သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-05-21
ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒလက်ချောင်းအုပ်စု အလယ်ကျွန်းရွာက ဖမ်းဆီးခံ ထားရတဲ့ ရွာသား လေးဦးကို တပ်မတော်က ဒီနေ့မနက်ပိုင်းမှာ ပြန်လွှတ်ပေး လိုက်သလို မနေ့ညကလည်း ဒလက်အနောက်ရွာက ကျောင်းဆရာ ဦးထွန်းခင် အပါအဝင် လူလေးဦး ကိုလည်း ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေနဲ့ ကျေးရွာသားတွေက ပြောပါတယ်။
2020-05-21
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က ကျောက်တစ်လုံး မွတ်စလင်ဒုက္ခသည်စခန်း နေရာရွှေ့ပြောင်းဖို့၊ အရေးပေါ်ရန်ပုံငွေကနေ ငွေကျပ်သန်းပေါင်း ၂၀၀၀ ကျော် အသုံးပြုသွားမယ်လို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ် က ပြောပါတယ်။
2020-05-21
ရခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တွေက တပ်မတော်ကို တိုက်ခိုက်ရာမှာအရပ်ဝတ် ဝတ်ဆင်ထားတယ်လို့ တပ်မတော်ဘက်က စွပ်စွဲထားပြီး ဒေသခံအများအပြား AA တပ်ဖွဲ့ဝင်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီး စစ်ဆေးခံနေရပါတယ်။
2020-05-21
အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်ဟာ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကနေ ဝင်ရောက်တိုက်ခတ် ခဲ့တာကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ တဲတွေပြိုတာ၊ ရေကြီး၊ မြေပြို တာတွေရှိခဲ့တယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
2020-05-21
RFA ပေးစာ ပြန်စာ အစီအစဉ်ကို ထုတ်လွှင့်မှာ ဖြစ်ပါတယ်။
2020-05-21
"နိုင်ငံ့ရေးရာ မေးစရာ" အစီအစဉ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ် ကို၊ RFA ဝိုင်းတော်သူ မသက်စုအောင် က သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
2020-05-21
RFA က စီစဉ်ရိုက်ကူးပြီး၊ DVB ရုပ်သံလိုင်းကနေ အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်လွှင့်နေတဲ့ "ယနေ့နိုင်ငံရေး" အစီအစဥ်မှာ "အခက်ခဲဆုံး ကာလတွေကို၊ ရန်ကုန် ဘယ်လိုကျော်ဖြတ်ခဲ့သလဲ" ဆိုတဲ့ ခေါင်းစဥ်နဲ့ ဆွေးနွေးတင်ပြထားပါတယ်။
2020-05-20
စစ်ကိုင်းတိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ထုတ်ပြန်ထားတဲ့ Stay at home အမိန့်ကို စစ်ကိုင်းတိုင်းအစိုးရက မေလ ၁၈ ရက်နေ့ကနေ မေလကုန်ထိ ထပ်မံသတ်မှတ်လိုက်ပါတယ်။
2020-05-20
ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒလက်ချောင်းအုပ်စု အလယ်ကျွန်းကျေးရွာက အသက် ၁၈ နှစ်အရွယ် ငပျော့(ခေါ်)ကိုမျိုးလှိုင်ဟာ မေလ ၁၇ ရက်နေ့က လှေနဲ့ငါးရှာဖို့ထွက်သွားပြီးနောက် ဖမ်းဆီးခံရတာလို့ ကျေးရွာသားတွေက RFA ကိုပြောပါတယ်။
2020-05-20
ရခိုင်အမျိုးသားပါတီ ANP ရဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာအေးမောင်ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်ကနေ၊ ရုပ်သိမ်းကြောင်းနဲ့ နောင်ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာလည်း ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မပြုတော့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပါတယ်။
2020-05-20
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တားဆီးရေး စည်းကမ်းတွေ ထုတ်ပြန်ထားတဲ့ကာလအတွင်း လူစုလူဝေးနဲ့ တရားပွဲ ပြုလုပ်ခဲ့မှုနဲ့ ခရစ်ယာန် တရားဟောဆရာစောဒေးဗစ်လားကို အများဆုံး ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်တဲ့ ပုဒ်မနဲ့ မေလ ၂ဝ ရက်နေ့ ဒီနေ့မှာ မရမ်းကုန်မြို့နယ် တရားရုံးမှာ ချုပ်ရမန် ၁၅ ရက်ယူပြီး အင်းစိန်ထောင်ကို ပို့လိုက်ပါတယ်။
2020-05-20
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသေးစား၊ အလတ်စားလုပ်ငန်းရှင်တွေ ရပ်တည်နိုင်ဖို့အတွက် အစိုးရက ချေးငွေတွေ ချထားပေးရာမှာ လျှောက်ထားသလောက် မရတဲ့အတွက် အဆင်မပြေတဲ့လုပ်ငန်းတွေ ရှိနေပါတယ်။
2020-05-19
"လူမျိုးတုံးသတ်ဖြတ်မှု လမ်းပေါ်ကို သွားနေတဲ့ မြန်မာနိုင်ငံ"လို့ အမည်ပေးထားတဲ့ Online ပြပွဲတခုကို အမေရိကန်နိုင်ငံရှိ Holocaust ခေါ် ဂျူးလူမျိုးများကို ဂျာမနီ နာဇီတွေက အဆိပ်ငွေ့နဲ့ လူမျိုးတုံးသတ်ဖြတ်ခဲ့တဲ့ အထိမ်းအမှတ်ပြတိုက်ကနေ မေလ ၁၉ ရက်မနေ့က စတင်ပြသလိုက်ပါတယ်။
2020-05-19
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကြုံရတဲ့ ပြဿနာတွေထဲမှာ ရန်ကုန်မြို့ရဲ့ အမှိုက်လည်း ပါ၀င်ပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာ အသွားအလာကန့်သတ်ပြီး စျေးဆိုင်တွေကို ထုတ်ပိုးသယ်ယူတဲ့ ပါဆယ်စနစ် နဲ့ ရောင်းချဖို့ ညွှန်ကြားချက်တွေ ထွက်လာပြီး နောက်ပိုင်း - အမှိုက်စွန့်ပစ်မှုဟာ အရင်ကထက် ပိုများလာတယ်လို့ စေတနာ့ဝန်ထမ်းဆောင်ရွက်သူတွေက ပြောပါတယ်။
2020-05-19
မူလတန်းကျောင်းတွေဖွင့်မယ်လို့ ပညာရေးဝန်ကြီးဌာနက စီစဉ်ထားပေမဲ့ ဆရာမနဲ့ ကျောင်းသားမိဘတွေရဲ့ တောင်းဆိုချက်ကြောင့် မူလတန်းတွေအစား အလယ်တန်း၊ အထက်တန်းကျောင်းတွေကို အရင်ဖွင့်ဖို့ စဉ်းစားမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။