သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-05-10
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ ရပ်ကွက် ၄ မှာ မြေငှားရမ်းပြီး အထောက်အပံ့ အကူအညီမရဘဲ တဲဆောက်နေရတဲ့ စစ်ဘေးဒုက္ခသည်ပြည်သူတွေနဲ့ ဘုန်းကြီးကျောင်း အပါအဝင် နီးစပ်ရာကျေးရွာတွေမှာ ခိုလှုံနေရသူတွေ စားရေးသောက်ရေးနဲ့ သောက်သုံးရေ အခက်အခဲတွေကြုံနေရပါတယ်။
2020-05-10
တရုတ်နိုင်ငံနယ်စပ် ဖြတ်ကျော်မှု တင်းကြပ်ထားတာကြောင့် မူဆယ်ကနေ တင်ပို့နေတဲ့ သစ်သီးဝလံတွေ ပျက်စီးဆုံးရှုံးမှု များနေပါတယ်။ တရုတ်ကို သစ်သီးတင်ပို့ဖို့ စိုက်ပျိုးနေတဲ့ တောင်သူတွေလည်း အခက်အခဲတွေ ရှိနေပါတယ်။
2020-05-10
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကာကွယ်တားဆီး ထိမ်းချုပ်နိုင်ရေးအတွက်ရော မြန်မာပြည်ထာဝရ ငြိမ်းချမ်းရေးအတွက်ပါ ရည်ရွယ်ပြီး မြန်မာ့တပ်မတော်က ဒီနေ့ မေလ (၁၀) ရက်နေ့ကစပြီး သြဂုတ်လ (၃၁) ရက်နေ့ထိ အကြမ်းဘက်အဖွဲ့ အစည်းတွေရှိနေတဲ့ နေရာကလွဲလို့ ကျန်ဒေသတွေအားလုံးမှာ အပစ်ရပ်ထားမယ်လို့ မနေ့ညက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2020-05-09
ရခိုင်ပြည်နယ် မြေပုံနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွင်း ရွာ နှစ်ရွာက လူငယ်နဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတွေကို တပ်မတော်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေ ပြောပါတယ်။ ဒါကြောင့် ဒေသခံတွေဟာ ရွာမှာမနေရဲဘဲ နီးစပ်ရာရွာတွေကို ထွက်ပြေးနေကြတယ်လို့ ဆိုပါတယ်။
2020-05-09
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ လက်ရှိ လွှတ်တော်သက်တမ်း အတွင်းမှာ ပါတီဝင် ကိုယ်စားလှယ် တချို့ကို ပါတီတာဝန်ကနေ ရပ်ဆိုင်းတာ၊ ပါတီကနေ ထုတ်ပယ်တာတွေ စတဲ့ ပါတီတွင်းအရေးယူမှုတွေ မကြာခဏ လုပ်ဆောင်လေ့ရှိပါတယ်။
2020-05-09
၂ဝ၂၀ မေ ၉ ရက်နေ့ RFA စကားဝိုင်း အစီအစဉ်မှာ " ကိုရိုနာဗိုင်းရပ်စ်ဂယက်နဲ့ အလုပ်လက်မဲ့ပြဿနာ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2020-05-09
မေလ ၁၀ ရက်နောက်ပိုင်းမှာ မြန်မာနိုင်ငံမှာ ကချင်ပြည်နယ်ကလွဲပြီး ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာ နေ့အပူချိန်တွေ မြင့်တက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ နေ့အပူချိန်တွေ မြင့်တက်နေ တာကြောင့် အပူဒဏ်အန္တရာယ်ကို သတိထားဖို့ ကျန်းမာရေးဦးစီးဌာနကလည်း ထုတ်ပြန်ထားပါတယ်။
2020-05-08
မြန်မာပြည်သူအများစုဟာ နေထိုင်မကောင်း ဖြစ်တဲ့အခါ နီးစပ်ရာ ဆေးဆိုင်တွေမှာပဲ ဆေးတွေကို ကြားဖူးနားဝနဲ့ ဝယ်ယူသုံးစွဲလေ့ ရှိပါတယ်။ ဒီလိုအန္တရာယ်ရှိတဲ့ အလေ့အထကို ပြုပြင်ဖို့နဲ့ ကျန်းမာရေးစနစ်တခုလုံး ပြုပြင်ဖို့ လိုအပ်နေတယ်လို့ လေ့လာသူတွေက ထောက်ပြဝေဖန်နေကြပါတယ်။
2020-05-08
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲနဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ မဲပေးသူရာခိုင်နှုန်းဟာ တစ်ကြိမ်ထက်တစ်ကြိမ် သိသိသာသာ ကျဆင်းခဲ့ပါတယ်။
2020-05-08
သဘာဝဘေးအန္တရာယ်တွေ ရုတ်တရက် ကျရောက်လာရင် ထိထိရောက်ရောက် ကူညီနိုင်ဖို့ နိုင်ငံတကာအဆင့်မီ မြို့ပြရှာဖွေကယ်ဆယ်ရေး အထူးတပ်ဖွဲ့ဆိုတာကို မြန်မာနိုင်ငံ မီးသတ်ဌာနက အသစ်ဖွဲ့စည်းပြီး လေ့ကျင့်နေပါပြီ။
2020-05-08
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ဘေးဒုက္ခသည် အရေအတွက်ကလည်း နေ့စဉ်နဲ့အမျှ တိုးလာနေပါတယ်။
2020-05-08
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တင်းမကျေးရွာမှာ ပြီးခဲ့တဲ့မတ်လ ၁၆ ရက်နေ့က တပ်မတော်စစ်ကြောင်း တစ်ခုက ကျောင်းသားတစ်ဦးအပါအဝင် လူ ၁၀ ဦးကို ဖမ်းဆီးသွားတာ ဒီနေ့အထိ ပြန်လွှတ်ပေးတာ မရှိသေးဘူးလို့ မိသားစုဝင်တွေနဲ့ ကျေးရွာလူကြီးတွေက RFA ကိုပြောပါတယ်။
2020-05-08
တစ်ကမ္ဘာလုံးနီးပါး ရင်ဆိုင်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြားမှာ မြန်မာနိုင်ငံက တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အမြောက်အမြား ရှိနေသလို ကပ်ရောဂါကြောင့် ကဏ္ဍအသီးသီးမှာလည်း လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ အရပ်ဖက်အဖွဲ့တွေက ပြောလိုက်ပါတယ်။
2020-05-08
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ကာကွယ်ရေးအတွက် အစိုးရ ထုတ်ထားတဲ့ အမိန့်ညွှန်ကြားချက်တွေကို လိုက်နာမှု မရှိဘဲ ဖောက်ဖျက်သူတွေကို အရေးယူတာတွေမှာ ပြစ်ဒဏ်မညီမျှမှုတွေကြောင့် အငြင်းပွားစရာ ဖြစ်နေပါတယ်။
2020-05-08
ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲက ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ကိုရိုနာကျန်းမာရေး စစ်ဆေးဂိတ် နှစ်ခုကို တပ်မတော်က ဖယ်ရှားလိုက်တာကြောင့် တိုက်ပွဲ နှစ်ရက်ဆက်တိုက် ဖြစ်ခဲ့တယ်လို့ KNU တပ်မဟာ ၅ တာဝန်ရှိသူတွေက ပြောပါတယ်။