သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-09-14
မြန်မာနဲ့ ရုရှားနိုင်ငံကြား နယ်ပယ်ပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်တာတွေ တိုးတက်လာဖို့ ဘုံသဘောတူညီချက်တွေ ရှာနိုင်မယ်လို့ မျှော်လင့်ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ပြောလိုက်ပါတယ်။
2023-09-14
တောင်သာမြို့နယ်က ဖမ်းဆီးခံထားရတဲ့ အမျိုးသား သုံးဦး စက်တင်ဘာ ၁၄ ရက်နေ့အထိ မိသားစုနဲ့ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-09-14
ရန်ကုန်မြို့က လမ်းဘေး စာအုပ်စင်ကြီးပေါ်မှာ အစီအရီခင်းကျင်းထားတဲ့ စာအုပ်မျိုးစုံကို လွတ်လွတ်လပ်လပ် ငှားရမ်း ဖတ်ရှုခွင့်ပေးနေတဲ့ နေရာတစ်ခုရှိပါတယ်
2023-09-14
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က အမေရိကန်နိုင်ငံအနေနဲ့ စစ်ကောင်စီကို ပစ်မှတ်ထား အရေးယူဆောင်ရွက်လျက်ရှိရမှာ တင်းတင်းကျပ်ကျပ် ဆက်လက်ဆောင်ရွက်ဖို့ တိုက်တွန်းလိုက်ပါတယ်။
2023-09-14
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သား ကင်မ်အဲရစ် ခေါ် ကိုထိန်လင်း ကလည်း သူ့မိခင်ရဲ့ ကျန်းမာရေးကောင်းမွန်ရဲ့လားဆိုတာကို သိရှိလိုကြောင်း၊ တစ်စုံတစ်ဦးနဲ့မှလည်း တွေ့ခွင့်မရတဲ့အတွက် တိုက်ပိတ်ခံနေရတဲ့ အကျဉ်းသားတစ်ဦးလိုဖြစ်နေကြောင်း ပြောပါတယ်။
2023-09-14
မယ်စဲ့မြို့နယ်က တိုက်ပွဲတွေကြောင့် နယ်စပ်ဖြတ်ပြီး ထိုင်းနိုင်ငံထဲထွက်ပြေးခိုလှုံသွားတဲ့ ကရင်နီဒုက္ခသည် ကိုးထောင်ထဲက ရှစ်ရာခန့် နေရပ်ပြန်လာကြတယ်လို့ ပြောပါတယ်။
2023-09-14
မကွေးတိုင်းမှာ စစ်ရေးပဋိပက္ခတွေဖြစ်နေတာရော ကုန်ဈေးနှုန်းတွေတက်နေတာကြောင့်ပါ ဒေသခံတွေ အကျပ်အတည်း ပိုတွေ့လာရပါတယ်။
2023-09-14
နေပြည်တော်က အာဆီယံလေတပ်ညီလာခံကို မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူနဲ့ ဖိလစ်ပိုင်က လူကိုယ်တိုင် မတက်ရောက်ဘဲ ကျန် ငါးနိုင်ငံသာ တက်ရောက်လာပါတယ်။
2023-09-13
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး တစ်စုံတစ်ရာ ချို့ယွင်းမှုသာမက အသက်အန္တရာယ်ကိုပါ ထိခိုက်မှုဖြစ်လာရင် စစ်ကောင်စီမှာ အပြည့်အ၀တာဝန်ရှိတယ်လို့လည်း NLD က ပြောပါတယ်။
2023-09-13
အဲဒီကြားနာပွဲမှာ အမေရိကန်အစိုးရတာဝန်ရှိသူတွေ၊ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်သူတွေနဲ့ ကိုယ်တွေ့ကြုံခဲ့သူ မျက်မြင်သက်သေအချို့ရဲ့ ထွက်ဆိုချက်တွေ ကြားနာစစ်ဆေးခဲ့ကြပါတယ်။
2023-09-13
မြောက်ကိုရီးယားနဲ့ စစ်ကောင်စီ သံတမန်ပြန်လည်ထူထောင်မှုဟာ ဒေသတွင်းသာမက ကမ္ဘာ့ငြိမ်းချမ်းရေးကိုပါ ထိခိုက်လာစေနိုင်ကြောင်း အချက်ပြချက်ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောပါတယ်။
2023-09-13
မြန်မာပြည်လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေသူတွေကို အားပေးကူညီဖို့ ယူကရိန်းလွှတ်တော်ထဲမှာ အငယ်ဆုံးအမတ်ဖြစ်တဲ့ မစ္စတာ ဗာတိုစလဗ်ရာရှခ် က နိုင်ငံတကာကို တိုက်တွန်းလိုက်ပါတယ်။
2023-09-13
မြစ်ကြီးနားကနေ စစ်ကူလာတဲ့ စစ်ကြောင်းကို KIA နဲ့ KPDF ပူးပေါင်းတပ်တွေ တိုက်ခိုက်ရာမှာ စစ်ကောင်စီ ဒုတပ်ရင်းမှူးအဆင့်အပါအဝင် ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသူ ၃၀ နီးပါး ရှိခဲ့တယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
2023-09-13
ရုရှား၊ မြောက်ကိုရီးယား၊ တရုတ်နဲ့ အိန္ဒိယကနေ တိုက်လေယာဥ်နဲ့ စစ်လက်နက်ပစ္စည်း ၀ယ်ယူနေသလို အဲဒီနိုင်ငံတွေက ကျွမ်းကျင်သူတွေလာရောက်ပြီး နည်းပညာအကူအညီ ပေးတာရှိတယ်လို့ CDM ၀င်ရောက်လာတဲ့ စစ်သည်အရာရှိတွေက ပြောပါတယ်။
2023-09-13
မြန်မာစစ်သား ၈၀ ကနေ ၁၀၀ ခန့် စက်တင်ဘာ ၃ ရက်နေ့ကတည်းက ထိုင်းပိုင်နက်ထဲ ရောက်နေတဲ့ကိစ္စ ရှင်းလင်းချက်ပေးဖို့ ထိုင်းအမတ် မစ္စတာ ကန်နဝီ ဆုဘ်ဆန်း က ထိုင်းအစိုးရကို တောင်းဆိုလိုက် ကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖော်ပြပါတယ်။