သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-03-01
ဒီနေ့ မတ်လ ၁ ရက်နေ့ နေပြည်တော်မှာ ကျင်းပတဲ့ အမျိုးသား လွှတ်တော်မှာ ဥပဒေမူကြမ်း ကော်မတီကို အမတ် ၁၅ ဦးနဲ့ ဖွဲ့စည်း အတည်ပြုလိုက်တယ်လို့ သတင်းရရှိပါတယ်။
2011-03-01
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လာမဲ့ ခြောက်သွေ့ရာသီမှာ ဒေသတချို့မှာ သောက်သုံးရေ ရှားပါးမှုနဲ့ ရင်ဆိုင်ရနိုင်တဲ့ အခြေအနေတွေ ရှိနေတာကြောင့် သောက်သုံးရေ ရရှိရေး တတ်နိုင်သမျှ ကူညီဆောင်ရွက်ဖို့ စတင် လုပ်ဆောင်နေကြောင်း သတင်းရရှိပါတယ်။
2011-03-01
ရာဇမဏိစူဠာကောင်းမှုတော်ကို ရွှေဆေးသုတ်နေတဲ့ အပေါ်ယဉ်ကျေးမှု ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်
2011-03-01
မြန်မာနိုင်ငံမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀ အတွက် အမေရိကန်ပြည်ထောင်စု လော့စ်အင်ဂျလိစ်မြို့ အခြေစိုက် မြန်မာရေးရာအဖွဲ့က လစဉ် ထောက်ပံ့ ကူညီပေးဖို့ တာဝန်ယူလိုက်ပြီလို့ သိရပါတယ်။
2011-02-28
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ ကင်တားနားက မြန်မာပြည်သူတွေ ခံစားနေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ဖြစ်ရပ်တွေကို နားထောင်ဖို့ သူ အမြဲ အဆင်သင့် ဖြစ်နေပါတယ်လို့ RFA နဲ့ ဆက်သွယ် မေးမြန်းခန်းမှာ ပြောဆိုသွားပါတယ်။
2011-02-28
ဖေဖော်ဝါရီ ၂၇ ရက်၊ တနင်္ဂနွေနေ့ည ၇ နာရီ ဝန်းကျင်က ရန်ကုန်မြို့ အင်းစိန်မြို့နယ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ ကမ်းနားလမ်း၊ အောင်ဇေယျ အိမ်ရာအနီးက ကွမ်းယာဆိုင် တဆိုင်မှာ ကွမ်းလာဝယ်သူ တဦးရဲ့ အိတ်ထဲက ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
2011-02-28
ကရင်ပြည်နယ်အတွင်း စစ်အစိုးရတပ်တွေရဲ့ တရားမဲ့ပြုကျင့်မှုတွေ ရပ်ဆိုင်းသွားစေဖို့ ကရင်လူထု ၈ သောင်းကျော် လက်မှတ် ရေးထိုးထားတဲ့ တောင်းဆိုစာတစောင်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ တကွ ဗြိတိန်နဲ့ သြစတြေးလျ ဝန်ကြီးချုပ် အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေဆီကို ဖေဖော်ဝါရီ ၂၈ ရက် ဒီကနေ့ ပေးပို့လိုက်ပါတယ်။
2011-02-28
ချက်ပြည်သူ့ သမတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ခရဲလ် ဆွာစင်ဘာ့ဂ်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ ဖေဖော်ဝါရီ ၂၈ ရက် ညနေပိုင်းက တယ်လီဖုန်းကတဆင့် ဆွေးနွေးမှုတွေလုပ်တယ်လို့ စုံစမ်းသိရှိရပါတယ်။
2011-02-27
လူထု ဆန္ဒပြပွဲတွေကို အကြမ်းဖက် ပစ်ခတ်နှိမ်နင်းနေတဲ့ လစ်ဗျားအာဏာပိုင်တွေကို ဒဏ်ခတ်အရေးယူဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေ တညီတညွတ်တည်း ဆုံးဖြတ်ချက် ချမှတ်လိုက်ပါပြီ။
2011-02-27
နိုင်ငံရေးပါတီ ၁ဝ ဖွဲ့ ပေါင်းစည်းထားတဲ့ ဒီမိုကရေစီ မိတ်ဆွေပါတီများက နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံ ပြန်ခွင့်ပေးဖို့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေတရပ် ပြဋ္ဌာန်းပေးဖို့ တောင်းဆိုလိုက်ပါတယ်။
2011-02-27
H1N1 ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ် တွေ့ရှိတယ်ဆိုတဲ့ သတင်းတွေကြောင့် မြန်မာနိုင်ငံ စစ်တွေခရိုင်နဲ့ အိန္ဒိယနိုင်ငံ တြိပူရ ပြည်နယ်က ကြက်သားနဲ့ ကြက်ဥတွေကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲ တင်သွင်းခွင့် မနေ့ကစပြီး ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။
2011-02-27
အခုတပတ် ဦးခင်မောင်ညိန်း စီစဉ်တင်ဆက်တဲ့ တနင်္ဂနွေ စကားဝိုင်း အစီအစဉ်မှာ မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေက ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရှိသင့်မရှိသင့် ကိစ္စကို ဆွေးနွေးထားကြပါတယ်။
2011-02-26
တူနီးရှားနဲ့ အီဂျစ်နိုင်ငံမှာ ငြိမ်းချမ်းတဲ့ လူထုဆန္ဒပြပွဲတွေနဲ့ အစိုးရတွေ ဖြုတ်ချ လိုက်တာကို မြန်မာပြည်သူတွေ မျက်ခြေမပြတ် စောင့်ကြည့်နေကြ တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မလေးရှားသတင်းထောက် တွေကို တယ်လီဖုံးနဲ့ ပြောကြားသွားပါတယ်။
2011-02-26
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ILO ဒု ညွှန်ကြား ရေးမှူးချုပ် Mr. Guy Ryder နဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် FTUB နဲ့ ဘန်ကောက်မြို့မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့တယ် လို့ သိရပါတယ်။
2011-02-26
ပြည်တွင်း စပါးအထွက် ကျဆင်းမှုနဲ့ ကုန်သည်ကြီးတွေ အလုအယက် ဆန်ဝယ်ယူ စုဆောင်းမှုကြောင့် ဆန်ဈေးတွေ တက်နေချိန်မှာပဲ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကစပြီး မြန်မာအစိုးရ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြည်ပ ဆန်တင်ပို့ခွင့်ကို ပိတ်ပင်လိုက်ပါတယ်။