သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-07-19
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က အသက် ၃ နှစ် ကနေ ၈ နှစ်အရွယ်သာရှိကြတဲ့ အာဇာ နည်ခေါင်းဆောင်ကြီးတွေရဲ့ သားသမီးတွေဟာ အခု ဆိုရင် အသက် ၇၀ တန်းအရွယ်တွေဖြစ်နေကြပါပြီ။
2015-07-19
ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တာ ဇူလိုင်လ ၁၉ ရက် နေ့ဆိုရင် ၆၈ နှစ်မြောက် ပြည့်ပြီဖြစ်ပါတယ်။
2015-07-19
ကချင်ပြည်နယ် ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့နယ်မှာ အစိုးရတပ်နဲ့ KIA တို့ တိုက်ပွဲတွေ ပြင်းထန်နေ တာကြောင့် မလိခမြစ်နားမှာ ရှိတဲ့ ရွာ ၅ ရွာ က ဒေသခံ တစ်ထောင်ကျော်လောက် တောထဲကို ထွက်ပြေးနေကြပါတယ်။
2015-07-18
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်မှာ လွန်ခဲ့တဲ့ ၄၄ နှစ်က တစ်ခါဖြစ်ခဲ့ဖူးတဲ့ အတိုင်း အောက်ရေက အထက်ဘက် ဆန်တက်ပြီး ဇူလိုင်လ ၁၈ ရက် စနေနေ့ မနက် ကစ ရေကြီးလာတဲ့အတွက် ကုန်းမြင့်တဲ့ရွာတွေကို လူနဲ့ ကျွဲနွားတွေ ရွှေ့ပြောင်းနေချိန်မှာ ဆန်ဂိုဒေါင်တွေ ရေ နစ်မြုပ်ကုန်တယ်လို့ ဒေသခံတွေကပြောပါတယ်။
2015-07-18
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့သတင်းတွေ ဝေဖန်သံတွေအပြင် ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စား လှယ်လောင်းတွေအရေး၊ နိုင်ငံရေးလှည့်ကွက် ဖြစ် နိုင်စရာ အခြေအနေတွေအကြောင်းကို နိုင်ငံရေး အကဲခတ်ပုဂ္ဂိုလ် ဒေါက်တာ ရန်မျိုးသိမ်း၊ စာရေး ဆရာ/ကဗျာဆရာ ဆူးငှက်နဲ့ သတင်းစာဆရာ /ဘလော့ဂါ စည်သူအောင်မြင့်တို့ နဲ့အတူ ဆွေးနွေး တင်ပြထားပါတယ်။
2015-07-18
လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ ဖလုံ - စဝေါ် ဒီမိုကရက် တစ်ပါတီဟာ ကရင်ပြည် နယ်ထဲက မဲဆန္ဒနယ်မြေအားလုံးကို ဝင်ရောက်ယှဉ်ပြိုင်သွား မယ်လို့ ပြောပါတယ်။
2015-07-18
ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ဟာ နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ့် ၂ဝ၁၅ ရွေးကောက် ပွဲအတွက် ချင်းပြည်နယ်က မြို့နယ် ၉ ခုမှာ ဝင်ရောက်အရွေးချယ်ခံသွားမယ်လို့ ပြောပါတယ်။
2015-07-18
ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အထက် ပိုင်းဒေသတွေမှာ မိုးကြီးနေတာကြောင့် မီးရထားသံလမ်းနဲ့ တံတားတွေ ရေမြုပ်နေ တဲ့အတွက် မြစ်ကြီးနားနဲ့ မန္တလေး ရထားခရီးစဉ်တွေကို ရပ်နားထားရပါတယ်။
2015-07-18
လက်ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းဟာ လာမယ့် နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပြော ပါတယ်။
2015-07-18
ကချင်ပြည်နယ် ပူတာအိုခရိုင် ဆွမ်ပရာဘွမ် မြို့နယ် မှာ တပ်မတော်နဲ့ ကေအိုင်အေ တပ်တွေ တိုက်ပွဲကြောင့် ထွက်ပြေးကြရတဲ့ စစ်ဘေးဒုက္ခတွေ ကိုကူညီဖို့ လုံခြုံရေးအခက်အခဲဖြစ်နေကြောင်း မြစ်ကြီးနား မြို့ အခြေစိုက် KBC ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့က ပြော ပါတယ်။
2015-07-17
Eleven Media Group အမှုဆောင် အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင် စီးလာတဲ့ကား ကုန်းသီးနဲ့အနီးကပ် တိုက်ခိုက်ခံရမှုကို အမေရိကန်ပြည်ထောင်စု နယူးယောက် မြို့အခြေစိုက် CPJ- သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီက ပြစ်တင်ရှုတ်ချ လိုက်ပြီး ဒီဖြစ်ရပ်ကျူးလွန်သူတွေကို ဥပဒေနဲ့ အညီ အရေးယူ ဖို့ မြန်မာအာဏာပိုင်တွေကို မနေ့က တိုက်တွန်းလိုက် ပါတယ်။
2015-07-17
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ အခြေစိုက် Asia Society အာရှအသင်းမှာ ပြီးခဲ့တဲ့ဧပြီလက လာရောက် ကပြဖျော်ဖြေခဲ့တဲ့ ရွှေမန်းသဘင်ဟာ Bessie Award လို့ ခေါ်တဲ့ New York Dance and Performance Awards နယူးယောက် အကနဲ့ ဖျော်ဖြေဆုအတွက် လျာထားခံရ ပါတယ်။
2015-07-17
၂ဝ၁၅ ရွေးကောက်ပွဲမှာ ချင်းတိုင်းရင်းသား ပါတီတွေ အချင်းချင်း ညှိနှိုင်းချိတ်ဆက်ပြီး ယှဉ်ပြိုင်ကြဖို့ ဇူလိုင်လ ၁၇ ရက်နေ့ ရန်ကုန်မြို့ Kandawgyi Palace ဟိုတယ်မှာ ချင်းတိုင်းရင်းသား ပါတီ မျက်နှာစုံညီ တွေ့ဆုံခဲ့ပြီးနောက် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
2015-07-17
ရှမ်းပြည်နယ်မြောက်ပိုင်း အရပ်ဖက်လူမှုအဖွဲ့စည်းတွေ စုပေါင်းပြီး ရှမ်းပြည်နယ်ကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်း ဖွဲ့စည်းနိုင်ဖို့အတွက် လားရှိုးမြို့ ကက်သလစ်ကျောင်းမှာ ဇူလိုင်လ ၁၇ ရက်နေ့ကစပြီး ၃ ရက်ကြာ ဆွေးနွေးနေပါတယ်။
2015-07-17
မန္တလေးအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားခံထားရတဲ့ မိုးကုတ်မြို့ ရေပူကျောင်းတိုက် ဆရာတော် ဦးဣန္ဒကကို ပြင်ဦးလွင်ခရိုင်တရားရုံးမှာ ဇူလိုင်လ ၁၇ ရက်နေ့က ရုံးထုတ်ခဲ့ပါတယ်။