ပါတယ်။
2014-02-13
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဖွဲ့စည်း တည်ထောင်ခြင်း ၂၅နှစ်မြောက် ငွေရတု အထိမ်းအမှတ်နဲ့ ဂုဏ်ပြုလွှာပေးအပ်ပွဲ အခမ်းအနားကို ရှမ်းပြည်နယ် တောင်ကြီးမြို့ ကတ်သလစ် အောက်မေ့ဖွယ် ဓမ္မာရုံမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2014-02-13
ဒီနေ့ ဖေဖော်ဝါရီလ ၁၃ ရက်မှာ ကျရောက်တဲ့ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၉၉ နှစ်မြောက်မွေးနေ့နဲ့ မြန်မာကလေးများနေ့ အခမ်းအနားကို ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ကျင်းပပါတယ်။
2014-02-13
၆၇ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို နေပြည်တော် မြို့တော်ခန်းမရှေ့မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပြီး သမ္မတဦးသိန်းစိန်ပေးပို့တဲ့ သဝဏ်လွှာကို ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ဖတ်ကြားခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။
2014-02-13
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်းအဖွဲ့၊ ပါဂျောင်ဒေသမှာ ထောက်လှမ်းရေးအဖြစ် စွပ်စွဲခံရပြီး အသတ်ခံခဲ့ရတဲ့ ကျောင်းသားတွေကို အောက်မေ့သတိရတဲ့ အခမ်းအနားကို ရန်ကုန်မြို့မှာ ဒီနေ့ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2014-02-13
ဒီကနေ့ကျရောက်တဲ့ ၆၇ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွေကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနားနဲ့ ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့တွေမှာ ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက စုစည်းတင်ပြထားပါတယ်။
2014-02-12
ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ်မှာ သိမ်းဆည်းခံထားရတဲ့ လယ်မြေဧက ငါးထောင်ကျော်ကို ပြန်ပေးဖို့အတွက် ဒေသခံလယ်သမား ၅၀ လောက် သပိတ်စခန်းဖွင့် ဆန္ဒပြနေရာမှာ အဲဒီသပိတ်စခန်းကို ဦးဆောင်တဲ့ လယ်သမား ၃ ယောက်နဲ့ အကူအညီပေးနေသူ ၁ ဦး၊ စုစုပေါင်း ၄ဦးကို တရားမဝင် စီတန်းလှည့်လည်ခြင်း ပုဒ်မ ၁၈ နဲ့ သဲကုန်းမြို့နယ် ရဲစခန်းက ဒီနေ့ တရားစွဲလိုက်ပါတယ်။
2014-02-12
မြန်မာနိုင်ငံရဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်ဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ အဆင့် ၁၅၁ ရှိရာကနေ ဒီနှစ် အဆင့် ၁၄၅ ဖြစ်လာကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ၂၀၁၄ ခုနှစ်အတွက်ထုတ်ပြန်တဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်စာရင်းအရ သိရပါတယ်။
2014-02-12
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ လွတ်လပ်ပြီး မျှတတဲ့ တရားစီရင်ရေးစနစ် ရှင်သန်အားကောင်းလာဖို့ အဟန့်အတား ဖြစ်နေ တာကြောင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF (မြန်မာပြည်မြောက်ပိုင်း) အဖွဲ့ဝင်ဟောင်းတွေကလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို ကြိုးစားသွားမယ်လို့ ဒီနေ့ ပြော လိုက်ပါတယ်။
2014-02-12
ရခိုင်တိုင်းရင်းသား ခေါင်းဆောင်နှစ်ဦးဖြစ် တဲ့ ဒေါက်တာအေးမောင်နဲ့ ဦးအေး သာအောင်တို့ရဲ့ မလေးရှားနိုင်ငံ ခရီးစဉ်အတွင်း သေနတ် သမားရဲ့ လုပ်ကြံမှုနဲ့ ပတ်သက်ပြီး အထူးစုံစမ်းစစ်ဆေး မှုတွေ လုပ်ဆောင်နေပြီလို့ မလေးရှား မှုခင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။