သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-09-15
မြန်မာမှာ အလုပ်လုပ်နေတဲ့ NGO နဲ့ INGO တွေ မှတ်ပုံတင်တဲ့အခါ အစိုးရဌာနဆိုင်ရာတွေရဲ့ ထောက်ခံချက် ယူရမယ်လို့ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က စက်တင်ဘာ ၁၄ ရက်က သတိပေးလိုက်ပါတယ်။
2023-09-15
မြန်မာနိုင်ငံရဲ့ဆန်အိုးကြီးလို့ တင်စားခံခဲ့ရတဲ့ ဧရာဝတီတိုင်းမှာ စစ်အာဏာသိမ်းမှုရဲ့ အကျိုးဆက်ကြောင့် ထမင်းနပ်မမှန်သူတွေ၊ စျေးသက်သာတဲ့ ဆန်ကွဲကိုအစားထိုးပြီးစားသောက်နေရသူတွေ ရှိလာနေပါတယ်။
2023-09-15
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ စက်တင်ဘာ ၉ ရက်နေ့က ရှမ်းပြည်ခရီးစဉ်အတွင်း လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံရာမှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာမှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ပြီးမှ ရွေးကောက်ပွဲကို အစောဆုံးလုပ်မယ်လို့ ပြောဆိုခဲ့ပါတယ်။
2023-09-15
ရန်ကုန်မြို့ လသာမြို့နယ် ၁၉ လမ်းထဲက စားသောက်ဆိုင် ပိုင်ရှင်တွေကို သက်ဆိုင်ရာ ရပ်ကွက်ရုံးကိုခေါ်ယူပြီး စစ်တပ်ထုတ်ကုန် အရက်၊ ဘီယာတွေမရောင်းချရင် ဥပဒေအရ အရေးယူမှာဖြစ်လို့ ဒီထုတ်ကုန်တွေကို တင်ရောင်းကြဖို့ ဖိအားပေးခြိမ်းခြောက်မှုတွေ ရှိနေပါတယ်။
2023-09-15
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်မှာ ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေအတွင်း ဟိန္ဒူဘာသာဝင် ရာနဲ့ချီ သတ်ဖြတ်ခံခဲ့ရပြီး ခမောင်းဆိပ်၊ ကြိမ်ချောင်း၊ ရဲဘော်ကျ၊ သုံးတုံးနားခွဆုံ၊ လေးမိုင်လက်သာရွာ စတဲ့ကျေးရွာတွေက အိမ်ထောင်စု နှစ်ရာကျော်ဟာ မောင်တောမြို့မှာ ဒီနေ့အထိ အခက်အခဲတွေနဲ့ ခိုလှုံနေကြရဆဲဖြစ်ပါတယ်။
2023-09-15
စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ရွာကို စက်တင်ဘာ ၁၄ ရက်မှာ စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီးနောက် အရပ်သားလေးဦး သတ်ဖြတ်ခံရသလို ရွာခုနစ်ရွာက ဒေသခံ ငါးထောင်နီးပါးလည်း ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။
2023-09-15
ရခိုင်ပြည်နယ် စစ်တွေမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အနီးမှာ အမျိုးသားတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံးသွားပါတယ်။
2023-09-15
မုန်းမြို့နယ်ထဲကရွာတွေကို စစ်တပ်က ရဟတ်ယာဉ်သုံးစင်းနဲ့ လိုက်လံပစ်ခတ်နေလို့ ရွာခြောက်ရွာက ဒေသခံ ငါးထောင်ကျော် ထွက်ပြေးနေရတယ်လို့ KNU က စက်တင်ဘာ ၁၅ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
2023-09-15
ကသာမြို့နယ်၊ ညောင်ပင်ကွင်းရွာကို စက်တင်ဘာ ၁၄ ရက်မှာ စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းချိန် အရပ်သားတစ်ဦး သတ်ဖြတ်ခံရပြီး နောက်ထပ် အရပ်သားနှစ်ဦးလည်း ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-09-15
စစ်တွေမြို့နယ်က ဗေဒါရွာဟာ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရွာလုံးကျွတ်ပျက်စီးခဲ့ရပြီး လက်ရှိအချိန်ထိ ပြန်လည်မထူထောင်နိုင်ကြသေးဘူးလို့ ပြောပါတယ်။
2023-09-15
NGO၊ INGO တွေအနေနဲ့ မဖြစ်မနေမှတ်ပုံတင်ရမှာဖြစ်ပြီး မှတ်ပုံတင်ရင်လည်း အစိုးရဌာနဆိုင်ရာတွေရဲ့ ထောက်ခံချက် ရယူရမယ်လို့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောပါတယ်။
2023-09-15
မုန်းမြို့နယ်မှာ စက်တင်ဘာလအတွင်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သား နှစ်ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU ထုတ်ပြန်ပါတယ်။
2023-09-14
မြန်မာပြည်မှာ လက်ရှိအာဏာရှင်စနစ်ဖယ်ရှားရေး ကြိုးစားနေတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေအနေနဲ့ ကွပ်ကဲမှုတစ်ခုတည်းအောက်မှာ တိတိကျကျ လိုက်နာဆောင်ရွက်မှ အောင်မြင်မှုကို မြန်မြန်ရနိုင်မယ်လို့ မြန်မာ့အရေးလေ့လာသူတွေက ပြောပါတယ်။
2023-09-14
နယ်စပ်ဒေသလုံခြုံရေး တာဝန်ယူထားတဲ့ Naresuan Task Force က အမြဲမပြတ်သတင်းပို့နေပြီး အဲဒီလိုဝင်ရောက်တာတာ မတွေ့ရပါဘူးလို့ အမျိုးသမီး ဗိုလ်ချုပ် ဆီရီချန် နာသုန် က ပြောဆိုခဲ့ပါတယ်။
2023-09-14
ဗဟိုဘဏ်ဟာ ကျပ်ငွေအမြောက်အမြား ရိုက်ထုတ်တာကြောင့် ငွေကြေးဖောင်းပွပြီး ကုန်ဈေးနှုန်းကြီးတဲ့ဒဏ်ကို ပြည်သူတွေ ခံစားနေရတယ်လို့လည်း ဖော်ပြပါတယ်။