သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-03-28
ရှမ်းပြည်တပ်မတော်နဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ ကောလာဟလ သတင်းတွေနဲ့ ပတ်သက်ပြီး ရှမ်းပြည် တိုးတက်ရေးပါတီက မတ်လ ၂၇ ရက် မနေ့က ရှင်းလင်းချက် ထုတ်ပြန်လိုက်သလို ရှေ့တန်းရောက် မြန်မာ တပ်မတော်သားတွေနဲ့ တပ်မှူးများနဲ့ အရပ်သားများထံသို့ အိတ်ဖွင့်ပေးစာ တစောင်လည်း ပေးပို့လိုက်ပါတယ်။
2011-03-28
AAPP ၁၁ နှစ်ပြည့် အခမ်းအနားမှာ အကျဉ်းသားတွေအကြောင်း စာအုပ်ကို မိတ်ဆက်ထုတ်ဝေ
2011-03-28
မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့ အရေးယူရေး ပြန်ရုပ်သိမ်းဖို့ တင်ပြထားတဲ့ ရွေးကောက်ပွဲဝင် ပါတီတွေကို အမေရိကန်သံရုံးက ဒီကနေ့ မတ်လ ၂၈ ရက်မှာ တွေ့ဆုံပြီး အချက်အလက်တွေ ရယူခဲ့တယ်လို့ စုံစမ်း သိရှိရပါတယ်။
2011-03-28
မြန်မာနိုင်ငံမှာ တပ်မတော်နဲ့ ဒီမိုကရေစီအင်အားစုတွေကြား နားလည်မှု လွဲမှားနေတာကို ပြေလည်မှုရအောင် တွေ့ဆုံ ဆွေးနွေးဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်အပေါ် ပြည်ပရောက် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက တခဲနက် ထောက်ခံ ကြိုဆိုလိုက်ကြပါတယ်။
2011-03-28
စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မကြာခင် ပေါ်ပေါက်လာမဲ့ အစိုးရအဖွဲ့သစ်အတွက် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သစ်အဖြစ် ဗိုလ်ချုပ် စိုးဝင်းကို ရွေးချယ်လိုက်ပြီလို့ နေပြည်တော် စစ်ရုံးချုပ်နဲ့ နီးစပ်သူတွေက RFA ကို မတ်လ ၂၇ ရက် မနေ့က ပြောကြားပါတယ်။
2011-03-28
အာဆီယံ ပါလီမန် အမတ်များရဲ့ လွှတ်တော်မှာ မြန်မာလွှတ်တော်အမတ်များ ပါဝင်ဖို့ ဒီကနေ့ မတ်လ ၂၈ ရက်မှာ ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်မှာ မေးခွန်း ၆ ခု မေးမြန်ခဲ့ပြီး အဆိုနှစ်ခု တင်သွင်းတယ်လို့ စုံစမ်း သိရှိရပါတယ်။
2011-03-28
အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့မှာ မြို့နယ် ရဲတပ်ဖွဲ့ အကြီးအကဲ Rusty York နဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်း အခြေချနေထိုင်သူ ကျောင်းသား မိဘတွေ မတ်လ ၂၇ ရက် မနေ့က ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ သိရ ပါတယ်။
2011-03-28
ရန်ကုန်တိုင်း ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူများ အင်အားစုလို့ နံမယ်ပေးထားတဲ့ အဖွဲ့ဝင် လူငယ်တွေဟာ မတ်လ ၂၄ ၊ ၂၅ ရက်နေ့တွေက ရန်ကုန်မြို့က မြို့လယ်ခေါင် လူစည်ကားတဲ့ နေရာတွေမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုံ့ဆော်တဲ့ စာရွက် စာတမ်းတွေကို ဖြန့်ဝေ ကြဲချခဲ့တယ်လို့ သတင်းရရှိပါတယ်။
