သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-08-16
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ်အကြံပေး အစီရင်ခံစာကို အစိုးရထံ တင်ဖို့အတွက် ကေ်ာမရှင် ဥက္ကဌ ကိုဖီအာနန်ဟာ အခုလ နောက်ဆုံးပတ်မှာ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ပါတယ်။
2017-08-16
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူရပ်ကွက် (၂) က ရှမ်းကုန်းပျံကျဈေးမှာ ဒီကနေ့ မနက်ပိုင်းက မီးလောင် မှုဖြစ်ပွားခဲ့တာကြောင့် နေအိမ် ၁၁ လုံး မီးထဲပါသွားပြီး တန်ဖိုးငွေကျပ်သိန်း ၂၈၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
2017-08-16
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဌဟောင်း ဦးအောင်ရွှေရဲ့ ဈာပန အခမ်းအနားကို သြဂုတ်လ ၁၇ ရက်နေ့ မနက်ဖြန် မနက် ၁၀နာရီ ရန်ကုန် မြို့ ရေဝေးသုသာန်မှာ ပါတီကဦးဆောင်ပြုလုပ် မှာ ဖြစ်ပါတယ်။
2017-08-15
၈၈ မျိုးဆက်တွေအဓိက ပါဝင်ဖွဲ့စည်းမယ့် နိုင်ငံရေး ပါတီဖြစ်မြောက်ရေးအတွက် ဗဟိုစည်းရုံးရေးကော် မတီက ပထမဆုံးအဖြစ် ဒီနေ့ ပုသိမ်မြို့မှာ ဧရာဝတီတိုင်းစည်းရုံးကော်မတီကို သွားရောက် ဖွဲ့စည်းခဲ့ပါတယ်။
2017-08-15
ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်က ရပ်ကွက်/ကျေးရွာပေါင်း ၂၇ ခုမှာ ရေတွေဝင်ရောက်နေပြီး လူဦးရေ ၂၅၀၀ ဟာ ရေဘေးလွတ်ရာနေရာတွေကို ပြောင်းရွှေ့နေကြရပါတယ်။
2017-08-15
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေး ပါတီ(၂၀) က တောင်းဆို ချက် ၄ ချက်ပါဝင်တဲ့ ပူးတွဲကြေညာ ချက်ထုတ်ပြန် လိုက်ပါတယ်။
2017-08-15
ငြိမ်းချမ်းရေးမလိုလားသူတွေကို တပ်မတော်က ရှင်းလင်းဆောင်ရွက်သွားမယ်လို့ သြဂုတ်လ ၁၄ ရက် နေ့က လွှတ်တော်မှာ တပ်မတော်သားကိုယ်စားလှယ် က ပြောကြားခဲ့ပါတယ်။
2017-08-15
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း တို့ စကား စစ်ခင်းနေကြတဲ့ကိစ္စ အရှိန်မြင့်သထက် မြင့်လာလို့ နှစ်နိုင်ငံ စစ်ဖြစ်လာမလားလို့ စိုးရိမ်ပူပင်တွေ အများအပြား ပေါ်ထွက်ခဲ့ပါတယ်။
2017-08-15
လာမယ့် စက်တင်ဘာလ ၂၅ ရက်နေ့မှာ ကျရောက်မယ့် ရွှေဝါရောင်တော်လှန်ရေး ၁ဝ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားမှာ တော်လှန်ရေးကာလက တောင်းဆိုခဲ့တဲ့ ကုန်ဈေးနှုန်းကျဆင်းရေး နဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ တောင်းဆိုသွားမယ် လို့ ရွှေဝါရောင်သံဃာတစ်ပါးဖြစ်တဲ့ ဦးစန္ဒာသီရိက မိန့်ကြားပါတယ်။
2017-08-15
ဒီရက်ပိုင်းအတွင်း မိုးကြီးပြီး ဧရာဝတီမြစ်ရေတက်လာတာကြောင့် ဗန်းမော်ခရိုင်က ဒေသခံ တစ်ထောင်ကျော်ဟာ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ ယာယီခိုလှုံနေကြရတယ်လို့ သိရပါတယ်။
2017-08-15
၈၈ မျိုးဆက်တွေအဓိက ပါဝင်ဖွဲ့စည်းမယ့် နိုင်ငံရေးပါတီဖြစ်မြောက်ရေးအတွက် ဗဟိုစည်း ရုံးရေးကော်မတီ တာဝန်ရှိသူတွေဟာ ပထမဆုံးအဖြစ် ဒီနေ့ပုသိမ်မြို့မှာ ဧရာဝတီတိုင်း စည်းရုံးကော်မတီကို သွားရောက်ဖွဲ့စည်းခဲ့ပါတယ်။
2017-08-15
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-ခ နဲ့ တောင်ငူအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဗကသ ကျောင်းသားဟောင်း ကိုအောင်ထက် ကို တောင်ငူမြို့နယ်တရားရုံးက ဒီကနေ့ အာမခံပေးလိုက်ပါတယ်။
2017-08-15
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွက် ချင်းတွင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်ကို ကျော်လွန်နေ တာကြောင့် ခန္တီးမြို့နယ်က ကျော်က လူဦးရေ ၂၅၀၀ ဟာ ရေဘေးလွတ်ရာနေရာတွေ ကို ပြောင်းရွှေ့နေထိုင်နေကြရတယ်လို့ သိရပါတယ်။
2017-08-15
ရိုက်တာသတင်းဌာနက ရေးသားခဲ့တဲ့ သတင်းဆောင်းပါးတစ်ပုဒ်ဟာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး သတင်းဌာနကို အရေးယူပေးဖို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီထံ တိုင်ကြားစာပေးပို့ထားပါတယ်။
2017-08-15
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ လက်ယက္ကန်း နဲ့ စက်ယက္ကန်းနဲ့ ရိုးရာအထည်တွေရက်လုပ်နေပေမဲ့ လည်း မိရိုးဖလာ အိမ်တွင်းမှု အဆင့်မှာပဲရှိပြီး ဖွံဖြိုးတိုးတက်မှု နည်းနေပါတယ်။