သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-02-22
တိုက်ပွဲနယ်မြေဖြစ်တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ အစိုးရက အင်တာနက် ဖြတ်တောက်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အားပေး နေတယ်လို့ ရခိုင်ကျောင်းသားနဲ့ လူငယ်တွေက စစ်တွေမြို့က ဒီနေ့ ဆန္ဒပြပွဲမှာ ပြောလိုက်ပါတယ်။
2020-02-22
ဒီတစ်ပတ်မှာ "စစ်ဘေးဒုက္ခသည်အရေးနဲ့ ပြည်ထောင်စုပြဿနာ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2020-02-21
ဗစ်တိုးရီးယားအမှုကိစ္စနဲ့ ပတ်သက်ပြီး လေ့လာစုံစမ်းပြီးနောက် လုပ်ထုံးလုပ်နည်းနဲ့ မညီတာတွေ တာဝန်မကျေပွန်ခဲ့သူတွေကို အရေးယူဖို့ နိုင်ငံတော်သမ္မတက ညွှန်ကြားထားတယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောလိုက်ပါတယ်။
2020-02-21
ရခိုင်ပြည်နယ်မှာ ဆက်လက်ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ အင်တာနက် ဖြတ်တောက်မှုတွေနဲ့ပက်သတ်ပြီး၊ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့ မြန်မာသံရုံးရှေ့မှာ ရခိုင်နဲ့ မြန်မာတိုင်းရင်းသားတချို့ ဖေဖော်ဝါရီ ၂၁ ရက်နေ့က လာရောက်ဆန္ဒပြခဲ့ကြပါတယ်။
2020-02-21
ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာ ရိုဟင်ဂျာတွေ ဒီနေ့ထပ်ဖမ်းမိပြီး၊ လူမှောင်ခိုလို့ ယူဆရတဲ့သူ နှစ်ယောက်ပါ ဖမ်းထားသလို ပဲခူးတိုင်း မင်းလှမြို့နယ်မှာလည်း ပြီးခဲ့တဲ့အပတ်က ဖမ်းထားတဲ့ရိုဟင်ဂျာတွေကို ဒီနေ့ရုံးတင်စစ်ဆေးခဲ့ပါတယ်။
2020-02-21
တိုင်းရင်းသားအရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို နံပတ်တစ်လုပ်ငန်းစဉ်အဖြစ် ဆောင်ရွက်မယ်ဆိုတဲ့ ကတိကဝတ်နဲ့ ၂ဝ၁၅ ရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ NLD အစိုးရအနေနဲ့ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါသလဲ...။
2020-02-21
နိုင်ငံတကာတရားရုံး ICJ က ကြားဖြတ်အမိန့်ချမှတ်ပြီး တစ်လဝန်းကျင်အကြာမှာ တပ်မတော်က ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာ ရွာနှစ်ရွာမှ လူ့အခွင့်အရေးချိုးဖောက် ခဲ့တဲ့ တပ်မတော်သားတွေကို စစ်တရားရုံးတင် အရေးယူမယ်လို့ ဖေဖော်ဝါရီ ၂၀ ရက်နေ့၊ မနေ့က ထုတ်ပြန်ပါတယ်။
2020-02-21
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် ကြိုတင်ကာကွယ်ဖို့နဲ့ သံသယလူနာတွေကို ဓာတ်ခွဲစစ်ဆေးနိုင်ဖို့အတွက် အမေရိကန် ကူးစက်ရောဂါ ကာကွယ်ရေးဌာနက ပညာရှင်နှစ်ဦး ကျန်းမာရေးဝန်ကြီးဌာန အရာရှိတွေနဲ့ ဆွေးနွေးခဲ့ကြပါတယ်။
2020-02-21
အကြည်ညိုပျက်စေမှုနဲ့ တပ်မတော် တရားစွဲဆိုခဲ့သူတွေထဲက ဒါရိုက်တာ မင်းထင် ကိုကိုကြီးဟာ ပြစ်ဒဏ်စေ့လို့ ဒီနေ့ လွတ်မြောက်ခဲ့ပါတယ်။ ကချင်ပြည်နယ်က ပြဇာတ်ဦးဆောင်သူနှစ်ဦးလည်း အချုပ်ကနေ လွတ်မြောက်ခဲ့ပါပြီ။
2020-02-21
RFA ပေးစာ ပြန်စာ အစီအစဉ်ကို ထုတ်လွှင့်မှာဖြစ်ပါတယ်။
2020-02-21
RFA ဝိုင်းတော်သား ကိုနေရိန်ကျော် အပတ်စဉ် တင်ပြနေတဲ့ “လူငယ့်အကြံ လူငယ့်အသံ” အစီအစဉ် ဖြစ်ပါတယ်။
2020-02-20
ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာကျရောက်တဲ့ ၇၂ ကြိမ်မြောက် ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ် ထန်တလန်မြို့မှာ ကျင်းပခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောခဲ့ပါတယ်။ အခုလို ချင်းပြည်နယ်ကို နှစ်ရက်တာလာရောက်ပြီး လူထုနဲ့ ကျယ်ကျယ်ပြန့်ပြန့်တွေ့ဆုံတဲ့အတွက် ဒေသခံတွေအနေနဲ့ ဘယ်လိုမျှော်လင့်ချက် တွေရှိပါသလဲ။
2020-02-20
ရခိုင်ပြည်နယ်ကနေ မလေးရှားနိုင်ငံကိုသွားမယ့် ရိုဟင်ဂျာ ၄၉ ယောက်ကို ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာ မနေ့က ဖမ်းမိခဲ့ပါတယ်။
2020-02-20
ရန်ကုန်တိုင်း မှော်ဘီမြို့နယ် မြောင်းတကာစက်မှုဇုန်မှာရှိတဲ့ Pacific Steel Enterprise သံမဏိစက်ရုံက သံရည်ကြိုတဲ့ဖိုမှာ အလုပ်လုပ်တဲ့ အလုပ်သမားတွေဟာ အလုပ်သမားအခွင့်အရေး ဆုံးရှုံးနေလို့ စက်ရုံရှေ့မှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က စပြီး အစာအငတ်ခံ ဆန္ဒထုတ်ဖော်နေကြပါတယ်။
2020-02-20
ရခိုင့်တပ်တော် AA က စားနပ်ရိက္ခာသယ်ယူမယ်ဆိုရင် ရပ်ကျေးအုပ်ချုပ်ရေး ထောက်ခံချက်ရယူကြဖို့ ထုတ်ပြန် ထားပါတယ်။ တနည်းအားဖြင့် ဒီကြိုးပမ်းမှုဟာ လူထုအခြေပြု အုပ်ချုပ်ရေးယန္တရားကို စတင်အကောင်အထည်ဖော် နေတာလို့ သုံးသပ်နေကြပါတယ်။