သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-12-15
ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း (NBF) အဖွဲ့က ပြည်တွင်းစစ်ပွဲတွေ အမြန်ဆုံးရပ်ပေး ဖို့ တောင်းဆိုလိုက်တာနဲ့ ပတ်သက်လို့ NBF ပါတီက ဦးစောသန်းမြင့် ကို မသင်းသီရိက ဆက်သွယ်မေးမြန်း ထားပါတယ်။
2015-12-15
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေ ဝင်ရောက်ယှဉ်ပြိုင် ခဲ့တဲ့ အရေအတွက် နဲ့ ရွေးချယ်ခံရတဲ့ အမျိုးသမီးကိုယ်စားလှယ် အရေအတွက်ဟာ နည်းနေသေးတယ်လို့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားနေ တဲ့ Gender and Development Institute GDI က ဒီနေ့ ထုတ်ပြန်တဲ့ စစ်တမ်းမှာ ပါရှိပါတယ်။
2015-12-15
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဓာတ်ပုံကို ပြုပြင်ပြီး ဖေ့ဘွတ်စ်မှာ တင်ခဲ့တာကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မချောစန္ဒီထွန်း ခေါ် ချစ်သမီးကို အသရေဖျက်မှုပုဒ်မ ၅၀၀ နဲ့ စွဲဆိုထားတာကို မအူပင် မြို့နယ်တရားရုံးက ဒီနေ့ ပယ်ဖျက်ပေးလိုက်ပါတယ်။
2015-12-15
အစိုးရတပ်မတော်နဲ့ တအာန်းလွတ်မြောက်ရေးတပ်မတော် TNLA တို့ ရှမ်းပြည် မြောက်ပိုင်း နမ့်ဆန်မြို့နယ်ထဲမှာ ဒီကနေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နမ့်ခမ်းဖက်မှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းတွေက TNLA နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
2015-12-14
ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPD-JC ရဲ့ တတိယအကြိမ် စုံညီအစည်းအဝေး ကို နေပြည်တော် Horizon Lake View Hotel မှာ ဓီဇင်ဘာလ ၁၄ရက်နေ့မှာ စတင်ကျင်းပနေပါတယ်။
2015-12-14
ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ထိပ်သီးညီလာခံကနေ ကမ္ဘာ့ ပထမဆုံး ရာသီဥတုပြောင်းလဲမှု ထိန်းချုပ်ရေး သဘောတူစာချုပ်ကို နိုင်ငံပေါင်း ၁၉၅ နိုင်ငံက သဘောတူ လက်မှတ်ရေးထိုးလိုက် ကြပါပြီ။
2015-12-14
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ မဲဆန္ဒနယ်မြေဖြစ်တဲ့ ရန်ကုန်တိုင်း ကော့မှူး မြို့နယ်မှာ ဒေါ်ခင်ကြည်ဖောင်ဒေရှင်း အဖွဲ့ဝင်တွေ၊ ဒေသခံတွေနဲ့အတူ ဒီဇင်ဘာလ ၁၃ ရက်နေ့က စုပေါင်း အမှိုက်ကောက် သန့်ရှင်းရေးလုပ်ခဲ့ပါတယ်။
2015-12-14
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်- စက်မှုဇုန် ၄ မှာရှိတဲ့ "ထိပ်တန်းမြန်မာ" အထည်ချုပ်စက်ရုံ အလုပ်သမား ၂ ရာကျော်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွက် လုပ်ခလစာ အပြည့်အဝ မရတာကြောင့် စက်ရုံရှေ့မှာ ဆန္ဒပြနေကြပါတယ်။
2015-12-14
ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသခံနေရတဲ့ ဖမ်းဆီးခံ ကျောင်းသားတွေကို တောင်ကြီးမြို့က ရှစ်လေးလုံး ရဟန်းပျိုများ သမဂ္ဂ ဥက္ကဋ္ဌ ဆရာတော် ဦးခေမာနန္ဒက ဒီကနေ့ ငွေ သွားရောက် လှူဒါန်းခဲ့ပါတယ်။
2015-12-14
ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ ဦးဆောင်ပြီး အမှိုက်ကောက်ရမယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့လမ်းညွှန်ချက်အတိုင်း မကွေးတိုင်းက လွှတ်တော်ကိုယ်စားလှယ်တွေကလည်း အမှိုက်ကောက်ခဲ့ကြပါတယ်။
2015-12-14
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပါတီဝင်တွေဟာ ဒီဇင်ဘာလ ၁၃ ရက်- မနေ့က အနိုင်ရ မဲဆန္ဒနယ်မြေတွေမှာ အမှိုက်ကောက်ပြီး သန့်ရှင်းရေး လုပ်ခဲ့ပါတယ်။
2015-12-14
ထိုင်းနိုင်ငံ မြန်မာနယ်စပ်အနီးရှိ တတ်ခရိုင် က ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ သား သမီးတွေကို ပညာသင်ကြားနေတဲ့ ကျောင်းသုံးကျောင်း ကို မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနက အသိအမှတ်ပြုလိုက် ပြီလို့ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ နေးရှင်းသတင်းစာ က ရေးသားဖေါ်ပြလိုက်ပါတယ်။
2015-12-14
မြန်မာနိုင်ငံမှာ အများစုရဲ့ စိတ်ဓါတ်အရည်အချင်းတွေ နိမ့်ပါးလာတာဟာ ရသစာပေ နိမ့်ပါးလာလို့ဖြစ်ပြီး ရသစာပေအဆင့် နိမ့်ပါးလာရခြင်းကတော့ ပညာရေးအဆင့်အတန်း နိမ့်ပါးလာရတာက အခြေခံတယ်လို့ ဒီနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု ရရှိခဲ့တဲ့ ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) က ပြောပါတယ်။
2015-12-14
ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက် ကုသနေတဲ့ အမျိုူးသားပညာရေး ဥပဒေ ပြင်ဆင်ရေး သပိတ်မှောက် ကျောင်း သားတွေထဲကတချို့ကို နေပြည်တော်က အမိန့်နဲ့ သာယာ ဝတီထောင်ကို ပြန်ပို့ခဲ့တယ်လို့ ကျောင်းသားတွေက ပြောပါတယ်။
2015-12-14
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်ထဲမှာ အစိုးရတပ် နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တို့ ဒီကနေ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ နမ့်ဆန် မြို့နဲ့ ၁၅ မိုင်လောက်ဝေးတဲ့ အုန်းလွတ်ကျေးရွာအနီး မှာ ဖြစ်ပွားတာလို့ TNLA သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်ကြီးမိုင်းအိုက်ကျော်က ပြောပါတယ်။