သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-09-12
စက်တင်ဘာ (၄) ရက် သမ္မတအိမ်တော်သတင်းစာရှင်းပွဲကို တက်ရောက်ခဲ့တဲ့၊ နေပြည်တော်အခြေစိုက် သတင်းထောက်တစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း၊ နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူနဲ့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေး တို့က ဒီကနေ့ အတည်ပြုပြောဆိုပါတယ်။
2020-09-12
လာမယ့် စက်တင်ဘာ ၁၄ ရက်နေ့ကစပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနတွေကို လသာ (၂) ကျောင်းဝန်းထဲမှာ ပြောင်းရွှေ့ဖွင့်လှစ်ကုသပေးသွားမယ်လို့ ရန်ကုန်ဆေးရုံကြီးက စက်တင်ဘာ ၁၂ ရက် ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။
2020-09-11
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ တနေ့တခြားမြင့်မားလာနေပြီး သေဆုံးသူဦးရေလည်း တိုးလာနေပါတယ်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာလည်း ပိုးတွေ့လူနာသစ်တဦး ထပ်တိုးလာပြီး စောင့်ကြည့်လူနာတွေလည်း တိုးလာနေပေမဲ့ ကလေးမြို့နေ လူထုအတွင်းမှာတော့ ဆေးမရှိသေးတဲ့ ကမ္ဘာ့ကပ်ရောဂါအပေါ် ထူးခြားတဲ့ စိုးရိမ်မှုတွေရှိမနေပါဘူး။
2020-09-11
RFA က ၂ ပတ်တကြိမ် တင်ဆက်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။
2020-09-11
ပြီးခဲ့တဲ့ ဇူလိုင်လက မြေပြိုပြီး လူပေါင်း ၂ ရာ လောက် သေဆုံးခဲ့တဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဝှေခါမှော် ကျောက်စိမ်းတွင်းမှာ ရေမဆေးကျောက် ရှာဖွေသူတွေ ပြန်လည် ဝင်ရောက်လုပ်ကိုင်နေပါတယ်။
2020-09-11
မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံထုတ် အဝတ်အထည်တွေကို အဓိကထားပြီး သုံးစွဲနေတဲ့ နိုင်ငံဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တရုတ်ထည်တွေ မြန်မာနိုင်ငံထဲကို အဝင်နည်းနေပြီး ဈေးကွက်ထိခိုက်မှုတွေ ရှိလာနေပါတယ်။
2020-09-11
ဗိုလ်ချုပ်အောင်ဆန်းပုံပါ ကျပ် ၅၀၀ တန်နဲ့ ကျပ်တစ်ထောင်တန် ငွေစက္ကူတွေကို ထုတ်လုပ်ဖြန့်ဝေလိုက်တာ လအတန်ကြာလာပြီ ဖြစ်ပေမယ့် ဒီငွေစက္ကူတွေကို ဒီနေ့အထိ မမြင်တွေ့ဖူးသူ၊ မသုံးစွဲဖူးသူ အများအပြား ရှိနေပါတယ်။
2020-09-11
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတွေ တနေ့တခြား တိုးလာနေပါတယ်။ ဒီရောဂါပိုးကူးစက်ခံရသူတွေအနေနဲ့ နာလန်ထူလာအောင် ဘယ်လိုနေထိုင်သင့်သလဲ။
2020-09-11
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝေဖြိုးအောင်ရဲ့ အမျိုးသမီးနဲ့ အသက်(၂) နှစ်အရွယ် ကလေးငယ်လေးအပါအဝင် မိသားစုဝင် (၄)ဦး ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံထားရပါတယ်။
2020-09-11
ပြန်လည်သက်သာလာတဲ့သူက စုစုပေါင်း ၆၂၅ ယောက် ရှိပါတယ်။ ဒီကနေ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ရောဂါပြန်လည်သက်သာလို့ ဆေးရုံကဆင်းခွင့်ရတဲ့သူ တစ်ယောက်မှ မရှိသလို သေဆုံးသူလည်း ထပ်တိုးတာ မရှိပါဘူး။
2020-09-11
ရန်ကုန်တိုင်းမှာ ပိုးတွေ့လူနာတွေ တဖြည်းဖြည်းများလာတာကြောင့် ယာယီဆေးရုံ တွေ တိုးချဲ့ဖွင့်လှစ်ဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြင်ဆင်နေပါပြီ။
2020-09-11
နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေးဖို့ ပြည်သူ့ရှေ့ဆောင်ပါတီ PPP က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုလိုက်ပါတယ်။
2020-09-11
စက်တင်ဘာလ ၁၄ ရက်နေ့ထက်ကျော်ပြီး လျှောက်ထားလာတဲ့ မဲဆွယ်စည်းရုံးခွင့်တွေကို ခွင့်မပြုနိုင်ဘူးဆိုတဲ့ မူဆယ်ခရိုင် ရွေးကောက်ပွဲကော်မရှင်ရဲ့ အကြောင်းကြားစာကို လက်မခံနိုင်ဘဲ ပြန်ရုပ်သိမ်းဖို့ တောင်းဆိုမယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောပါတယ်။
2020-09-11
ရခိုင်ပြည်နယ် အစိုးရရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ ကျောင်းသား သုံးဦးကို မနေ့ညနေပိုင်းက သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ အမှုဖွင့်ခံရပါတယ်။
2020-09-11
နေပြည်တော် ဇေယျာသီရိမဲဆန္ဒနယ်၊ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်နဲ့ ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးမြို့နယ်တွေမှာ စက်တင်ဘာ ၁ဝ ရက်နေ့က စိုက်ထူထားခဲ့တဲ့ NLD ပါတီ မဲဆွယ်စည်းရုံးရေး ဆိုင်းဘုတ် မနေ့ညက ဖျက်ဆီးခံလိုက်ရပါတယ်။