သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-09-16
လာမယ့်နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပ မယ့် ရွေးကောက်ပွဲအပြီး တက်လာမယ့် အစိုးရဟာ အမျိုးသားလုံခြုံရေးကို ဦးထိပ် ထားတဲ့ အစိုးရဖြစ်ဖို့လိုအပ်တယ်လို့ မန္တလေးမစိုးရိမ်တိုက် သစ် ဆရာတော်အရှင်ဝီရသူ က မိန့်ကြားလိုက်ပါတယ်။
2015-09-16
မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်၊ မဟာအောင်မြေ၊ ချမ်းအေးသာစံနဲ့ ချမ်းမြသာစည်မြို့နယ်တွေမှာရှိတဲ့ စက်ရုံလုပ်သားတွေနဲ့ ရွှေ့ပြောင်းနေထိုင်ကြ သူတွေဟာ တစ်မြို့နယ်စီမှာ မဲပေးခွင့်ရှိသူ လူဦးရေ ၅ သောင်းလောက် မဲစာရင်းမှာ မပါသေးဘူးလို့ မန္တလေးမြို့အခြေစိုက် အမျိုးသမီးနိုင်ငံရေးအင်အားစုများ အဖွဲ့က ပြောပါတယ်။
2015-09-16
အင်တာနက် ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ Eleven မီဒီယာအုပ်စုရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာအောင် ရေးသားတယ်ဆိုပြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေကို Eleven မီဒီယာက တရားစွဲဆိုတာကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် ရုံးက လက်ခံလိုက်ပါတယ်။
2015-09-16
နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနား မြို့နယ်ကနေ ရွေးကောက်ပွဲဝင်မယ့် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီက ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်လောင်း ဒေါ်ဝင်းဝင်းသီက ဒီနေ့ သူ့မဲဆန္ဒနယ်ထဲ က ဒေသခံတွေနဲ့ တွေ့ဆုံပြီး မဲဆွယ်စည်းရုံး ဟောပြောခဲ့ ပါတယ်။
2015-09-16
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသားလွှတ်တော်ကိုယ်စား လှယ်လောင်း နော်လှလှစိုးဟာ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်က ပျဉ်းမပင်နဲ့ ရွာမရပ်ကွက်တွေမှာ ဒီနေ့ မဲဆွယ်စည်းရုံးခဲ့ပါတယ်။
2015-09-16
ရှမ်းပြည်နယ် တရုတ်-မြန်မာနယ်စပ်အနီး က ဝတပ်ဖွဲ့တွေသြဇာလွှမ်းတဲ့ မိုင်းလား မြို့နယ်က ကျေးရွာအုပ်စု ၂ဝ ကျော်မှာ မဲပေးခွင့်ရှိသူစာရင်း ကောက်ယူနိုင်ခြင်း မရှိတဲ့အတွက် အခုချိန်ထိ မဲပေးခွင့်ရှိသူ တစ်ထောင်ကျော်လောက်ကိုသာ ရရှိထားတယ်လို့ ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌက ပြောပါတယ်။
2015-09-16
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်ကို လာမယ့် အောက်တိုဘာလအလယ်မှာ စတင်မယ်လို့ NLD ပါတီက ဒီကနေ့ အတည်ပြု ပြော ကြားပါတယ်။
2015-09-16
၂ဝ၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို နေပြည်တော် လွှတ်တော်ရပ်ဝန်းက သဘင်ဆောင်မှာ ကျင်းပခဲ့ပါတယ်။
2015-09-16
မနေ့ကစပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ မဲပေးခွင့်ရှိသူစာရင်းတွေကို ကြေညာရာမှာ အရင် က ကြေညာတဲ့ပုံစံနဲ့ မတူဘဲ ပုံစံပြောင်းသွားတဲ့ အတွက် မဲစာရင်း ပါမပါ မှန်၊ မမှန် စစ်ဆေးသူတွေ အခက်အခဲတွေ ရှိနေသလို တချို့ကျေးရွာတွေမှာ မဲစာရင်းမထုတ်ပြန်နိုင်သေးတာတွေရှိတယ်လို့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ဒေသ ခံတွေ ပြောကြပါတယ်။
2015-09-16
တိုင်းရင်းသားလက်နှက်ကိုင်အဖွဲ့တွေအားလုံးမပါဝင်ပဲ နဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်သွားဖို့အတွက် အစိုးရက စီစဉ်နေတာဟာ စေတနာမမှန်ဘူးလို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ရဲ့ ဒုတိယဥက္ကဌ ဦးနိုင်ဟံသာက RFA ကို ပြောပါတယ်။
2015-09-16
လာမယ့် ရွေးကောက်ပွဲကို ကယားပြည်နယ် ရှားတောမြို့နယ် မဲဆန္ဒနယ်မြေကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်ထောင် စုဝန်ကြီး ဦးအောင်မင်းကို ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး စက်တင်ဘာလ ၁၅ ရက်နေ့ မနက်က မြန်မာငြိမ်းချမ်းရေးအဖွဲ့ရုံးမှာ ဦးခင်မောင်စိုး သွားရောက်တွေ့ဆုံပြီး မေးမြန်းခဲ့ ပါတယ်။
2015-09-16
NLD ပါတီကနေ ရန်ကုန်တိုင်းဒေသကြီး ဒေါပုံ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာ အတွက် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးပြုံးချိုဟာ စက်တင်ဘာလ ၁၅ ရက်နေ့က ဒေါ ပုံမြို့နယ်မှာ စပြီး မဲဆွယ်စည်းရုံးနေပါတယ်။
2015-09-16
ရွေးကောက်ပွဲမှာ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာ အတွက် ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ NLD ပါတီက ဦးရည်မွန် ခေါ် ကဗျာဆရာ မောင်တင်သစ်ဟာ စက်တင်ဘာလ ၁၄ ရက်နေ့က သူ့ဇာတိ မြေဖြစ်တဲ့ မဲဆန္ဒနယ်က ကျေးရွာ၊ ရပ်ကွက်တွေမှာ မဲဆွယ်စည်းရုံးနေပါတယ်။
2015-09-16
ရခိုင်ပြည်နယ်မှာ အခြေခံမဲဆန္ဒရှင်စာရင်းကို စက်တင်ဘာလ ၁၄ ရက်နေ့က ထုတ်ပြန်ကြေငြာလိုက်ပြီး စစ်တွေမြို့မှာတော့ အမှားအယွင်းတွေရှိနေဆဲ လို့ ဒေသခံတွေက ပြောကြပါတယ်။
2015-09-16
တပ်မတော်ကအငြိမ်းစားယူထားသူတွေကို တရားလွတ်တော်ချုပ်ရုံးမှာ အဆင့်မြင့်ရာထူး ခန့်အပ် လိုက်တဲ့အပေါ် တောင်ကြီးမြို့မှာ ရှေ့နေတွေက စက်တင်ဘာလ ၁၅ ရက်နေ့မှာ ဖဲကြိုးအဝါဝတ်ဆင်ပြီး ကန့်ကွက်ခဲ့ကြသလို မန္တလေးမြို့မှာလည်း စက်တင်ဘာလ ၁၄ ရက်နေ့က အလားတူ ကန့်ကွက်ခဲ့ကြပါတယ်။