သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-12-15
ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံစက်မှုဇုန် ကျောက်စိမ်း ဖိနပ်စက်ရုံက ဆန္ဒပြတောင်းဆိုနေတဲ့ အလုပ်သမားတွေနဲ့ အလုပ်ရှင် ညှိနှိုင်းဆွေးနွေးမှု ဒီနေ့ ပြေလည်သွားပြီလို့ သိရပါတယ်။
2018-12-15
မြေလွတ်မြေလပ်နဲ့ မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေဟာ NCA စာချုပ်ကို ချိုးဖောက်နေပြီး ပြဿနာနဲ့ ပဋိပက္ခတွေကို ပိုမိုဖြစ်ပွားစေနိုင်တာကြောင့် ပယ်ဖျက်ပေးဖို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟို မြေယာကော်မတီက တောင်းဆိုလိုက်ပါတယ်။
2018-12-15
ရခိုင်ပြည်နယ် မြောက်ပိုင်းက အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တဲ့ မောင်တောမြို့နဲ့ အနီးဝန်းကျင် ကျေးရွာတွေမှာ အခုလအတွင်း မဟာဓာတ်အားလိုင်းကနေ ၂၄ နာရီ လျှပ်စစ်ဓာတ်အားပေးနိုင်အောင် ဆောင်ရွက်နေတယ်လို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ဒီနေ့ပြောလိုက်ပါတယ်။
2018-12-15
ကချင်ပြည်နယ်က မူးယစ်ဆေးဝါး ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် အမေရိကန်နိုင်ငံက ဒေါ်လာ ၆ သန်း အကူအညီပေးသွားမယ်လို့ မနေ့က ကြေညာချက် ထုတ်လိုက်ပါတယ်။
2018-12-15
အပစ်ရပ်လက်မှတ်ရေးထိုးထားကြတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်းရေးကောင်စီ RCSS နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO တို့အကြား ပဋိပက္ခတွေ ဖြစ်ပွားနေတာကို စောင့်ကြည့်နေတယ်လို့ အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်ရေးအဖွဲ့ JMC အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး ဝဏ္ဏအောင် က ပြောပါတယ်။
2018-12-15
၂ဝ၁၈ ဒီဇင်ဘာလ ၁၅ ရက်နေ့ည စနေစကားဝိုင်း အစီအစဉ်မှာ " မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့နဲ့ ငြိမ်းချမ်းရေး " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။ ပင်တိုင် ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ နိုင်ငံရေး စစ်ရေး လေ့လာသူတစ်ဦးဖြစ်တဲ့ စာရေးဆရာ ဦးသန်းစိုးနိုင် နဲ့ ၊ Myanmar Institute for Peace and Security က (Executive Director) ဒေါက်တာ မင်းဇော်ဦး တို့ ဖြစ်ပါတယ်။
2018-12-14
အိန္ဒိယနိုင်ငံသားတွေကို ဆိုက်ရောက်ဗီဇာထုတ်ပေးဖို့ မြန်မာနိုင်ငံက ဆုံးဖြတ်လိုက်ပါတယ်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေကနေဝင်လာမယ့် အိန္ဒိယနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေအနေနဲ့ လေဆိပ်မှာပဲ အမေရိကန်ဒေါ်လာ ၅ဝ ပေးသွင်းပြီး ဆိုက်ရောက်ဗီဇာ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။
2018-12-14
ရိုဟင်ဂျာအကြပ်အတည်းကို သံတမန်နည်းအရ ဆက်ပြီးကူညီဖြေရှင်းပေးဖို့နဲ့ သူတို့ကို ဒုက္ခသည် အနေနဲ့ သြစတြေးလျနိုင်ငံကိုခေါ်ပြီး အမြဲတမ်းနေထိုင်ခွင့်ပြု Save the Children အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး McGrath က သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Marise Payne ကို ပန်ကြားတိုက်တွန်းလိုက်ပါတယ်။
2018-12-14
ဥပဒေမဲ့သိမ်းထားတဲ့ မြေတွေကိုပြန်ပေးဖို့ အစိုးရကမူဝါဒချထားပေမယ့် တချို့ဝန်ကြီးဌာနတွေ၊ ပြည်နယ်နဲ့ တိုင်း အစိုးရတွေက ပြန်မပေးပဲထားသလို၊ ပြတ်ပြတ်သားသား ဆောင်ရွက်တာမရှိဘူးလို့ သမ္မတ ဦးဝင်းမြင့်က ဝေဖန်ပြောဆိုလိုက်ပါတယ်။
2018-12-14
မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ ၂ဝ၁၇-၂ဝ၁၈ ခုနှစ်မှာ ၆. ၈ ရာခိုင်နှုန်း ရှိရာကနေ၊ ၂ဝ၁၈-၂ဝ၁၉ မှာ ၆.၂ ရာခိုင်နှုန်းအထိကျဆင်းပြီး၊ ပြန်ပြီးဦးမော့လာဖို့ အခက်အခဲရှိနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ပြောလိုက်ပါတယ်။
2018-12-14
မွန်ပြည်နယ် မော်လမြိုင်မြို့ကိုသွားရောက်ခဲ့တဲ့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ရဲ့ ခရီးစဉ်အတွင်း တိုင်ကြားစာ ၇၅ စောင် ပေးအပ်ခဲ့ရာမှာ မြေယာပြဿနာတွေ၊ မြေစာရင်းနဲ့တရားရေးကိစ္စတွေမှာ ပြည်သူတွေရဲ့ မကျေနပ်ချက်တွေကို အဓိကထား တိုင်ကြားခဲ့ကြပါတယ်။
2018-12-14
လက်ရှိ ၂ဝ၁၈ -၂ဝ၁၉ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ ပြီးခဲ့တဲ့ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်ကထက် ပိုမိုနှေးကွေးလာတယ်လို့ မနေ့က ထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။
2018-12-14
အိန္ဒိယသမ္မတ ရှရီရမ်နက်သ်ကိုဗင့်ဒ် (Shri Ram Nath Kovind) ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း စီးပွားရေးအပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တွေ တိုးမြှင့်နိုင်ဖို့ မြန်မာအစိုးရနဲ့ ဆွေးနွေးခဲ့ပါတယ်။
2018-12-14
ဒီကနေ့မနက်ပိုင်းက ကျိုးကျသွားတဲ့ မြစ်ကြီးနား-ကန်ပိုက်တီလမ်းပေါ်က ဆဒုံးတံတားဟာ သတ္တုတင်တဲ့ ကားတွေ ဖြတ်သန်းစဉ်မှာ ကျိုးသွားတာဖြစ်ပါတယ်။
2018-12-14
ညောင်ဦးမြို့နယ် သရပါဟိုတယ်က အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေအရေး ညှိနှိုင်းဆွေးနွေးဖို့ မန္တလေးတိုင်းအစိုးရက ဖိတ်ခေါ်တာကြောင့် အလုပ်သမားတွေက ဒီနေ့သွားရောက်ဆွေးနွေးရာမှာ တရားစွဲခံရသူတွေ မပါဝင်ရဘူးလို့ သတ်မှတ်တာကို အလုပ်သမားတွေက လက်မခံတဲ့အတွက် ဆွေးနွေးပွဲ ပျက်သွားခဲ့ပါတယ်။