သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-12-04
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ကြံခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးဆန်းဝင်းရဲ့ တိုင်ကြားချက်ကြောင့် မင်းကင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဥပဒေ အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မင်းထွဋ် နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ မနေ့က ဖမ်းဆီးခံ လိုက်ရပါတယ်။
2020-12-04
ကပ်ဘေးကာလမှာ လူစုလူဝေးတွေ မလုပ်ဖို့ ကန့်သတ်ထားတာကြောင့် မြန်မာပြည်တောင်ပိုင်းက ဇာတ်ပွဲတွေ ရပ်နားထားရတဲ့အတွက် ဇာတ်သဘင်ပညာနဲ့ အသက်မွေးရသူတွေ စားဝတ်နေရေး အခက်ကြုံနေရပါတယ်။
2020-12-04
မြန်မာ့ရေပိုင်နက်ထဲကို ဝင်ရောက်လာတဲ့ ထိုင်းအပျော်စီး ငါးဖမ်းသင်္ဘောတစ်စီးပေါ်က ထိုင်းနိုင်ငံသား ၂၂ယောက်ကို တနင်္သာရီတိုင်း ကော့သောင်းမြို့မှာ ထိန်းသိမ်းထားပြီး သူတို့ကို ဘယ်လို ဆက်လက် ကိုင်တွယ်ရမယ်ဆိုတာနဲ့ ပတ်သက်လို့ နေပြည်တော်က ညွှန်ကြားမှာကို စောင့်နေတယ်လို့ တိုင်းအစိုးရအဖွဲ့က ပြောပါတယ်။
2020-12-04
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နေရာအများဆုံး အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ရခိုင်ပြည်နယ် လွှတ်တော်အတွက် ငါးယောက်သာ ရွေးကောက်ခံထားရတဲ့အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှာ ရခိုင်တိုင်းရင်းသားပါတီတွေ ပါဝင်ခွင့်ရဖို့ နိုင်ငံရေးအသိုင်းအဝိုင်းက မျှော်လင့်နေကြပါတယ်။
2020-12-04
ရွေးကောက်ပွဲမှာ ရွေးချယ်တင်မြှောက်တဲ့အခါ ဒီမိုကရေစီနည်းလမ်းတကျ ဆောင်ရွက်ရမယ်၊ ရိုးသားမှန်ကန်စွာ ဆောင်ရွက်ရမယ်၊ သမာသမတ်ရှိရမယ်၊ မည်သို့သော နည်းလမ်းမကျတဲ့ ဆောင်ရွက်မှုမျိုးကိုမဆို ယုံကြည်မှု ကင်းမဲ့စေတယ် ဆိုတာကို သတိပြုရမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီကနေ့ ပြောလိုက်ပါတယ်။
2020-12-03
၂၀၂၀ ပြည့်နှစ် ထိုင်း- မြန်မာနှစ်နိုင်ငံ ရွှေ့ပြောင်းလုပ်သားတွေအရေး ဆွေးနွေးတဲ့ အစည်းအဝေးမှာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခက်အခဲတွေ ထည့်သွင်းဆွေးနွေးဖို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက မြန်မာအစိုးရကို တင်ပြတာတွေ ရှိနေပါတယ်။
2020-12-03
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ရိုဟင်ဂျာ ၂၀၀၀ ကျော်ကို ဘာဆန်ချာကျွန်းပေါ် စတင်ပြောင်းရွှေ့ နေပြီ ဖြစ်ပါတယ်။ အခုပို့တဲ့သူတွေဟာ အဲဒီကျွန်းမှာ သွားနေမယ်လို့ စာရင်းပေးထားသူတွေဖြစ်ပြီး ဒုက္ခသည်အများစု ကတော့ မြန်မာနိုင်ငံကို ပြန်ချင်ကြတယ်လို့ ဆိုပါတယ်။
2020-12-03
ဧရာဝတီတိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေ တိုးလာနေပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြည်သူတွေဘက်က လိုက်နာမှုအားနည်းနေတဲ့အတွက် ကုသရေး ဆောင်ရွက်ပေးနေရသူ အခက်အခဲတွေ ဖြစ်နေတယ်လို့ ပြောကြပါတယ်။
2020-12-03
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ ဦးဂါကျေးရွာက ကလေး လေးယောက်မိခင်ကို အဓမ္မပြုကျင့်ခဲ့တယ်လို့ ဝန်ခံထားတဲ့ တပ်မတော်သား သုံးယောက်ကို ဒီနေ့ စစ်တွေမြို့က တပ်ပိုင် လေးဝတီပညာရေးရိပ်သာမှာ တပ်မတော် အကျဉ်းစစ်တရားရုံး ဖွင့်လှစ်ပြီး ပထမဆုံးအကြိမ် စစ်ဆေးခဲ့ပါတယ်။ သူတို့သုံးယောက်ကို တပ်ပိုင်း ဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ စွဲချက်တင်ပြီး လာမယ့် ဒီဇင်ဘာ ၁၁ ရက်နေ့မှာ အမိန့်ချမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
2020-12-03
လာမယ့် NLD အစိုးရ ဒုတိယသက်တမ်း ငါးနှစ်အတွင်း၊ လက်ရှိ နိုင်ငံခြားရေးမူဝါဒတွေကို သိသိသာသာ မပြောင်းလဲဘူးဆိုရင် အနောက်နိုင်ငံတွေနဲ့ဆက်ဆံရေး ပိုကောင်းလာဖို့မရှိဘဲ အိမ်နီးချင်း တရုတ်နိုင်ငံကြီးနဲ့သာ ပိုနီးကပ်နိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
2020-12-03
ဒီနေ့ ဒီဇင်ဘာ ၃ နေ့ရက်ဟာ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေချိန်မှာ ရောဂါပိုး ကူးစက်မခံရ အောင် သတိကြီးကြီးထားပြီး နေထိုင်နေရပါတယ်။ မသန်စွမ်းတွေကတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွန်ချက်တွေကို လိုက်နာပြီး လှုပ်ရှားသွားလာဖို့ အခက်အခဲတွေရှိနေပါတယ်။
2020-12-03
တိုင်းနဲ့ ပြည်နယ် အသီးသီးက ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာရှင်အဖွဲ့တွေဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရမှု အများဆုံးဖြစ်နေတဲ့ ရန်ကုန်တိုင်းဒေသကြီးကို သွားရောက်ပြီး လုပ်အားပေးနေကြပါတယ်။
2020-12-03
ကျောင်းသင်ရိုးညွှန်တမ်းတွေမှာ လူ့အခွင့်အရေး အသိပညာပေးတာတွေပါ ထည့်သွင်းပေးဖို့အပြင် အခြားသောနည်းလမ်းမျိုးစုံနဲ့ စနစ်တကျလုပ်ဆောင်သွားဖို့ လူ့အခွင့်အရေးပညာပေးသူများကွန်ရက်က တိုက်တွန်းလိုက်ပါတယ်။
2020-12-03
RFA က အပတ်စဥ် ကြာသပတေးနေ့တိုင်း ထုတ်လွှင့်နေတဲ့ ယနေ့နိုင်ငံရေး အစီအစဥ်မှာ “ရွေးကောက်ပွဲ အငြင်းပွားမှုတွေကို ဘယ်လိုဖြေရှင်းမလဲ” ဆိုတဲ့ ခေါင်းစဥ်နဲ့ ဆွေးနွေးတင်ဆက်ထားပါတယ်။
2020-12-02
ရန်ကုန်ကလာပြီး ပုသိမ်မြို့အဝင်မှာ ကျန်းမာရေးစစ်ဆေးမှာကို ရှောင်ချင်တဲ့အတွက် တောလမ်းကနေ မြို့ထဲ ဝင်ရောက်ခဲ့သူတဦးဆီမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပါတယ်။ သူနဲ့အတူပြန်လာပြီး မြို့အဝင်ဂိတ်ကို ရှောင်ရင်း တောလမ်းကနေ မြို့ထဲဝင်ရောက်ခဲ့သူ ၈ ယောက်ကိုလည်း ကျန်းမာရေးဌာနက စုံစမ်းနေတယ်လို့ ဆိုပါတယ်။