သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-08-18
ဒေသခံ ၃ ထောင်လောက် တက်ရောက် တဲ့ ၂၁ ရာစု ပင်လုံညီလာခံ ထောက်ခံကြို ဆိုတဲ့ အခမ်းအနားကို ကချင်ပြည်နယ် မြစ် ကြီးနားမြို့မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2016-08-18
ကမ္ဘာ့နိုင်ငံပေါင်း ၂၅ နိုင်ငံက လူငယ်ပေါင်း ၂ သန်းနီးပါးပါဝင်ကြတဲ့ U- report လို့ခေါ်တဲ့ လူမှုကွန် ရက်ကတစ်ဆင့် လူငယ်တွေရဲ့ အသံတွေ ထုတ်လွှင့်မယ့် အစီအစဉ်တရပ်ကို ဒီကနေ့ နေပြည်တော် မင်္ဂလာသီရိ ဟိုတယ်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။
2016-08-18
သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေကို မူလပိုင်ရှင်တောင်သူတွေထံ ပြန်လည်ရရှိအောင် လုပ်ဆောင်သွားမှာဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း က ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောကြား ခဲ့ပါတယ်။
2016-08-18
၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ဖို့ အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးပါဝင်ရေးမူကို ချမှတ်ခဲ့တဲ့ အပေါ် ကြိုဆိုထောက်ခံကြောင်းနဲ့ ညီလာခံတက်ရောက်ဖို့ အဆင်သင့်ရှိနေကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
2016-08-18
ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် အမှတ် ၂ နဲ့ ၃ ရပ်ကွက်မှာ ကာကွယ်ရေးဝန်ကြီး ဌာနက သိမ်းယူထားတဲ့ မြေကွက်တွေ အတွက် လျှော်ကြေးငွေရရှိဖို့ မြေသိမ်းခံရသူ ၅ဝ လောက် က ရန်ကုန်မြို့ လူထုဟစ်တိုင်ကွင်းမှာ ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
2016-08-18
၆၉ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားကို မွန်ပြည်သစ်ပါတီဌာနချုပ်၊ ထားဝယ်ခရိုင် ဝယ်ဇင်းစခန်းအပါအဝင် မွန်ပြည်နယ်က မြို့နယ်တွေမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2016-08-18
NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပညာရေး ကွန်ရက်က ဖွင့်လှစ်ထားတဲ့ ပညာဒါနကျောင်း ၁ဝ ကျောင်းအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT က Laptop ကွန်ပျူတာ အလုံး ၂ ရာ လှူဒါန်း ပွဲကို ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2016-08-18
မှုခင်းကျဆင်းရေးအတွက် ရဲတပ်ဖွဲ့ဝင်အင်အားတိုးချဲ့ဖို့၊ ရဲတပ်ဖွဲ့ဝင်တွေကို အထောက်အပံ့ ပြည့်စုံအောင်ပေးဖို့ ၊ မှုခင်းနဲ့ ပတ်သက်တဲ့ ဝန်ထမ်းတွေကို အရေးယူဖို့ သြဂုတ်လ (၁၇) ရက် ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ လွှတ်တေ်ာ ကိုယ်စားလှယ် ၈ ယောက်က ဆွေးနွေးကြပါတယ်။
2016-08-18