2011-03-27
ရှမ်းပြည်တောင်ပိုင်း တာချီလိတ်၊ တာလေ၊ မိုင်းလင်း ဒေသတွေမှာ မတ်လ ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းအားအဆင့် (၇) ရှိတဲ့ ငလျင်ကြောင့် လူ ၇ဝ ကျော် သေဆုံးကြောင်း စစ်အစိုးရက ကြေညာခဲ့ပေမယ့် အသေအပျောက် ရာကျော်ရှိမယ်လို့ ဒေသခံတွေက ခန့်မှန်းကြပါတယ်။
2011-03-27
ရှမ်းပြည်နယ်တောင်ပိုင်း တာလေမြို့က ငလျင် ဒဏ်သင့် ပြည်သူတွေကို ကူညီဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တိုင်းနဲ့ ပြည်နယ် ရုံးတွေကို ဒီကနေ့ ညွှန်ကြားလိုက်တဲ့အတွက် NLD ရှမ်းပြည်နယ် က မတ်လ ၂၈ ရက်နေ့မှာ စပြီး အကောင်အထည် ဖော်တော့မယ်လို့ သတင်းရရှိပါတယ်။
2011-03-27
မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆိုတဲ့ တော်လှန်ရေးအောင်မြင်ဖို့ ပြည်သူလူထု အများစုက ညီညီညွတ်ညွတ်၊ စိတ်အားသန်သန် ကြိုးစားဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် က ဒီကနေ့ ကျရောက်တဲ့ (၆၆) နှစ်မြောက် ဖက်ဆစ် တော်လှန်ရေးနေ့မှာ ပြောကြားလိုက်ပါတယ်။
2011-03-27
အခုတပတ် ဦးခင်မောင်ညိန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေ စကားဝိုင်း အစီအစဉ်မှာ မြန်မာ စစ်အစိုးရက ပညာရေးကဏ္ဍအတွက် လုံလောက်တဲ့ ပံ့ပိုးမှုနဲ့ ငွေကြေး ခွဲဝေသုံးစွဲခွင့်တွေ မပေးတဲ့အတွက် ပညာရေးစနစ် နိမ့်ကျပြီး ကမ္ဘာ့အဆင့်မီ လူငယ် ပညာတတ်တွေ မမွေးထုတ်နိုင်တဲ့ အကြောင်းကို အခြေပြု ဆွေးနွေးထားကြပါတယ်။
2011-03-27
မြန်မာနိုင်ငံ ရှမ်းပြည်အရှေ့ပိုင်းက ငလျင်ဘေး ကျရောက်ခဲ့တဲ့ ဒေသတွေမှာ မတ်လ ၂၆ ရက်နေ့အထိ ကွင်းဆင်း လေ့လာချက်အရ တာလေနဲ့ မိုင်းလင်းမှာ ငလျင်ဘေးဒဏ်ခံရတဲ့ လူဦးရေ ၁ သောင်း ၅ ထောင် ရှိတယ်လို့ ရန်ကုန်အခြေစိုက် World Vision အဖွဲ့ ညွန်ကြားရေးမှူး Chris Herink က ပြောပါတယ်။
2011-03-27
မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း ဖော်ပြထားတဲ့ ဆုံးဖြတ်ချက် မူကြမ်းကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက သောကြာနေ့က အတည်ပြုလိုက်ပါတယ်။
2011-03-26
ဝပြည် သွေးစည်းညီညွတ်ရေးအဖွဲ့က နေပြည်တော်ကို ပေးပို့တဲ့ စာတမ်း တစောင်ကို စစ်အစိုးရ အရာရှိတဦးက လူကြီးတွေ စိတ်ဆိုးမှာ စိုးရိမ်တဲ့ အတွက်ဆိုပြီး နေပြည်တော်ကို ယူဆောင်သွားဖို့ ငြင်းဆိုခဲ့တယ်လို့ ပန်ဆန်းမြို့ ရှိ UWSA အရာရှိ တဦးက RFA ကို ထုတ်ဖော်ပြောကြားပါတယ်။