သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-07-15
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကနေ ဝင်ရောက်အရွေး မခံတော့ဘူးလို့ သတင်းတွေထွက်ပေါ်လာနေပါတယ်။
2015-07-15
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်မှာရှိတဲ့ "တင်ဟော့ ဇာထိုးပန်းထိုး စက်ရုံ"က အလုပ်သမား ၁ဝဝ ကျော်လောက်ဟာ စက်ရုံမှာ အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိဖို့ စက်ရုံရှေ့မှာ မနေ့က ဆန္ဒပြ တောင်းဆိုနေကြပါတယ်။
2015-07-15
လားရှိုးမြို့နယ် ဆင်တောင်ခေးနင်းကျေးရွာ ကတောင်သူတွေစိုက်ပျိုးထားတဲ့ ယာမြေတွေကို စစ်တပ်က ဘူဒိုဇာတွေနဲ့လာရောက်ရှင်းလင်းမယ်ဆိုတဲ့ သတင်းတွေကြောင့် ဒေသခံ ခေးနင်း ကျေးရွာသား အယောက်(၅၀)ကျော်ဟာ သူတ့ိုလုပ်ကိုင်နေတဲ့လယ်ယာမြေတွေမှာစုဝေးခဲ့ ကြပါတယ်။
2015-07-15
မကွေးမြို့မှာ ကုန်တင်ကားဆိုက်ကပ်ရပ်နားဖို့ ကားကွင်းသတ်မှတ်ပြီး မြို့တွင်းကုန်သယ်ကုန်ချခွင့် တားမြစ်လိုက်တဲ့အတွက် ကားသမားနဲ့ကုန်သည်တွေ ကမကျေနပ်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။
2015-07-15
မန္တလေးတိုင်း ပြင်ဦးလွင်မြို့ နန္ဒဝန်ရပ်ကွက်မှာ လေလွှင့်နေတဲ့ခွေး ရာနဲ့ချီပြီး ကျွေးမွေး စောင့်ရှောက်ထားတဲ့ ဂေဟာတစ်ခု ရှိပါတယ်။
2015-07-15
ရခိုင်ပြည်နယ် စစ်တွေမြို့က မေတ္တာဝတီ မျက်မမြင်ပညာသင်ကျောင်းမှာ မျက်မမြင်တွေကို အတန်းပညာတွေနဲ့ အသက်မွေးဝမ်းကျောင်းပညာတွေကို သင်ကြားပေးနေပါတယ်။
2015-07-15
DKBA ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်က ကော့ကရိတ်မြို့ ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူး သရဲနီနဲ့ ကလိုထူးဖေါဗျူဟာက ဗိုလ်မှူး ဝေ့ထူး တို့ကို မွန်ပြည်နယ် ဘီးလင်းမြို့နယ်ထဲမှာ အစိုးရတပ်က တနင်္လာနေ့က ဖမ်းလိုက်ပါတယ်။
2015-07-15
Eleven Media Group ရဲ့ အမှုဆောင် အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင် စီးလာတဲ့ကားကို အမည်မသိလူရမ်းကား အုပ်စုတစ်စုက ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ဦးချစ်မောင် လမ်းနဲ့ မင်းလမ်းထောင့်မှာ မနေ့ညနေ ၆ နာရီလောက်က သံမူလီတွေနဲ့ ချောင်းမြောင်းပစ်ခတ်ခဲ့တဲ့အတွက် ကားမှန်နဲ့ ကိုယ်ထည်တွေထိခိုက်သွားပါတယ်။
2015-07-14
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဟာ လာမယ့်၂၀၁၅ ရွေးကောက်ပွဲမှာ မွန်ပြည် နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတွေက မဲဆန္ဒနယ် ၆၀ နီးပါးမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ် ပါတယ်။
2015-07-14
သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံ ထားရတဲ့ အဝေးသင်တက္ကသိုလ် ကျောင်း သား၊ ကျောင်းသူတွေနဲ့ ဝန်းရံပြည်သူ စုစုပေါင်း ၁၂ ဦးကို သာယာဝတီခရိုင်တရားရုံးက အာမခံနဲ့ ဒီနေ့ ပြန်လွှတ်ပေးလိုက်ပါတယ်။
2015-07-14
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် ၊ ရေတွင်းကုန်းနဲ့ အဘေကျေးရွာမှာ စစ်တပ်ကသိမ်းယူထားတဲ့ လယ်ယာမြေတွေထဲ ထွန်ယက် တယ်ဆိုပြီး ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲခံထားရတဲ့ ရန်ကုန်တောင်ပိုင်းခရိုင် ကရင်ပြည်သူ့ပါတီ ဥက္ကဌ ဦးမန်းအုန်းမြင့်သိန်းနဲ့ ဒေသခံလယ်သမား ၁၇ ယောက် တို့ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်က ကျေအေးလိုက်ပါတယ်။
2015-07-14
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ တိုင်းပြည်ရဲ့ နိုင် ငံရေးအခြေအနေအပေါ်မှာ မူတည်ပြီး ဒုတိယသက် တမ်းကို စဉ်းစားသွားမှာဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြော ပါတယ်။
2015-07-14
ရွေးကောက်ပွဲကျင်းပတဲ့နေ့ မဲရုံတွေမှာ လွတ်လပ်စွာ မှတ်တမ်းယူခွင့်ပြုဖို့အ တွက် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးနဲ့ ပညာပေး မိတ်ဖက်များအဖွဲ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုလိုက်ပါတယ်။
2015-07-14
ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းမှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ ရက္ခိုင့် တပ်မတော် တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
2015-07-14
အမေရိကန်ပြည်ထောင်စု၊ နယူးမက္ကဆီကိုပြည်နယ်၊ Santa Fe မြို့ကနိုင်ငံတကာ လက်မှုအနု ပညာ ဈေးပွဲတော်မှာပါဝင်ပြသတဲ့ ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့ ထူထောင်သူ ဦးခင်မောင်ထွေး ကို မြန်မာ့ ရုပ်သေးလောကနဲ့ ရှေ့အလားအလာ ကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်း ထားပါတယ်။