သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-03-18
တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပတ်သက်ပြီး တာဝန်ကရုပ်သိမ်းချင်တယ်ဆိုရင် နိုင် ငံသားတစ်ဦးဦးက ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်ဆီ တင်ပြတိုင်တန်းနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တာဝန်က ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းမှာ ဖြည့်စွက် တင်သွင်းတာကို ဒီနေ့ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
2014-03-18
ရခိုင်ပြည်နယ်အတွင်း ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံတဲ့အခါ ရိုဟင်ဂျာလူမျိုးကို ဖြည့်စွက်ထည့်သွင်းခွင့်မပြုဖို့ မနေ့က စစ်တွေမြို့ အပါအဝင် ရခိုင်ပြည်နယ် မြို့နယ် ၁ဝ ခုလောက်မှာ ရခိုင်တိုင်းရင်းသားတွေ ဆန္ဒပြခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုမင်းသိန်းအောင်က တင်ပြထားပါတယ်။
2014-03-18
လျှပ်စစ်ဓာတ်အားခတွေ တိုးမြင့်ကောက်ခံဖို့ အဆိုပြုထားတဲ့ သမ္မတဦးသိန်းစိန်ရဲ့ သဝဏ်လွှာကို ပြည်ထောင်စုလျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးက လွှတ်တော်မှာ ဒီကနေ့ ဖတ်ကြားခဲ့ပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။
2014-03-18
သမ္မတဦးသိန်းစိန်ဟာ မနေ့က မြစ်ကြီးနားမြို့မှာ ဒေသခံလူထုနဲ့ တွေ့ဆုံခဲ့ပါတယ်။ သမ္မတပြောကြား ခဲ့တဲ့ မိန့်ခွန်းထဲကတချို့ကို ကောက်နှုတ်ပြီး RFA သတင်းထောက် ကိုကျော်မျိုးမင်းက တင်ပြထားပါတယ်။
2014-03-18
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ဒေသတွင်းနိုင်ငံတွေထဲက လူငယ်တွေရဲ့ အခြေအနေတွေကို တင်ပြနိုင်ဖို့အတွက် ၂ဝ၁၄ ခုနှစ် အာဆီယံလူငယ်ဖိုရမ်ကို ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ဒီနေ့ စတင်ကျင်းပနေပါတယ်။ RFA သတင်းထောက် မဇင်မာဝင်းက တင်ပြထားပါတယ်။
2014-03-18
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF အဖွဲ့ရဲ့ ဒဿမအကြိမ်မြောက် ညီလာခံကို ထိုင်း-မြန်မာနယ်စပ် ဒေါင်းတမန်စခန်းမှာ ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုအောင်မိုးမြင့်က တင်ပြထားပါတယ်။
2014-03-18
လွန်ခဲ့တဲ့ ၂၆ နှစ်က မဆလ တစ်ပါတီအာဏာရှင်အစိုးရရဲ့ အကြမ်းဖက်နှိမ်နင်းမှုကြောင့် ကျဆုံးခဲ့တဲ့ တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေကိုဂုဏ်ပြုတဲ့ ၂၆ နှစ်မြောက် "တံတားနီနေ့" အခမ်းအနားကို ရန်ကုန်မြို့ အင်းလျားကန်ဘောင်မှာ မတ်လ ၁၆ ရက် မနေ့က ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2014-03-17
မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမယ့် အာဆီယံ ထိပ်သီး အစည်းအဝေးမှာ ဒေသတွင်း နိုင်ငံတွေက လူငယ်တွေရဲ့ အခြေအနေတွေကို တင်ပြဆွေးနွေးနိုင်ဖို့အတွက်၂၀၁၄ အာဆီယံ လူငယ်ညီလာခံကို ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ဒီကနေ့ ကျင်းပပါတယ်။
2014-03-17
