သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-04-25
ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရှိသူ များနေတဲ့ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တော်တော် များများမှာ ရပ်ကွက်ဆေးခန်းတွေနဲ့ အထူးကုဆေးခန်းတွေ ပိတ်ထားကြတဲ့အတွက် ပုံမှန်ဆေးကုသမှု ခံယူနေရတဲ့ လူနာတွေ အခက်တွေ့နေရပါတယ်။
2020-04-24
စင်္ကာပူနိုင်ငံမှာရောဂါကူးစက်ခံထားရတဲ့သူ အများစုဟာ နိုင်ငံခြားက လာအလုပ်လုပ်ကြတဲ့သူတွေဖြစ်ပါတယ်။မြန်မာနိုင်ငံသား အယောက် ၉၀ ကျော်ကိုလည်း ရောဂါကူးစက်ခံနေရတာပါ။
2020-04-24
မေလဆန်းမှာ မြန်မာနိုင်ငံပြန်လာဖို့ ပြင်ဆင်နေတဲ့ ထိုင်းနိုင်ငံရောက် မြန်မာရွေ့ပြောင်းလုပ်သားတွေကို ပြန်လည်လက်ခံနိုင်ဖို့ ကရင်ပြည်နယ်အစိုးရအဖွဲ့က ပြင်ဆင်နေပါတယ်။ ထိုင်းနိုင်ငံမှာ လုပ်ငန်းတွေတော်တော်များများ ရပ်တန့်ထားလို့ သောင်းနဲ့ချီတဲ့ မြန်မာအလုပ်သမားတွေ ဘဝရပ်တည်ရေးအခက်ကြုံနေရပါတယ်။
2020-04-24
လူဦးရေ ရှစ်သန်းလောက် နေထိုင်တဲ့ ရန်ကုန်မြို့မှာ နေ့စဉ် အမှိုက်တန်ချိန်ပေါင်း နှစ်ထောင့်ငါးရာလောက် စွန့်ပစ်နေတာပါ။ အဲဒီအမှိုက်တွေထဲမှာ ကြွတ်ကြွတ်အိတ်၊ ပလပ်စတစ်အိတ်နဲ့ တခါသုံး စွန့်ပစ်အမှိုက်တွေ အများဆုံး ပါဝင်နေပါတယ်။
2020-04-24
မြန်မာ့နိုင်ငံရေး၊ လူမှုရေးနယ်ပယ်က လူပုဂ္ဂိုလ်တွေ သတင်းမီဒီယာတွေမှာ ပြောကြားကြတဲ့အထဲက စိတ်ဝင်စားစရာ ပြောကြားချက်တချို့ကို လက်လှမ်းမီသရွေ့ စုစည်းပြီး RFA အဖွဲ့သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2020-04-24
တပ်မတော်စစ်ကြောင်းတွေက ဝင်ရောက်မီးရှို့ခဲ့တယ်လို့ စွပ်စွဲခံထားရပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက မီးလောင်ခြင်းမရှိဘူးလို့ ငြင်းဆိုထားတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တင်းမကျေးရွာက နေအိမ် ၅၀ဝ ကျော်အတွက် ရခိုင်ပြည်နယ် အစိုးရက ထောက်ပံ့ကြေးငွေ သိန်း ၉ဝဝ ကျော်ကို ဧပြီလ ၂၂ ရက်နေ့က ပေးအပ်လိုက်ပါတယ်။
2020-04-24
ရခိုင်နဲ့ ချင်းပြည်နယ်မှာ အသက်စွန့်ကာကွယ်နေတဲ့ တပ်မတော်သားတွေအပေါ် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချီကျူးစကားဟာ၊ လက်နက်ကိုင်ပဋိပက္ခကို မဖြေရှင်းနိုင်ဘဲ၊ အန္တရယ်ကြီးတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီ ANP ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက ဝေဖန်လိုက်ပါတယ်။
2020-04-24
