သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-09-18
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခ မှာ သေနတ်ထိမှန် သေဆုံးသွားတဲ့ တောင် သူ ဒေါ်ခင်ဝင်းအတွက် အမှုမှန်ဖော်ထုတ်ပေးဖို့ ဆန္ဒပြခဲ့တာကြောင့် ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင် နဲ့ နော်အုန်းလှတို့ကို တရားမဝင်စီတန်း လှည့်လည်မှု ပုဒ်မ ၁၈ နဲ့ ကျောက်တံတားမြို့နယ် တရားရုံးက ဒီနေ့ ထောင်ဒဏ် ၄ လစီ အမိန့်ချလိုက်ပါတယ်။
2015-09-18
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလတွေမှာ ဘာသာရေးကို နည်းလမ်းတစ်ခုအနေနဲ့ အသုံးချ ပြီး သွေးခွဲခြင်းနဲ့ ပဋိပက္ခဖြစ်ပေါ်လာနိုင်တဲ့ အခြေနေတွေအပေါ် စိုးရိမ်တယ်လို့ သံရုံး (၉) ခု ကြေညာချက် ထုတ်ပြန်လိုက်တဲ့သလိုပဲ နိုင်ငံရေး ပါတီတချို့မှာလည်း အလားတူ စိုးရိမ်ကြတဲ့ အမြင်နဲ့ သုံးသပ်ချက်တွေရှိနေပါတယ်။
2015-09-18
ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီက တင်သွင်းတဲ့ ကိုယ်စားလှယ်အားလုံးနီးပါကို ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့တာကြောင့် ပါတီဖျက်သိမ်းခံရမှာကို စိုးရိမ်နေရပြီလို့ ဒီမိုကရေ စီနှင့်လူ့အခွင့်အရေးပါတီ ဥက္ကဌ ဦးကျော်မင်းက RFA ကို ဒီကနေ့ ပြောလိုက်ပါတယ်။
2015-09-18
လာမယ့် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ အတွက် ပယ်ချခံရသူ ကိုယ်စား လှယ်လောင်း ၁၀၀ လောက်ရှိနေပြီး အဲဒီအထဲမှာ နိုင်ငံသား ကိစ္စနဲ့ ဆက်နွယ်ပြီး ပယ်ချခံရသူ ၅၀ လောက်ရှိနေကြောင်း အမေရိကန်အစိုးရက စိုးရိမ်မိကြောင်း မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2015-09-18
ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီ ပါတီဟာ ရှမ်းပြည်နယ် တောင်ကြီးမြို့က ရပ်ကွက်တိုင်းမှာ တစ်အိမ်တက်တစ်အိမ် ဆင်း ဒီကနေ့ မဲဆွယ်စည်းရုံးရေးဆင်းနေပါတယ်။
2015-09-18
ကချင်ပြည်နယ်က မဲဆန္ဒရှင်တွေဟာ လာမယ့်ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တစ်ဦးကို မဲဘယ်နှစ်မဲ ပေးကြရမယ်ဆိုတာကို အများစုဟာ နားလည်ကြတာ မရှိသေးဘူးလို့ ပြောကြပါတယ်။
2015-09-18
လာမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေဟာ ပြီးခဲ့တဲ့စက်တင်ဘာလ ၈ ရက်နေ့ကစပြီး နေရာအတော်များများမှာ မဲဆွယ်စည်းရုံးမှုတွေ ပြုလုပ်နေကြပါတယ်။
2015-09-18
ရှမ်းပြည်နယ် အရှေ့ပိုင်းက ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှာပါတဲ့ မိုင်းလားမြို့နယ်မှာ လုံခြုံရေးအခြေအနေကြောင့် မဲစာရင်းကို ကောက်ယူနိုင်ခြင်းမရှိသေးပါဘူး။ ဒါ့အပြင် အဲ့ဒီဒေသတွေမှာ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေလည်း မဲဆွယ်စည်းရုံးဖို့ အခက်အခဲရှိနေပါတယ်။
