သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-01-12
ခြံအမှတ် (၅၄) နေအိမ်ပြင်ဆင်မှု အငြင်းပွားချိန် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မောင်တစ်ဝမ်းကွဲတော်စပ်သူ ဦးစိုးအောင်က ကိုယ်ထိလက်ရောက် လက်သီးနဲ့ ထိုးခဲ့တဲ့ အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ဘက်က ရာဇဝတ်ပြင်ဆင်မှု တက်ထားတာကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဇန်နဝါရီ ၁၁ ရက်နေ့က ပယ်ချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ဒီနေ့ပြောပါတယ်။
2023-01-11
အာဏာသိမ်းပြီးနောက် မီးလောင်ဆုံးရှုံးမှု အများဆုံးဖြစ်တဲ့ စစ်ကိုင်းအတွင်း မြို့ပေါ် ရပ်ကွက်တချို့မှာ စစ်ကောင်စီက ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း လိုက်ကောက်တာတွေ ရှိနေတယ်လို့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။ နယ်မြေအေးချမ်းမှုမရှိတဲ့ စစ်ကိုင်းတိုင်းအတွင်း ရွေးကောက်ပွဲဖြစ်နိုင်ခြေရှိပါသလား။
2023-01-11
အရပ်သားပြည်သူတွေ ဆေးကုသတဲ့နေရာကို ပစ်မှတ်ထားတိုက်ခိုက်တာက စစ်ရာဇဝတ်မှု ကျူးလွန်တာပဲလို့ ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က ပြောပါတယ်။
2023-01-11
အမိန့်ချခံရပြီးနောက် ဇန်နဝါရီ ၁၁ ရက်နေ့မှာ အသက်ပြည့်ပြီးသူတွေကို အင်းစိန်ထောင်ကို ပို့ဆောင်ပြီး အသက်မပြည့်သေးသူတွေကိုတော့ လူငယ်သင်တန်းကျောင်းတွေကို ပို့တယ်လို့ ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင်က ပြောပါတယ်။
2023-01-11
ဦးဆောင်လှုပ်ရှားနေသူ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ CDM ဗိုလ်ကြီး ခင်ပပထွန်း က သူတို့အဖွဲ့အနေနဲ့ ၂ဝ၂၂ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့ကစပြီး အခုအချိန်အထိ CDM တပ်သား ၄၁ ဦးနဲ့ CDM ရဲတပ်ဖွဲ့ဝင် ၁၂ ဦးကို ပံ့ပိုးနိုင်ခဲ့တယ်လို့ RFA ကို ပြောပါတယ်။
2023-01-11
အာဆီယံအထူးသံတမန်အဖြစ် တာဝန်ယူမယ့်ကာလအတွင်း မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံးနဲ့ စေ့စပ်ဆွေးနွေးနိုင်ဖို့ ကြိုးစားသွားမယ်လို့ မနေ့က ပြောကြားတဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ ရက်နိုမာဆူဒီက ထည့်သွင်းပြောခဲ့တာ ဖြစ်ပါတယ်။
2023-01-11
စစ်ခေါင်းဆောင်ရဲ့သားဖြစ်သူ ဦးအောင်ပြည့်စုံ ပိုင်ဆိုင်တဲ့ အိပ်ခန်းလေးခန်းပါ ဇိမ်ခံကွန်ဒိုခန်းတစ်ခန်း ပိုင်ဆိုင်မှုအထောက်အထား၊ သမီးဖြစ်သူ ဒေါ်ခင်သီရိသက်မွန်ရဲ့ ဘဏ်စာအုပ်တွေကို ထိုင်းရဲတွေက တွေ့ရှိခဲ့တာလို့ Justice For Myanmar အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
2023-01-11
စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်အကြံပေး ဒေါက်တာခလမ်ဆမ်ဆွန်ကို ဇန်နဝါရီလ ၁၁ ရက်နေ့ ဒီနေ့မှာ မြစ်ကြီးနားအကျဉ်းထောင်အထူးတရားရုံးမှာ ပထမဆုံးအကြိမ်ရုံးထုတ်ခဲ့ပါတယ်။
2023-01-11
ဇန်နဝါရီလ ၃ ရက် နေ့လယ်ပိုင်းက ထိန်ကန်ကြီးရွာက နေအိမ်အထိ စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးခဲ့တာပါ။ ဇန်နဝါရီလ ၅ ရက်မှာတော့ ဦးမျိုးလင်း သေဆုံးသွားတဲ့အကြောင်း မိသားစုကို အကြောင်းကြားခဲ့ပေမယ့် သူ့ရဲ့ ရုပ်အလောင်းကို ပြန်မပေးဘူးလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
2023-01-11
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်မှာ ဇန်နဝါရီ ၇ ရက်နေ ၉ ရက်အထိ ဒေသခံအရပ်သား လေးဦး သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2023-01-11
နိုင်ငံရေးအကျဉ်းသားနှစ်ဦး သေဆုံးပြီး ၇၀ နီးပါးဒဏ်ရာရခဲ့တဲ့ ပုသိမ်ထောင် အဓိကရုဏ်းဖြိုခွင်းမှုဟာ လူသားမဆန်တဲ့လုပ်ရပ် ဖြစ်တာကြောင့် တာဝန်ရှိသူတွေကို စစ်ရာဇဝတ်မှုနဲ့တန်းတူ အရေးယူနိုင်အောင် ကြိုးစားနေတယ်လို့ NUG အစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနက ပြောပါတယ်။
2023-01-11
မကွေးတိုင်းမှာ စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် လူပေါင်း တစ်သိန်းနှစ်သောင်းဝန်းကျင် အိုးအိမ် စွန့်ခွာထွက်ပြေးနေကြရပြီး ကလေးတွေဟာ ကာကွယ်ဆေး လုံးဝမထိုးရတာတွေပါရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-11
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် တရုတ်ကြေးနီစီမံကိန်းအနီးမှာ စစ်ကောင်စီတပ်က ဇန်နဝါရီလ ၆ ရက်ကနေ ၈ ရက်အထိ ရွာငါးရွာက နေအိမ် ၂၀၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-11
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်သူတွေထဲမှာ မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်က အသက် ၂၇ နှစ်အရွယ် ကိုကျော်သက်လည်း တစ်ယောက်ပါဝင်ပါတယ်။
2023-01-11
ဇန်နဝါရီလ ၁၀ ရက်နေ့က မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည် ကိုင်ပြီး ကစားတာကနေ ပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ်တစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။