သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-09-20
ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ဖိအားပေးအကျပ်ကိုင်ပြီး စစ်ကောင်စီရဲ့ ညွန့်ကြားချက်အတိုင်း မိသားစုထံ လွှဲငွေပို့ခိုင်းနေတဲ့ အေဂျင်စီတွေနဲ့ ပုဂ္ဂလိက အကျိုးဆောင်တွေကို အရေးယူသွားမယ်လို့ NUG က ပြောလိုက်ပါတယ်။
2024-09-20
စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်း တိုင်းနဲ့ ပြည်နယ် သုံးခုမှာ နေထိုင်တဲ့ ချင်းကလေး ၇၃ ဦးဟာ စစ်ကောင်စီတပ်ကြောင့် အသက်သေဆုံးခဲ့ရပါတယ်။
2024-09-20
ဘုတလင်၊ ဒီပဲယင်းနဲ့ ခင်ဦးမြို့နယ်တွေထဲက စစ်ကောင်စီတပ် ကင်းစခန်းနဲ့ ပျူစောထီးရွာတွေကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ် တိုက်ခိုက်နေပါတယ်။
2024-09-20
စစ်တပ်အလိုကျရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေကို နာဂစ်ကြောင့် တစ်နိုင်ငံလုံး ထိခိုက်ဝမ်းနည်းနေချိန်မှာ အတည်ပြု ပြဋ္ဌာန်းခဲ့တာဖြစ်လို့ စစ်ကောင်စီဟာ အခုအချိန်မှာလည်း သဘာဝဘေးကို အကြောင်းပြပြီး သူတို့ အကျိုးစီးပွားဖြစ်အောင် လုပ်လာနိုင်တယ်လို့ NUG က ပြောလိုက်ပါတယ်။
2024-09-20
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့အခြေအနေတွေကို ထိုင်းနိုင်ငံအနေနဲ့ မျက်ကွယ်ပြုလို့ မရနိုင်ကြောင်း ထိုင်းနိုင်ငံခြားရေး ဒုဝန်ကြီးဟောင်း Sihasak Phuangketkeow ရေသားထားတာကို ဘန်ကောက်ပိုစ့်မှာ ဖော်ပြပါတယ်။
2024-09-20
တောင်ငူမြို့နယ်ထဲမှာ ကျေးရွာပေါင်း လေးဆယ်နီးပါး ရေနစ်မြုပ်နေပြီး တစ်ပတ်ကျော်လာတဲ့ ဒီနေ့အထိ အကူအညီမရသေးတဲ့ရွာတွေ ရှိနေပါတယ်။
2024-09-20
စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်တဲ့ လူငယ်တွေ နိုင်ငံပြင်ပကို ထွက်ပြေးနေကြတာတွေကို တားမြစ်ဖို့ စစ်ကောင်စီက ကြိုးပမ်းနေတာလို့ ထိုင်းနိုင်ငံမှာ ပညာရေးဗီဇာနဲ့ ကျောင်းတက်နေတဲ့ လူငယ်တစ်ဦးက RFA ကို ပြောပါတယ်။
2024-09-20
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ ရွာတချို့မှာ ရေဘေးကူညီဖို့ စစ်ကောင်စီတပ်က တားမြစ်ကန့်သတ်မှုတွေရှိနေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက RFA ကို ပြောပါတယ်။
2024-09-20
မိုင်းပျဉ်းမြို့နယ် ယင်းခမ်းကျေးရွာအနီးမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်နေပါတယ်။
2024-09-20
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်နဲ့ ရွှေကူမြို့နယ်တွေမှာ စက်တင်ဘာလ ၁၉ ရက်နေ့က စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ပြည်သူ နှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2024-09-20
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ စက်တင်ဘာ ၃ ရက်နေ့က ပြောဆိုလိုက်ပြီးတဲ့နောက် လေကြောင်းကနေ တိုက်ခိုက်တာတွေ ဆက်တိုက်ရှိပြီး ဒီနေ့အထိ လူပေါင်း ခြောက်ဆယ်နီးပါး (၅၇) ဦး သေဆုံးခဲ့ပါတယ်။
2024-09-20
ချောင်းဦးမြို့နယ်က စစ်ကောင်စီတပ် အခြေစိုက်ထားတဲ့ ကံဇီးရွာကို ဝင်ရောက်စီးနင်းတိုက်ခိုက်တယ်လို့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တွေက ပြောပါတယ်။
2024-09-20
ရာဂီ မုန်တိုင်းအရှိန်ကြောင့် နိုင်ငံတစ်ဝန်း ရေကြီးနစ်မြုပ်မှုတွေဖြစ်ပြီး သီးနှံစိုက်ဧက ခုနစ်သိန်းခွဲကျော် (၇၆၆,၅၈၆ ဧက) ရေနစ်မြုပ်ပျက်စီးသွားတယ်လို့ စစ်ကောင်စီက စက်တင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။
2024-09-20
လွိုင်လင်မြို့နယ်မှာ တောင်ကျချောင်းရေအရှိန်ကြောင့် မြေပြိုပြီး အရပ်သား ၂၈ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက RFA ကို ပြောပါတယ်။
2024-09-20
စစ်ကောင်စီရဲ့ စစ်မှုထမ်း ဥပဒေကို အလိုမရှိကြောင်းနဲ့ ကုန်ဈေးနှုန်းကျဆင်းဖို့ လှုပ်ရှားမှုတစ်ခုကို စက်တင်ဘာလ ၁၉ ရက်နေ့ညက ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်သပိတ်အင်အားစုတွေက RFA ကို ပြောပါတယ်။