သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-04-16
ရန်ကုန်တိုင်း ဒဂုံမြို့သစ်မြောက်ပိုင်း ၅၁ ရပ်ကွက်မှာ ဧပြီလ ၁၅ ရက်နေ့က အော် ရီဒူးကုမ္ပဏီရဲ့ တယ်လီဖုန်း ဆက်သွယ်ရေးတာဝါတိုင် စိုက်ထူမှုကို အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး အဖွဲ့ဝင် သံဃာတော်တွေက ဆန့်ကျင်ကန့်ကွက်ခဲ့ပါတယ်။
2015-04-16
အခုလ ၁ ရက်နေ့က ရုရှားနိုင်ငံရေပိုင်နက် အတွင်း Dalniy Vostok ငါးဖမ်း သဘောၤမှောက်နစ်မြုပ်ရာမှာ သေဆုံးသွားခဲ့တဲ့ မြန်မာ သင်္ဘောသား ၁၆ ဦးရဲ့ ရုပ်အလောင်းတွေ ဒီနေ့ မြန်မာနိုင်ငံ ရန်ကုန်လေဆိပ်ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။
2015-04-16
ကိုးကန့်ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အတွင်း မဟာဗျူဟာကျတဲ့ တောင်ကုန်းတွေ ကို အစိုးရ တပ်တွေက သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ တိုက်ပွဲတွေ အတွင်း အစိုးရတပ်ဘက်က ၁၆ ဦးကျဆုံးပြီး ထိခိုက်ဒဏ်ရာ ရသူ ၁၁၀ ဦးရှိကြောင်း တပ်မတော် ပိုင် မြဝတီသတင်းဌာန က ထုတ်ပြန်ပါတယ်။
2015-04-16
ရခိုင်ပြည်နယ် မောင်တောမြို့မှာ သြင်္ကန်ရေပက်ခံထွက်တဲ့ မြို့ခံလူငယ်တွေနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့အကြား ရိုက်နှက်မှုတွေ ဖြစ်ပွားခဲ့မှုနဲ့ ပတ်သက်လို့ နယ်ခြားစောင့်ရဲ ၂၁ ဦးကို ဖမ်းဆီးထားပြီး တရားစွဲဆိုဖို့ ပြင်ဆင်နေပါတယ်။
2015-04-16
မနေ့က သြင်္ကန်အကြက်နေ့ညမှာ သာကီနွယ်သံချပ် အဖွဲ့က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ရွှေစင် မဏ္ဍပ်မှာ ဖျော်ဖြေခဲ့ကြပါတယ်။ ရွှေစင်မဏ္ဍပ် ဟာ ရေကစားမဏ္ဍပ်သီးသန့်မဟုတ်ပဲ သံချပ်တွေ ယှဉ်ပြိုင်ကြတဲ့ မဏ္ဍပ်ဖြစ်ပါတယ်။
2015-04-16
ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဌာနချုပ် ပန်ဆန်းမြို့မှာ မေလ ၁ ရက်နေ့မှာ စတင်ကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ညီလာခံကို အစိုးရနဲ့ လက်ရှိတိုက်ပွဲတွေဖြစ်နေတဲ့ ကိုးကန့်၊ ရခိုင်နဲ့ တအာင်းလွတ်မြောက်ရေးအဖွဲ့တွေကို မဖိတ်ကြားဖို့ အစိုးရက တားမြစ်ထားပါတယ်။
2015-04-16
ဒဂုံမြို့သစ်မြောက်ပိုင်း ၅၁ ရပ်ကွက်မှာ ဧပြီ ၁၅ ရက်နေ့ မနေ့က အော်ရီဒူး ဆက်သွယ်ရေး တာဝါတိုင် စိုက်ထူတာကို အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ သံဃာတော် တချို့က ကန့်ကွက်ကြပါတယ်။
2015-04-16
“အွန်လိုင်း လေထန်ကုန်း” လို့ အမည်ပေးထားတဲ့ သံချပ်အဖွဲ့ဟာ ရန်ကုန် ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်အားကစားကွင်းရှေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သြင်္ကန်ဖျော်ဖြေရေးမဏ္ဍပ်မှာ မနေ့ညက သံချပ်ထိုး ဖျော်ဖြေခဲ့ပါတယ်။
2015-04-16
အခုနှစ်အတွက် မန္တလေးမြို့နဲ့ စစ်တွေမြို့က သြင်္ကန်ပွဲတော်တွေမှာ အစဉ်အလာမပျက် လှည့်လည် ကြတဲ့ အလှပြယာဉ်တွေ၊ ရေကစား မဏ္ဍပ်တွေ နည်းပါးသွား ပြီး ခေတ်နဲ့အညီ ပြောင်းလဲဆင်နွဲလာတာ ကို တွေ့ရပါတယ်။
2015-04-16
ဒီနှစ်သြင်္ကန်အကြတ်နေ့မှာ မွန်ပြည်နယ် မုဒုံမြို့ကလူငယ်တွေဟာ ဆင်တူဝတ်စုံအမျိုးမျိုး ဝတ်ဆင်ပြီး အုပ်စုလိုက် ရေပက်ခံထွက်ကြ တာ တွေ့ရပါတယ်။ ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။
2015-04-16
မကွေးမြို့က လူငယ်တစုဟာ “ပုဒ်မ-၄၃၆ ချက်ခြင်းပြင်”ဆိုတဲ့စာတန်းပါ နဖူးစီးတွေနဲ့ သြင်္ကန် အကြတ်နေ့က ရေပက်ကစားခဲ့ကြပါတယ်။
2015-04-16
သြင်္ကန်ကာလမှာ ရေကစားသူတွေသောက်သုံးပြီး စွန့်ပစ်လိုက်တဲ့ ဘူးခွံ၊ ပုလင်းခွံအဟောင်းတွေ ကောက်ပြီးရောင်းချတဲ့အလုပ်ကို အရင်းအနှီးမလိုတဲ့ စီးပွားရေးတစ်ခုအဖြစ် လုပ်ကိုင်ကြသူတွေ အများအပြားရှိနေပါတယ်။
2015-04-15
ဒီမိုကရေစီပညာရေး တောင်းဆိုလို့ဖမ်းဆီး ခံနေရတဲ့ ကျောင်းသားနဲ့ ပြည်သူတွေပြန် လွှတ်ဖို့ မနေ့ကကျရောက်တဲ့ သြင်္ကန် အကြတ်နေ့မှာ လှုပ်ရှားမှုတချို့ဖြစ်ပေါ်ခဲ့ပါတယ်။
2015-04-15
နစ်မြုပ်သွားတဲ့ ရုရှားငါးဖမ်းသင်္ဘော က မြန်မာသင်္ဘောသား ၁၆ ယောက်ရဲ့ ရုပ်အလောင်းကို ဗုဒ္ဒဟူးနေ့ညမှာ စခါလင်းမြို့ကနေ ရန်ကုန်ကို လေယာဉ်နဲ့ပို့လိုက်ပြီလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ စခါလင်းမြို့ ကိုယ်စားလှယ် က ပြောလိုက်ပါတယ်။
2015-04-15
လာမယ့် ဧပြီ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိ အဖွဲ့ဝင်ဟောင်း သတင်းစာဆရာကြီး ဦးဝင်းတင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အခမ်းအနားကို တက်ရောက် မယ့်သူတွေက အပြာရောင်ဝတ်ဆင်တဲ့ လှုပ်ရှားမှု ပြုလုပ် မှာဖြစ်တယ်လို့ အခမ်းအနားကျင်းပရေးကော်မတီက ပြော ပါတယ်။