သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-03-28
ဒီတစ်ပတ်အတွက် RFA စကားဝိုင်းအစီအစဉ်မှာ " ရက္ခိုင့်တပ်တော် AA နဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးထားပါတယ်။
2020-03-28
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ လူနာ ရှစ်ဦးကို မြန်မာနိုင်ငံအတွင်းမှာ မနေ့ညကအထိ တွေ့ရှိထားပြီး ပထမဆုံး ပြည်တွင်းကူးစပ်တဲ့လူနာ တစ်ဦးကိုလည်း မနေ့က စတင်တွေ့ရှိခဲ့ပါတယ်။
2020-03-27
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာပြီးနောက်ပိုင်း ဒေသတော်တော်များများမှာ နှာခေါင်းစည်းအပါအဝင် ကုန်ပစ္စည်းတွေ ဈေးတက်နေပါတယ်။ အစိုးရကတော့ မလိုအပ်ဘဲ နှာခေါင်းစည်းမတပ်ဖို့နဲ့ ဈေးတင်ရောင်းတဲ့ ဆိုင်ရှင်တွေကိုလည်း သတိပေးထားပါတယ်။
2020-03-27
ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးဟာ လက်နဲ့ ကိုင်တွယ်မိလိုက်တဲ့အရာတွေကနေ အဓိကကူးစက်နေတာဖြစ်တာကြောင့် မြန်မာနိုင်ငံမှာ လူသန်းနဲ့ချီ နေ့စဉ်ကိုင်တွယ်သုံးစွဲနေကြတဲ့ ငွေစက္ကူပိုက်ဆံတွေကနေတဆင့် ဒီဗိုင်းရပ်စ်ကူးစက်တတ်သလားဆိုတာက မေးခွန်းတစ်ခုဖြစ်နေတာပါ။
2020-03-27
RFA ကနေ အပတ်စဉ် သောကြာနေ့တိုင်း ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။
2020-03-27
မြန်မာနိုင်ငံမှာ COVID 19 လို့ခေါ်တဲ့ ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေ ရှိလာနေပါပြီ။ တကမ္ဘာလုံးက စိုးရိမ်ထိတ်လန့်နေတဲ့ ဒီရောဂါ မြန်မာနိုင်ငံကိုရောက်လာခဲ့ပြီ ဖြစ်တာကြောင့် ကျန်းမာရေးကို တနိုင်ငံလုံး အထူးဂရုစိုက်ရမယ့်အချိန်ရောက်နေပြီလို့ ဆိုရမှာပါ။
2020-03-27
ရခိုင်ပြည်နယ်မှာရှိနေတဲ့ ရိုဟင်ဂျာမွတ်စလင်တွေဟာ စားသောက်နေထိုင်ဖို့ အခက်အခဲတွေဖြစ်နေလို့ ပြည်ပနိုင်ငံတွေဆီကို အဆက်မပြတ်ထွက်ပြေးနေကြပါတယ်။
2020-03-27
မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ အင်တာနက် ဖြတ်တောက်ထားတာကို အမြန်ဆုံး ရုပ်သိမ်းပေးဖို့ Fortify Rights လူ့အခွင့်အရေး အဖွဲ့က မတ်လ ၂၆ ရက်နေ့မှာ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
2020-03-27
ကိုရိုနာဗိုင်းရပ်စ် ကုသရေးမှာ ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ ဝတ်ဆင်အသုံးပြုရမယ့် တကိုယ်ရည် ကာကွယ်ရေးဝတ်စုံ (PPE) တွေ မန္တလေးက ဆေးရုံကြီးမှာ လုံလောက်မှုနည်းကြောင်း၊ စက်ပစ္စည်းတွေ လုံမှု ရှိ၊ မရှိ ခန့်မှန်းရခက်တာကြောင့် အီတလီလိုဖြစ်မလာဖို့သာ ဆုတောင်းရမှာဖြစ်တယ်လို့ မန္တလေး အထွေထွေ ရောဂါကုဆေးရုံက ဆေးရုံအုပ်ကြီး ဒေါက်တာ စုစုဒွေးက RFA နဲ့ သီးသန့်အင်တာဗျူးမှာ ပြောဆိုလိုက်ပါတယ်။
2020-03-27
ကမ္ဘာတဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ် စဖြစ်ပွားကတည်းက မြန်မာအစိုးရအနေနဲ့ တုံ့ပြန်မှု နှေးကွေးတယ်လို့ ဝေဝဖန်ခံခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာ ကူးစက်ခံရသူတွေ တွေ့ရှိလာ ရအပြီးမှာတော့ နေပြည်တော်ကောင်စီ နယ်မြေအတွင်း ကူးစက်ပြန့်ပွားမှုမရှိအောင် စားသောက်ဆိုင်အားလုံး ဆိုင်မှာ စားသုံးခွင့်မပြုဖို့၊ အိမ်သယ် ပါဆယ်စနစ်နဲ့သာ ရောင်းချဖို့နဲ့ မတ်လ ၂၆ ရက် မနေ့က ရက်စွဲနဲ့ နေပြည်တော် ကောင်စီက အမိန့်ထုတ်ပြန်လိုက်ပါတယ်။
2020-03-27
ရခိုင်ပြည်နယ်က သတင်းတွေကို ဦးစားပေးတင်ပြနေတဲ့ နိရဉ္ဇရာ နဲ့ Development Media Group (DMG) သတင်းဌာနတွေရဲ့ ဝက်ဆိုဒ် စာမျက်နှာတွေကို ဆက်သွယ်ရေးဝန်ကြီးဌာနက ကြည့်ရှုခွင့် ပိတ်လိုက်ပါတယ်။
2020-03-27
တရုတ်အစိုးရက အကောင်အထည်ဖေါ်နေတဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်းမှာ တရုတ်မြန်မာနယ်စပ် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းကလည်း အစိတ်အပိုင်းတခုအနေနဲ့ ပါဝင်ပါတယ်။
2020-03-27
ကိုရိုနာဗိုင်းရပ်ဂယက်ကြောင့် မတ်လတွင်းမှာ မြန်မာနိုင်ငံက စက်ရုံ ပေါင်းနှစ်ဆယ်ကျော် ပိတ်သိမ်းခဲ့ရပါတယ်။
2020-03-27
မန္တလေး၊ ကန်တော်နဒီဆေးရုံမှာ စောင့်ကြည့်ကုသခံနေရတဲ့ အမျိုးသားတစ်ဦး ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိလို့ သူနေတဲ့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်က တိုက်အမှတ် ၆ ကို ဒီကနေ့ကစပြီး အသွားအလာ ပိတ်လိုက်ပါတယ်။
2020-03-26
ကိုရိုနာတိုက်ပွဲလို့ တင်စားပြီးတော့ ကမ္ဘာတဝှမ်း အစိုးရတွေက ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးကို အပူတပြင်း လုပ်ဆောင်နေချိန် - မြန်မာနိုင်ငံရဲ့ တချို့ဒေသတွေမှာ ဆေးဝန်ထမ်းမရှိမှု၊ ဆေးပစ္စည်း မလုံလောက်မှုတွေ ကြုံနေပါတယ်။