အစိုးရသစ်အနေနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး ခြောက်ခုမှာ တရားမဝင် ကုန်စည်စီးဆင်းမှု တားဆီးရေးစီမံချက်ကို အကောင်အထည်ဖော်ဖို့ စီစဉ်နေတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဒေါက်တာသန်းမြင့် က ပြောပါတယ်။
2016-08-18
ရန်ကုန်မှာ ပြေးဆွဲနေတဲ့ ဘတ်စ်ကားတွေထဲက ထူးခြားတဲ့ ဘတ်စ်ကားရှိပါတယ်။ အဲ့ဒီ ဘတ်စ်ကားမှာ ခရီးသည်တွေထံက ကားခတောင်းတဲ့ ယဉ်နောက်လိုက် မပါဘဲ မိမိအသိစိတ်နဲ့ ခြင်းထဲထည့်ပေးရတာဖြစ်ပါတယ်။
2016-08-18
မှုခင်းကျဆင်းရေးအတွက် ရဲတပ်ဖွဲ့ဝင်အင်အား တိုးချဲ့ဖို့၊ ရဲတပ်ဖွဲ့ဝင်တွေကို အထောက်အပံ့ ပြည့် စုံအောင်ပေးဖို့ ၊ မှုခင်းနဲ့ ပတ်သက်တဲ့ ဝန်ထမ်းတွေ ကို အရေးယူဖို့ ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ လွှတ်တေ်ာ ကိုယ်စားလှယ် ၈ ယောက် က ဆွေးနွေးကြပါတယ်။
2016-08-18
ရန်ကုန်မြို့မှာ ငါးကင်ဆိုင်ဖွင့်ရောင်းပြီး ရရှိတဲ့ အမြတ်ငွေထဲကမှ အခမဲ့စာကြည့်တိုက်တွေ တည်ထောင်သူ ကိုဇော်ဇော် ခေါ် ကိုသိန်းဇော်ကို ၂၀၁၆ ခု ဇူလိုင်လအတွက် ဂုဏ်ပြုချီးကျူးထိုက်သူ အဖြစ် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်း စုကြည်က ရွေးချယ်ကြောင်း မနေ့က နိုင်ငံတော် အတိုင်ပင်ခံရုံးက ထုတ်ပြန်ကြေညာပါတယ်။
2016-08-18
ကူးစက်ရောဂါဖြစ်ပွားနေတဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ ပတ်သက်လို့ အစိုးရရဲ့ ကိုင်တွယ်ပုံအပေါ် ဝေဖန်ကန့်ကွက်နေတာကြတဲ့ အခြေအနေအပြင် မြန်မာနိုင်ငံက လူမှုအဖွဲ့အစည်းတွေရဲ့ လုပ်ငန်းတွေအပေါ် အစိုးရရဲ့ ကန့်သတ်မှုတွေနဲ့ ပတ်သက်လို့ လူ့အခွင့်ရေးလှုပ်ရှားနေတဲ့ Equality Myanmar အဖွဲ့ ဒါရိုက်တာ ဦးအောင်မျိူးမင်းကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်။
2016-08-18
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင် မိုးညိုမြို့နယ် စံပယ်မြောင်အုပ်စု၊ စိန်တိုင်ကျေးရွာမှာ သြဂုတ်လ ၁၆ ရက်နေ့ ညပိုင်း ၉ နာရီခန့် က လေဆင်နှာမောင်း တိုက်ခိုက်ခံရတာကြောင့် အိမ်ခြေ ၂၆ လုံး ပျက်ဆီးသွားတဲ့အကြောင်းကို ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ် အမှတ် ၁ ၊ လွှတ်တော်ကိုယ်စားလှယ် ဦးအေးဝင်း ကို RFA အဖွဲ့သား ကိုရဲစည်သူကာ ဆက်သွယ်မေးမြန်း ထားပါတယ်။
2016-08-17
အဆင့်မြင့်ပညာဦးစီးဌာနအောက်က တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်တွေက သရုပ်ပြ၊ နည်းပြတွေကို လက်ထောက်ကထိကရာထူး တိုးပေးလိုက်တာနဲ့ ပတ်သက်ပြီး သြဂုတ်လ ၁၁ ရက်နေ့က မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က သဘောထားကြေညာချက် ထုတ်ပြန်ရာ မှာ ရာထူးတိုးအရည်အချင်းနဲ့ ကိုက်ညီသူအားလုံးကို တပြေးညီသတ်မှတ်ဆက်ဆံဖို့ တောင်းဆိုလိုက် ပါတယ်။