2015-09-18
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှှိုးမြို့နယ်မှာ မဲစာရင်းကြေညာထားတဲ့ ကျေးရွာတွေကို သွားဖို့အတွက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် လာမယ့် ရွေးကောက်ပွဲနေ့မှာ မဲပေးနိုင်သူ လူဦးရေ ၂ဝဝ ရှိ တဲ့ ကျေးရွာတစ်ရွာမှာ မဲရုံတစ်ရုံထားပေးသင့်တယ်လို့ SNLD ကျားခေါင်းပါတီရဲ့ အမျိုးသားလွှတ်တော် ကိုယ်စား လှယ်လောင်း ဦးစိုင်းဝမ်လှိုင်ခမ်းက ပြောပါတယ်။
2015-09-18
ရခိုင်ပြည်နယ်မှာ ဒုတိယအကြီးဆုံးဖြစ် လာမယ့် ပုဏ္ဏားကျွန်း စက်မှုဇုန်စီမံကိန်း ကို အကောင်အထည်ဖော်ဖို့အတွက် မြန်မာ ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကုမ္ပဏီ Myanmar Kyaukphyu Special Economic Zone Holding Public Co,Ltd - MKSH ကုမ္ပဏီ ကို ပြည်နယ်အစိုးရက ခွင့်ပြုလိုက်ပါတယ်။
2015-09-18
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ကနေ ရွေးကောက်ပွဲဝင်မယ့် ကျားခေါင်း ပါတီ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း နှစ်ဦးဟာ နားကွမ်းလုံ၊ ကောင်းကြဲ၊ အီနိုင်းနဲ့ အထက်မန်အိုင်ကျေး ရွာတွေမှာ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မဲဆွယ် စည်းရုံးရင်း ဒေသခံတွေဆီကနေ အလှူငွေတွေ ကောက်ခံ ခဲ့ကြပါတယ်။
2015-09-18
ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီက တင်သွင်းတဲ့ ကိုယ်စားလှယ်အားလုံး နီးပါးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ချ ခဲ့တာကြောင့် ပါတီဖျက်သိမ်းခံရမှာကို စိုးရိမ်နေရပြီလို့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ ဥက္ကဌ ဦးကျော်မင်း က ပြောကြားလိုက်ပါတယ်။
2015-09-17
ရှမ်းပြည်နယ်အတွင်းမှာ အခုရက်ပိုင်းအတွင်း အစိုးရတပ်တွေက တိုက်လေယာဉ်တွေနဲ့ပါ တိုက်ခိုက်လာတဲ့အတွက် နိုင်ငံရေး ပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံးရေးတွေ ခေတ္တရပ်ဆိုင်း ထားဖို့ ရှမ်းပြည်ပြည်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းတပ်ဖွဲ့က စက်တင်ဘာ ၁၆ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန် သတိပေးလိုက်ပါတယ်။
2015-09-17
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်မှာ ထုတ်ပြန်တဲ့ မဲပေးခွင့်ရှိသူစာရင်းတွေမှာ အမည်မပါတာတွေ၊ အချက်အလက် မှားယွင်းတာတွေ ရှိနေပြီး အဲဒီလိုမှားယွင်းတာတွေဟာ နည်းပညာအခက် အခဲကြောင့် ဖြစ်တယ်လို့ မြိတ်ခရိုင်ရွေးကောက်ပွဲ ကော်မ ရှင်အရာရှိက ပြောပါတယ်။
2015-09-17
လူဦးရေ ၅ သန်းကျော်နေထိုင်တဲ့ ရန်ကုန်မြို့ကြီးမှာ အများပြည်သူနေ့စဉ် အသုံးပြုနေရတဲ့ ဘတ်စ်ကားအစင်းရေ ၃ ပုံ ၁ ပုံလောက် သပိတ်မှောက်နေကြတယ်လို့ သိရပါတယ်။