သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-11-16
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်မှာ ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ် အားလုံးအနိုင်ရရှိခဲ့တာကြောင့် မဲရုံတွေမှာကိုယ်စားလှယ်တာဝန် ထမ်းဆောင်ခဲ့ သူတွေနဲ့ မဲဆွယ်စည်းရုံးရေးမှာ ကူညီခဲ့သူတွေကို လေးတောင် တိုက်နယ်က နဂါးရွာမှာ မနေ့က နိုဝင်ဘာ ၁၅ ရက်နေ့မှာ ဂုဏ်ပြုပွဲကျင်းပခဲ့ပါတယ်။
2015-11-16
သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဝန်းရံသူ ၇ဝ အပေါ်စွဲဆိုထားတဲ့ ပုဒ်မအားလုံးကို ပယ်ဖျက်ပေးဖို့ ပဲခူးတိုင်းတရားလွှတ်တော်ထံ လျှောက်ထားမှုကို တိုင်းတရား လွှတ်တော်က ဒီနေ့ ပယ်ချလိုက်ပါတယ်။
2015-11-16
နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ အတွက် အစာငတ်ခံဆန္ဒပြနေတဲ့ ကျောင်း သားတွေနဲ့ ဝန်းရံသူတွေကို ဆန္ဒပြမှုရပ် တန့်ဖို့အတွက် ဦးဝင်းတင် ဖောင်ဒေးရှင်းအပါအဝင် အဖွဲ့ အစည်း ၉ ဖွဲ့က မေတ္တာရပ်ခံလိုက်ပါတယ်။
2015-11-16
ကချင်ပြည်နယ် မိုးညှင်းမြို့ အရှေ့ဘက် ၅ မိုင် ဝန်းကျင်အကွာ၊ လခြမ်းတောင်အနီးမှာ အစိုးရတပ် ခလရ ၁၅ နဲ့ ကေအိုင်အေ တပ်ရင်း ၅ တို့အကြား မနေ့ကစပြီး တိုက်ပွဲဖြစ်ပွားရာမှာ၊ အစိုးရတပ်က အရာရှိတစ်ဦးနဲ့ ရဲဘော်တစ်ဦး ကျဆုံးခဲ့ ပါတယ်။
2015-11-16
NLD ပါတီ ကိုယ်စားလှယ်တွေအနေနဲ့ ဝန်ကြီးနေ ရာတွေအတွက် စိတ်ကူးယဉ်မနေကြဖို့ ဒေါ်အောင် ဆန်းစုကြည်က ဒီကနေ့ ခေါ်ယူပြောကြားခဲ့တယ်လို့ ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ပြော ပါတယ်။
2015-11-16
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက် ပွဲမှာ တစ်နိုင်ငံလုံးမှာ အနိုင်ရသွားတာဟာ တိုင်းရင်းသားပါတီတွေရဲ့ ယုံကြည်မှုကို လျော့နည်းသွားစေ တယ်လို့ ပြောကြပါတယ်။
2015-11-16
၂ဝ၁၅ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ကျန်ရှိနေသေးတဲ့ လွှတ်တော်သက်တမ်း ကာလအတွင်းမှာ နိုင်ငံတော် နဲ့ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် သစ္စာရှိစွာနဲ့ မှန်မှန်ကန်ကန် ဆောင်ရွက်ကြဖို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက တိုက်တွန်းလိုက်ပါတယ်။
2015-11-16
ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ကျင်းပတဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ နိုင်ငံရေး ပါတီတွေရဲ့ တွေ့ဆုံပွဲကို တက်ရောက်လာခဲ့ တဲ့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ကို RFA အဖွဲ့သား ဦးခင်မောင်စိုးက တွေ့ ဆုံမေးမြန်းထားပါတယ်။
2015-11-16
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က နောက်တက်လာ မယ့်အစိုးရကို စနစ်တကျ အာဏာလွဲပြောင်းပေး သွားမှာဖြစ်ပြီး နောက်အစိုးရအနေနဲ့ ငြိမ်းချမ်းရေး ကို ဆက်လက်ဆောင်ရွက်သွားနိုင်မယ်လို့ ယုံကြည်ကြောင်း ဒီကနေ့ နိုင်ငံရေးပါတီ ၈၆ ပါတီနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးမှာကျင်းပတဲ့ တွေ့ ဆုံပွဲမှာ ပြောခဲ့ပါတယ်။
2015-11-15
သတင်းစာဆရာမကြီး လူထုဒေါ်အမာရဲ့ နှစ် ၁ဝဝ ပြည့် မွေးနေ့အထိမ်းအမှတ်ပွဲကို လာမယ့် နိုဝင်ဘာလ၂၆ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ မန္တလေးမြို့မှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ သူ့ရဲ့မိသားစုဝင်တွေက ပြောပါတယ်။
2015-11-15
အစာအငတ်ခံဆန္ဒပြနေတဲ့ ဗကသကျောင်းသားတွေအနေနဲ့ အစာအငတ်ခံဆန္ဒပြနေတာကို စဉ်းစားသုံးသပ်သွားမယ်လို့ အစာငတ်ခံဆန္ဒပြပြီး အားနည်းတာကြောင့် ဆေးကုသမှုခံယူနေတဲ့ ဗကသ အဖွဲ့ဝင် ကိုအောင်မှိုင်းဆန်းက ပြောပါတယ်။
2015-11-15
နေပြည်တော်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ ရွေးကောက်ပွဲ မဲရလဒ်နောက်ဆုံးစာရင်းတွေကို ကြေညာခဲ့ပြီး ကော်မရှင် ဥက္ကဌ ဦးတင်အေးက သတင်းစာရှင်းလင်းပွဲလည်း လုပ်ခဲ့ပါတယ်။
2015-11-15
မြန်မာနိုင်ငံမှာ ကျင်းပပြီးင်္စီးသွားတဲ့ ရွေးကောက်ပွဲနဲ့ အနိုင်ရ NLD ပါတီအနေနဲ့ နောက်ဆက်တွဲ ရင်ဆိုင် သွားရမယ့် လုပ်ငန်းကိစ္စရပ်တွေအကြောင်းကို ရန်ကုန်မြို့က နိုင်ငံရေး အကဲခတ် ပုဂ္ဂိုလ်တွေဖြစ်တဲ့ စာရေးဆရာ ကျော်ဝင်း၊ စာရေးဆရာ ဖေမြင့်နဲ့ သတင်းစာဆရာ စည်သူအောင်မြင့်တို့ကို ဆက်သွယ်ပြီး ဦးခင်မောင်ညိန်းက ဆွေးနွေးတင်ပြ ထားပါတယ်။
2015-11-15
၁၉၇၄-၇၅နဲ့ ၇၆ ခုနှစ်တွေမှာ နိုင်ငံရေး လှုပ်ရှားခဲ့ကြတဲ့ အင်အားစုတွေ က ရွေးကောက်ပွဲမှာ NLD က ပြတ်ပြတ်သားသား အနိုင်ရခဲ့တာကို ဂုဏ်ပြုကြောင်း ဒီကနေ့ ကြေညာချက် တစ်စောင် ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
2015-11-15
နိုဝင်ဘာလ ၁၃ ရက်နေ့ သောကြာနေ့ ညက ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ အကြမ်းဖက်သမားတွေက ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသွားသူတွေအတွက် ဝမ်းနည်းကြောင်း အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့ညနေက ရန်ကုန်မြို့ ပြင်သစ်သံရုံးရှေ့မှာ ကျင်းပ ခဲ့ပါတယ်။