သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-11-01
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ဖွဲ့စည်းတည်ထောင်တဲ့ ၂၄ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၇)နယ်မြေမှာ နိုဝင်ဘာလ ၁ ရက်နေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
2012-11-01
နိုင်ငံတော်သမ္မတရဲ့ ပြင်ဆင်ချက် ၁၁ ချက်ဖြင့် လွှတ်တော်ထံ ပြန်လည်ပေးပို့လာတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်မှာ ဒီကနေ့ ဆွေးနွေးပြီး လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
2012-11-01
နိုင်ငံရေးပါတီတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ လူမူရေးအဖွဲ့အစည်းတွေ ပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းမှာရှိတဲ့ တော်ဝင်နှင်းဆီခန်းမမှာ နိုဝင်ဘာလ ၁ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။
2012-11-01
စစ်ရေးပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကချင်ပြည်နယ် ဒေသခံပြည်သူတွေကို ဓမ္မဒူတဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒက ဆန်၊ ဆီ၊ ဆား၊ ဆေးဝါး၊ စောင်နဲ့ အလှူငွေအပါအဝင် စုစုပေါင်းငွေကျပ် သိန်း ၁ ထောင်ကျော်ဖိုး မနေ့က လှူဒါန်းခဲ့တယ်လို့သိရပါတယ်။
2012-11-01
မြန်မာပြည်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ၊ စစ်ပွဲတွေ ရပ်တန့်ရေးအတွက် ရည်ရွယ်ပြီး၊ မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် မဟာအောင်မြေလူငယ်အဖွဲ့က ဦးဆောင်တဲ့ ဆီမီးထွန်းပူဇော်ဆုတောင်းပွဲတစ်ခုကို မန္တလေးမြို့၊ မဟာမြတ်မုနိဘုရားမှာ မနေ့ ညနေ (၆) နာရီက ပြုလုပ်ခဲ့ပါတယ်။
2012-11-01
ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ အကြမ်းဖက် ပဋိပက္ခတွေ ရပ်ဆိုင်းအောင်တားဆီးဖို့ အစိုးရကို ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းရေး ကော်မရှင်က တောင်းဆိုလိုက်ပြီး၊ ဒီပဋိပက္ခတွေကို ရိုဟင်ဂျာတွေ ဖယ်ရှားရေး အတွက် အကြောင်းရင်းတစ်ရပ်အနေနဲ့ အသုံးမပြုဖို့လည်း သတိပေးလိုက်ပါတယ်။
2012-11-01
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန် စီမံကိန်း၊ ဇုန် (၁) အတွက် သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေနဲ့ ပတ်သက်ပြီး လှိုင်သာယာမြို့နယ် အတွင်းပဒံ၊ အပြင်ပဒံ စတဲ့ ကျေးရွာတွေက လယ်သမားဦးရေ (၃၀) ခန့်ဟာ ဒီကနေ့ မနက်ပိုင်းက လသာမြို့နယ်၊ အနော်ရထာလမ်းနဲ့ စဉ့်အိုးတန်းလမ်းထောင့်မှာရှိတဲ့ ဝါဝါ၀င်းကုမ္ပဏီရုံးရှေ့မှာ တရားဝင် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။