ကိုရိုနာဗိုင်းရပ်စ်အန္တရာယ် ကာလအတွင်း ပုဂ္ဂလိက သတင်းမီဒီယာလုပ်ငန်းတွေ ဆက်လက်ရပ်တည်ရေးအတွက် ဘဏ္ဍာရေးပိုင်းမှာ ပိုမိုခက်ခဲလာလို့ သတင်းသမား အများအပြား အလုပ်ကနေ ရပ်နားခံနေရပါတယ်။ ဒီအထဲမှာ မြန်မာတိုင်းမ် သတင်းဌာနနဲ့ ဧရာဝတီ သတင်းဌာနတို့က သတင်းထောက်တချို့လည်း ပါဝင်ပါတယ်။
2020-04-24
ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ တိုးလာပြီး ကူးစက်မှု ပိုများလာနိုင်တဲ့ အလားအလာ ရှိနေတာကြောင့် ဒေသန္တရ အမိန့်တွေ၊ ညွှန်ကြားချက်တွေနဲ့ တင်းတင်းကြပ်ကြပ် ထိန်းချုပ်ဖို့ လိုအပ်တယ်လို့ အစိုးရကို တိုက်တွန်းနေကြပါတယ်။
2020-04-24
ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကပ်ရောဂါကြီးကို ရင်ဆိုင်နေရချိန် - မြန်မာနိုင်ငံက ကျန်းမာရေး ဝန်ထမ်းတွေကြားမှာတော့ - ဒီကပ်ရောဂါကို ရင်ဆိုင်တိုက်ဖျက်ဖို့အတွက် ဆေးရုံသုံး ပစ္စည်း မလုံလောက်မှာ စိုးရိမ်တာတွေ ရှိနေပါတယ်။
2020-04-23
တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ မနေ့ညနေက လက်နက်ကြီး၊ လက်နက်ငယ်တွေကြောင့် အရပ်သား ၄ ဦး၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ကလေးနှစ်ဦးအပါအဝင် လူ ၄ ဦးသေဆုံးခဲ့ပါတယ်။
2020-04-23
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး ပြန်လည်သက်သာပျောက်ကင်းသွားတဲ့ လူနာ နံပါတ် ၃ ဟာ ရန်ကုန်၊ ဝေဘာဂီဆေးရုံကနေ ပြန်ဆင်းရတော့မှာဖြစ်ပါတယ်။
2020-04-23
RFA ပေးစာ ပြန်စာ အစီအစဉ်ကို ထုတ်လွှင့်မှာ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ရခိုင်ပြည်နယ် ကချင်ပြည်နယ်နဲ့ ရန်ကုန်တိုင်း တို့က ဖုန်းနဲ့ဆက်သွယ်ပြောလာတာ၊ စာနဲ့ရေးသား ပေးပို့လာတာတွေကို RFA သတင်းထောက် မဖြူဖြူခိုင်က စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။
2020-04-23
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့က အပြည်ပြည်ဆိုင်ရာတရားရုံး ICJ က မြန်မာနိုင်ငံ အပေါ် ကြားဖြတ် စီရင်ချက် လေးခုချမှတ်ထားပါတယ်။ အဲဒီအချက်တွေထဲမှာ နောက်လေးလကြာရင် မြန်မာအစိုးက ICJ ထံ အစီရင်ခံစာ တင်သွင်းရမယ်ဆိုတဲ့ အချက်ပါဝင်ပါတယ်။
2020-04-23
တရုတ်နိုင်ငံကနေ နယ်စပ်ဖြတ်ပြီး ပြန်လာတဲ့သူတွေ ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသ၊ ချင်းရွှေဟော်နဲ့ လောက်ကိုင်မြို့ တို့မှာ တစ်ထောင်ကျော် ရောက်နေကြတဲ့အတွက် သူတို့အားလုံးကို စောင့်ကြည့်စခန်းတွေမှာထားဖို့ အခက်အခဲဖြစ်နေ တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။