သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-02-28
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်က ဆယ်ဖွဲ့ထက်မနည်းတဲ့ ပြည်သူ့စစ်တွေရဲ့ လက်နက်ကိုင်ဆောင်မှုနဲ့ လှုပ်ရှားမှုကို တပ်မတော်က ကန့်သတ်လိုက်တယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။
2020-02-28
ရခိုင်ပြည်နယ် မင်းပြားမြို့ မင်းဘာကြီးရပ်ကွက်ကို ဒီနေ့မနက် ၂ နာရီကျော်လောက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ခံရလို့ အရပ်သားတစ်ဦး သေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့ပါတယ်။
2020-02-27
ရိုဟင်ဂျာအရေးကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအစိုးရကို နိုင်ငံတကာအနေနဲ့ ဆက်လက်ပြီး ဖိအားပေးဖို့ မြန်မာရိုဟင်ဂျာအသင်း UK ရဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောလိုက်ပါတယ်။
2020-02-27
အထောက်အထားမဲ့ ခရီးသွားလာမှုနဲ့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ရိုဟင်ဂျာ ၇၀ နီးပါးရဲ့အမှုကို ဒီကနေ့ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ သူတို့ကို မှတ်ပုံတင် ဥပဒေနဲ့ မြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာနက တရားစွဲခဲ့တာပါ။
2020-02-27
မြန်မာနိုင်ငံထဲက ရိုဟင်ဂျာ မွတ်စလင်တွေအပါအဝင် တခြားသောတိုင်းရင်းသားတွေ လူ့အခွင့်အရေးချိုးဖောက် မှုဒဏ်ခံနေရမှုနဲ့ပတ်သက်တဲ့ အစီရင်ခံစာတစောင်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးမှာ တင်ခဲ့ပါတယ်။
2020-02-27
ဝ (UWSA) က ဝယ်ယူထားတဲ့ ရဟတ်ယာဉ်ဟာ Robinson R-44 အမျိုးအစားဖြစ်ပြီး ဈေးကွက်ထဲမှာ အမေရိကန်ဒေါ်လာ သုံးသိန်းခွဲကနေ လေးသိန်း တန်ကြေးရှိတယ်လို့ စစ်ဘက်လေ့လာသူတွေ ပြောပြချက်အရ သိရပါတယ်။
2020-02-27
ချင်းပြည်နယ် ပလက်ဝမြို့ကနေ ကျောက်တော်မြို့ကိုလာတဲ့ အရပ်သား စက်လှေ တစ်စီး ဒီနေ့ နေ့လယ်က ပစ်ခတ်ခံရလို့ ခရီးသည် လေးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
2020-02-27
အန်အယ်ဒီ-အစိုးရလက်ထက်မှာ အရေးပေါ်အခြေအနေတွေ ကြုံခဲ့ရပေမဲ့ “အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ-ကာလုံ” တစ်ကြိမ်မှ မခေါ်ခဲ့တဲ့အပေါ် တပ်မတော်သားကိုယ်စားလှယ်တစ်ဦးက ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
2020-02-27
ယနေ့နိုင်ငံရေးအစီအစဉ်မှာ "ဖွဲ့စည်းပုံမူကြမ်းများနှင့် တိုင်းပြည်အနာဂတ်" ဆိုတဲ့ခေါင်းစဥ်နဲ့ ဆွေးနွေးပွဲ စကားဝိုင်း ဒုတိယပိုင်းကို ရှုစားကြရမှာပါ။
2020-02-27
"နိုင်ငံ့ရေးရာ မေးစရာ" အစီအစဉ်မှာ... တစည-ပါတီ ကချင်ပြည်နယ် အမှတ် (၁) မဲဆန္ဒနယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဂျေယောဝူ ကို RFA ဝိုင်းတော်သား ကိုသီဟထွန်း က သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
2020-02-26
ကိုရိုနာဗိုင်းရပ်စ် ရောဂါပြန့်ပွားလာနေတဲ့ နိုင်ငံတွေထဲမှာကူးစက်ပြန့်ပွားမူဟာ တရုတ်နိုင်ငံပြီးရင် ကိုရီးယားနဲ့ ဂျပန်နိုင်ငံတွေဖြစ်ကြပါတယ်။ ကိုရီးယားနဲ့ ဂျပန်နိုင်ငံဆိုတာလည်း မြန်မာနိုင်ငံသားတွေ သောင်းနဲ့ချီရှိနေပြီး အလုပ်လုပ်နေတဲ့နိုင်ငံတွေပါ။
2020-02-26
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဟာ ဆက်လက်မြင့်မားနေပါတယ်။ အာရှတိုက်အတွင်း ကူးစက်မှုများပြားတဲ့ တိုင်းပြည်တွေမှာနေထိုင်တဲ့ မြန်မာလူမျိုးတွေရဲ့အခြေအနေ ဘယ်လိုရှိနေပါသလဲ...။
2020-02-26
တပ်မတော်သား ကိုယ်စားလှယ်တွေကို လွှတ်တော်သက်တမ်းအလိုက် တစ်ဖြည်းဖြည်းချင်း လျှော့ချသွားမယ်ဆိုရင်၊ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်လို့ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး ထက်လင်းက မနေ့က လွှတ်တော်အတွင်း သတိပေးသွားပြီး၊ သူ့ရဲ့သတိပေးချက်ကို တပ်ပိုင် မြဝတီသတင်းစာ ရှေ့မျက်နှာဖုံးမှာ ဒီကနေ့ ထပ်မံဖော်ပြလိုက်ပါတယ်။
2020-02-26
မကွေးတိုင်း မင်းလှမြို့နယ်မှာ အဖမ်းခံခဲ့ရတဲ့ ရိုဟင်ဂျာ ၁၅ ယောက်ရဲ့အမှုကို တရားရုံးမှာ ဒီနေ့ စတင် စစ်ဆေးခဲ့ပါတယ်။
2020-02-26
ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှု ထောင်ချီရှိလာချိန် တရုတ်သံအမတ်ကြီးက တရုတ်-မြန်မာ နှစ်နိုင်ငံ တောရိုင်းတိရစ္ဆာန် တိုက်ဖျက်ရေး စတင်ဖို့ နေပြည်တော် ခရီးစဉ်မှာ ပြောခဲ့ပါတယ်။