သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-12-02
ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ပြန်ကျင်းပဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်း မဲပေးခွင့်ရှိသူ ၁၆ သိန်းထဲက ၄ သိန်းပဲ မဲပေးခွင့်ရခဲ့တာမို့ လူပေါင်း ၁၂ သိန်း မဲပေးခွင့် ဆုံးရှုံးနေတယ်လို့လည်း ဆိုပါတယ်။
2020-12-02
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ခွင့်ပြုချက်မရှိဘဲ ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းတွေ၊ အမှတ်အသား အထောက်အထားတွေကို ဘယ်အဖွဲ့အစည်း၊ ဘယ်သူ တစ်ဦးတစ်ယောက်ကိုမှ ကူးယူခွင့်မပြုဖို့ ကော်မရှင်က ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ကို ဒီဇင်ဘာလ ၁ ရက် မနေ့က ညွှန်ကြားခဲ့ပါတယ်။
2020-12-02
နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပတဲ့ ရွေးကောက်ပွဲနေ့ မဲရုံတာဝန်ကျ ဆရာ၊ ဆရာမတွေကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အပါအဝင် ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့တဲ့ ပါတီတချို့က တရားစွဲဆို ထားတယ်လို့ အခြေခံပညာရေးလုပ်သားများ သမဂ္ဂက ပြောပါတယ်။
2020-12-02
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် နုတ်ထွက်တာဟာ သူ့ရဲ့ ပုဂ္ဂိုလ်ရေးဆန္ဒနဲ့ လောကုတ္တရာ ကူးပြောင်းရေးဆန္ဒကြောင့် ဖြစ်ပြီး တခြား ဘယ်အကြောင်းကိစ္စကြောင့်မှ မဟုတ်ကြောင်း သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက ပြောလိုက်ပါတယ်။
2020-12-02
ရက္ခိုင့်တပ်တော် (AA)နဲ့ မြန်မာ့တပ်မတော်ဘက်က ခေါင်းဆောင်တွေ ပြီးခဲ့တဲ့အပတ် နိုဝင်ဘာလ ၂၅ ရက်နေ့က အွန်လိုင်းကတဆင့် အချိန်နာရီဝက်ကြာ ဆွေးနွေး ပြောဆိုခဲ့ကြတယ်လို့ ရက္ခိင့်တပ်တော် (AA) က ဒီကနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။
2020-12-02
မန္တလေးတိုင်း တရားလွှတ်တော်မှာ တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဦးကြည်သိန်း (ခ) ဦးကြည်သိန်းအောင်ကို တရားသူကြီးချုပ်အဖြစ် နိုင်ငံတော်သမ္မတက မနေ့က အဆိုပြုထားတာကို တိုင်းဒေသကြီးလွှတ်တော်က ဒီကနေ့ ကျင်းပတဲ့ အစည်းအဝေးမှာ အတည်ပြု ခန့်အပ်လိုက်ပါတယ်။
2020-12-02
အသစ်တက်လာမယ့် ဧရာဝတီတိုင်းအစိုးရသစ်အနေနဲ့ မြေယာနဲ့ သဘာဝ ပတ်ဝန်းကျင် စိန်ခေါ်မှုတွေကို ဖြေရှင်းကာ စီးပွားရေး ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဖို့အတွက် ဒေသခံအဖွဲ့အစည်းတွေက မျှော်လင့်နေကြပါတယ်။
2020-12-02
ကယားပြည်နယ်မှာဆိုရင် မြန်မာတစ်နိုင်ငံလုံး ဖြန့်ဖြူးပေးနေတဲ့ လောပိတ ရေအားလျှပ်စစ်စက်ရုံ ရှိပေမယ့် ပြည်နယ်မှာရှိတဲ့ ကျေးရွာတွေ တော်တော်များများ မီးမရရှိကြသေးပါဘူး။ NLD ပါတီ ဦးဆောင်တဲ့ ဒုတိယအကြိမ် အစိုးရသက်တမ်းမှာတော့ တစ်ပြည်နယ်လုံး မီးလင်းနိုင်ဖို့ လူထုက လိုလားနေပါတယ်။
2020-12-01
မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ရောက်ရှိခဲ့တဲ့ ဂျပန်အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါ က မြန်မာအစိုးရနဲ့ တပ်မတော်ခေါင်းဆောင်တွေကို တွေ့ဆုံခဲ့သလို ရခိုင်ပြည်နယ်ကိုလည်း သွားရောက်ပြီး ဒေသခံပြည်သူတွေ နိုင်ငံရေးသမားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
2020-12-01
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကချင်နှစ်ခြင်းအသင်းတော် (KBC) ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်ဦးဆောင်တဲ့အဖွဲ့ ဒီကနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တွေ့ဆုံခဲ့ပါတယ်။
2020-12-01
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကချင်နှစ်ခြင်း အသင်းတော် KBC ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်ဦးဆောင်တဲ့ အဖွဲ့နဲ့ ဒီကနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာတွေ့ဆုံခဲ့ပြီး မြစ်ဆုံစီမံကိန်းအပါအဝင် ကိုဗစ်ရောဂါကူးစက်မှု၊ ငြိမ်းချမ်းရေးနဲ့ ဒုက္ခသည် နေရပ်ပြန်လည်အခြေချရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ KBC ဥက္ကဋ္ဌက RFA ကို ပြောပါတယ်။
2020-12-01
နိုင်ငံတော် သမ္မတက အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်ကို မိမိသဘော ဆန္ဒအလျောက် ရာထူးကနေ နုတ်ထွက်ခွင့် ဒီနေ့ခွင့်ပြုလိုက်တယ်လို့ ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက RFA ကို ပြောပါတယ်။
2020-12-01
ယူနက်စကို စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေက အုတ်ကျောင်းတွေ၊ တံတိုင်းတွေကို တင်ဒါခေါ်ယူပြီး ပြုပြင်မယ်ဆိုရင် ထိန်းသိမ်းရမယ့် ရှေးလက်ရာတွေ ပျောက်ပျက်သွားမှာကို ပညာရှင်တွေက စိုးရိမ်နေကြပါတယ်။
2020-12-01
၂၀၂၀ ရွေးကောက်ပွဲကို လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲအဖြစ် သံသယကင်းဖို့အတွက် မြို့နယ် ၂၁၈ ခုမှာ တပ်မတော်သားတွေနဲ့ တပ်မိသားစုဝင်တွေ မဲပေးခဲ့တဲ့ ဖြစ်စဥ်တွေကို ပြန်စိစစ်နေတယ်လို့ တပ်မတော်က နိုဝင်ဘာ ၃၀ ရက် မနေ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ နိုင်ငံရေးလေ့လာသူတွေနဲ့ ဥပဒေပညာရှင်တွေကတော့ ဒီ လုပ်ဆောင်ချက်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီညွတ်ဘူးဆိုပြီး ထောက်ပြဝေဖန် နေကြပါတယ်။
2020-12-01
ရခိုင်ပြည်နယ်က ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ် ကိုးခုမှာ ရွေးကောက်ပွဲ ပြန်ကျင်းပပေးဖို့ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ သဘောထားတွေ ထုတ်ပြန်ခဲ့ပြီးနောက် တိုက်ပွဲတွေ ရပ်စဲနေတဲ့အချိန်မှာ ရွေးကောက်ပွဲ ပြန်ကျင်းပနိုင်ရေးဟာ ငြိမ်းချမ်းရေးနဲ့လည်း သက်ဆိုင်နေပါတယ်။