မြန်မာနိုင်ငံမှာ သတင်းစာဖတ်နိုင်တဲ့ လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ သတင်းစာဖတ်ခွင့် လုံးဝမရ ရှိဘဲ ဖြစ်နေတယ်လို့ ပြန်ကြားရေးဝန်ကြီးက ပြော ပါတယ်။ ပြည်သူအများစုဟာ ကျေးလက်ဒေသ နဲ့ ဝေးလံတဲ့ဒေသတွေမှာ နေထိုင်သူတွေဖြစ်တဲ့ အပြင်၊ သတင်းစာ ဝယ်မဖတ်နိုင်လောက်အောင် ဆင်းရဲနွမ်းပါးနေသူတွေ ပါဝင်တယ်လို့ ပြန်ကြားရေး ဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
2014-03-17
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီကနေ့ ပေးပို့လိုက်တဲ့ လျှပ်စစ်ဓါတ်အား သုံးစွဲခတွေ တိုးမြင့်ကောက်ခံဖို့ အဆိုပြုချက်ကို လာမယ့် ဧပြီလမတိုင်ခင် နောက်ဆုံးထားဆွေးနွေးဖို့ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ဒီကနေ့ကျင်းပ တဲ့ ပြည်ထောင်စုလွှတ်တော်မှာ ပြောလိုက်ပါတယ်။
2014-03-17
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် အစိုးရအဖွဲ့တွေမှာ "လီဆူ" နဲ့ "ရဝမ်" တိုင်းရင်းသားရေးရာဝန်ကြီးတွေ ခန့်ထားတာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နဲ့ မညီတဲ့အကြောင်း လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူ ဦးဆောင်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးကို တင်သွင်းခဲ့တဲ့အပေါ် လီဆူ တိုင်းရင်းသားရေးရာဝန်ကြီးနဲ့ ကိုယ်စားလှယ်တွေ မြစ်ကြီးနားမြို့မှာ မနေ့က ဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2014-03-17
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပေါ် ဝေဖန်ပြောကြားခဲ့တဲ့ကိစ္စဟာ ပါတီချင်းဆက်ဆံရေးကို ထိခိုက်မှုမရှိဘူးလို့ NLD နဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်တွေက ပြောကြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ သဘောထားတွေကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က စုစည်းတင်ပြထားပါတယ်။
2014-03-17
ဒီတစ်ပတ်မှာတော့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်ရေး အထူးကိုယ်စားလှယ် Mr. Tomas Quintana၊ ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်၊ SNLD ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေတို့ရဲ့ ပြောကြားချက်တွေကို စုစည်းတင်ပြထားပါတယ်။ RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက စီစဉ်တင်ဆက်ထားပါတယ်။
2014-03-17
လွန်ခဲ့တဲ့ ၂၆ နှစ်၊ ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့က ရန်ကုန်စက်မှုတက္ကသိုလ် အရေးအခင်းမှာ ကျဆုံးသွားခဲ့ကြတဲ့ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ကို ဂုဏ်ပြုတဲ့အနေနဲ့ မနေ့က ရန်ကုန်မြို့မှာ သူတို့နှစ်ဦးအမည်နဲ့ စာပေဆုပေးပွဲ ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် မခင်ပြည့်စုံက တင်ပြထားပါတယ်။
2014-03-17
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကနေ တရုတ်နိုင်ငံ ဘေဂျင်းမြို့ကို ပျံသန်းနေစဉ် အတွင်း ရုတ်တရက် ပျောက်ဆုံးသွားခဲ့တာ သီတင်းတစ်ပတ်ကျော်ရှိသွားပြီဖြစ်တဲ့ မလေးရှားခရီးသည် တင် Boeing 777 လေယာဉ်ကို ဝိုင်းဝန်းရှာဖွေပေးနေကြ တဲ့ နိုင်ငံပေါင်း ၂၅ နိုင်ငံထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်လာ ပြီဖြစ်ပါတယ်။