သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-04-21
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ထိန်းချုပ်ရေးအတွက် စက်ရုံတွေခေတ္တပိတ်လို့ ရန်ကုန် အထည်ချုပ်စက်ရုံတွေကနေ မကွေးတိုင်း ဇာတိမြေကို ပြန်ရောက်နေကြတဲ့ သူတွေဟာ ရန်ကုန်က စက်ရုံတွေပြန်ဖွင့်လို့ အလုပ်ပြန်ဝင်ကြရတော့မယ်ဆိုပေမဲ့ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်နဲ့ စစ်ဆေးမှုတွေကြောင့် ရန်ကုန်ကို ပြန်ဖို့ အခက်တွေ့နေပါတယ်။
2020-04-21
သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်တာ ၆ နှစ်ပြည့်တဲ့ ဧပြီလ ၂၁ ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ ပြည်တွင်းပြည်ပ တက်ကြွလှုပ်ရှားသူတွေက အပြာရောင်ဝတ် လှုပ်ရှားမှုနဲ့ ဦးဝင်းတင်ကို အမှတ်တရဂုဏ်ပြုကြသလို နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ကိုလည်း တောင်းဆိုကြခဲ့ပါတယ်။
2020-04-21
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်အပါအဝင် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး၊ လူမှုရေး ၀န်ကြီး၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး၊ စည်ပင်ဝန်ကြီး၊ ရှမ်းပြည် နယ်လွှတ်တော်ဥက္ကဌ၊ ရှမ်းပြည်နယ်ရဲမှူးချုပ် အပါအဝင် လူသုံးဆယ်လောက် ကျန်းမာရေးစောင့်ကြည့်ခံနေရတယ်လို့ အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က RFA ကိုပြောပါတယ်။
2020-04-21
ကမ္ဘာတဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေဟာ ဧပြီလ ၂၁ ရက် အင်္ဂါနေ့အထိ ၂ သန်းခွဲကျော်နဲ့ သေဆုံးသူ ၁ သိန်း ၇ သောင်းကျော် ရှိသွားပါပြီ။ မြန်မာနိုင်ငံမှာဆိုရင်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၂ဝ ကျော်နဲ့ သေဆုံးသူက ၅ ယောက် ရှိပါတယ်။ ဒီအထဲမှာ ကျန်းမာရေးဝန်ထမ်းတချို့လည်း ကူးစက်ခံနေရတာ ဖြစ်ပါတယ်။
2020-04-21
ရခိုင်ပြည်နယ်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတယ်လို့ သံသယရှိတဲ့ လူနာတွေအတွက် ဆေးစစ်ချက်ယူဖို့ စစ်တွေမြို့ ကနေ ရန်ကုန်ကို သွားတဲ့ WHO မော်တော်ကားဟာ မင်းပြားမြို့နယ်မှာ မနေ့ညနေက ပစ်ခတ်ခံခဲ့ရပါတယ်။
2020-04-21
ရန်ကုန်တိုင်းဧရိယာထဲက ကိုကိုးကျွန်းမြို့ဟာ ပြင်ပနဲ့ တခါတရံဆက်သွယ်နိုင်တဲ့ ရေကြောင်း၊ လေကြောင်းခရီးစဉ်တွေကို ဆိုင်းငံ့ထားလိုက်ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဟန့်တားနိုင်အောင် လုပ်ဆောင်နေပါတယ်။ နောက်ဆုံး လေယာဉ်ခရီးစဉ်နဲ့ ပါလာသူတွေကိုလည်း အသွားအလာကန့်သတ်စောင့်ကြည့်ပြီးမှ နေအိမ်တွေကို ပြန်ခိုင်းခဲ့ပါတယ်။
2020-04-21
ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့ကာလမှာ အစိုးရအဖွဲ့နဲ့ ဝန်ကြီးဌာနတချို့ရဲ့ ထုတ်ပြန် ချက်တွေဟာ အများပြည်သူ နားလည်ဖို့မလွယ်ကူဘဲ၊ ဘာကိုလုပ်ရမယ်ဆိုတာကို တိတိကျကျ မသိနိုင်တဲ့ ထုတ်ပြန်ချက်တွေ ဖြစ်နေသလို အချိန်နီးကပ်မှ ထုတ်ပြန် တာတွေလည်း တွေ့နေရပါတယ်။
2020-04-21
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ဖို့ လားရှိုးမြို့နယ်အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းက ဈေးတွေမှာ လူစုလူဝေး မဖြစ်ရအောင် ခြောက်ပေအကွာကနေ ဝယ်ယူရောင်းချနိုင်ဖို့ နေရာရွှေ့ပြောင်းနေပါတယ်။
2020-04-20
သဘာဝ သယံဇာတ ပေါကြွယ်ဝပြီး၊ စီးပွားရေးအလားအလာကောင်းတွေရှိတဲ့ ရခိုင် ပြည်နယ်ဟာ ဘာသာလူမျိုး ပဋိပက္ခနဲ့ စစ်ရေး ပဋိပက္ခတွေ တွဲဖက်ပေါ်ပေါက်နေတဲ့ ပြည်နယ်လည်းဖြစ်ပါတယ်။
2020-04-20
ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးပျောက်အောင် ကုသနိုင်တဲ့ဆေးတွေ့ပြီလားဆိုတာ လူတိုင်းစိတ်ဝင်စားနေကြတဲ့မေးခွန်းတစ်ခုပါ။ ရောဂါကူးစက်ခံထားရသူ အများဆုံးရှိတဲ့ အမေရိကန်ပြည်ထောင်စုမှာတော့ Remdesivir လို့ခေါ်တဲ့ဆေးနဲ့ စမ်းသပ်ကုသနေတာ အလားအလာကောင်းတချို့ရှိနေပါတယ်။
2020-04-20
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာက အုပ်ချုပ်ရေးမှူး အပါအဝင် ရွာသား ၃၉ ဦးကို မနေ့က မနက်ပိုင်းက တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ရွာသားတွေကပြောပါတယ်။
2020-04-20
နေပြည်တော်ကောင်စီနယ်မြေထဲကို ဝင်လာသူမှန်သမျှကို Quarantine ၂၁ ရက်အသွားအလာ စောင့်ကြည့်တာတွေ ဒီနေ့စတင်လုပ်နေပါပြီ။
2020-04-20
ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ကာကွယ်ရေးအတွက်၊ တစ်နိုင်ငံလုံးရှိ စက်ရုံ၊ အလုပ်ရုံ အားလုံးကို ဧပြီလ ၃၀ ရက်နေ့ထိ ပိတ်ထားဖို့ အလုပ်သမား လူဝန်မှုကြီးကြပ်ရေးနဲ့ ပြည့်သူ့အင်အား ဝန်ကြီးဌာနက ဧပြီလ-၁၉ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2020-04-20
ရန်ကုန်ကနေ စစ်တွေလေဆိပ်ကို အဲကမ္ဘောဇလေကြောင်းလိုင်းနဲ့ ဧပြီ ၁၉ ရက်နေ့ မနေ့က ရောက်ရှိလာတဲ့ ခရီးသည် ၆၅ ဦးမှာ နှစ်ဦးကိုသာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် သီးသန့်နေထိုင်ဖို့ ပြည်နယ်အစိုးရက ကန့်သတ်စောင့်ကြည့်ထားပါတယ်။
2020-04-20
ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းကစလို့ ဆန်ရိက္ခာပြတ်လပ်နေတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ်ကို မနေ့က ဆန်အိတ် ၈၀၀ ကျော် ပထမဆုံး ရောက်ရှိသွားပြီး ဒီပမာဏဟာ မြို့ပေါ်က လူဦးရေ တစ်သောင်း ကျော်အတွက် တစ်ပတ်စာ ဖူလုံသွားပါတယ်။