သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-02-20
RFA က စီစဉ်ရိုက်ကူးပြီး၊ DVB ရုပ်သံလိုင်းကနေ အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်လွှင့်နေတဲ့ ယနေ့နိုင်ငံရေးအစီအစဉ်မှာ "ဖွဲ့စည်းပုံမူကြမ်းများနှင့် တိုင်းပြည်အနာဂတ်" ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲ ပထမပိုင်းကို ရှုစားကြရမှာပါ။
2020-02-20
"နိုင်ငံရေးရာ မေးစရာ" အစီအစဉ်မှာ...တစည-ပါတီ ကချင်ပြည်နယ် အမှတ်-၁ မဲဆန္ဒနယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဂျေယောဝူ ကို RFA ဝိုင်းတော်သား ကိုသီဟထွန်း က သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။
2020-02-20
ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြရတဲ့ မွတ်ဆလင်ဒုက္ခသည် တစ်သိန်းကျော်ဟာ အခု ရှစ်နှစ်လောက်ကြာလာတဲ့အထိ အနာဂတ် မျှော်လင့်ချက်တွေ ဝေဝါးနေဆဲဖြစ်ပါတယ်။
2020-02-20
ဒေသခံတွေ စိုးရိမ်မှုမရှိအောင် ထိပ်တိုက်ရင်ဆိုင်ထိတွေ့မှုတွေကို ရှောင်ရှားဖို့ ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူနဲ့ တပ်မတော်တို့ မနေ့က နေပြည်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။
2020-02-20
လတ်တလော ထောင်ချခံထားရတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တွေနဲ့ မြန်မာနိုင်ငံက နာမည်ကြီး လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေဟာ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ ဆုချီးမြှင့်တဲ့ Schuman Right Awards လူ့အခွင့်အရေးဆု ရရှိသွားကြပါတယ်။
2020-02-19
ဧက ၃၀၀ နီးပါးရှိတဲ့ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် က ထိန်ပင်အမှိုက်ပုံဟာ ၂၀၁၈ ခုနှစ်တုန်းက တစ်ဝက်နီးပါး မီးလောင်ကျွမ်းခဲ့ပြီး ရန်ကုန်တစ်ဝိုက် မြို့နယ် အတော်များများ ညှော်နံ့နဲ့ မီးခိုးမွှန်တဲ့ ဒဏ်တွေကို နှစ်ပတ်နီးပါးလောက် ခံခဲ့ရပါတယ်။
2020-02-19
လူမှုရေး၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး လိုက်ပါလာတဲ့ ရဟတ်ယာဉ်ဟာ ရခိုင်ပြည်နယ် ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ် ကြားမှာ ဒီနေ့ မနက် ၁၀ နာရီကျော်က မြေပြင်ကနေ ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ သတင်းရရှိပါတယ်။
2020-02-19
ချင်းပြည်နယ် ပလက်ဝဒေသက ရိက္ခာပြတ်နေတဲ့ ပြည်သူတွေအတွက် ရိက္ခာထောက်ပံ့ရေးလုပ်ငန်းနဲ့ တိုက်ပွဲကြားမှာ ပိတ်မိနေတဲ့ အရပ်သားတွေ နေရပ်ပြန်နိုင်ရေး ဝိုင်းဝန်းကူညီပေးဖို့ ခူမီးတိုင်းရင်းသား မျိုးနွယ်စုအဖွဲ့တဖွဲ့က တောင်းဆိုလိုက်ပါတယ်။
2020-02-19
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ဓါတ်ခွဲစစ်ဆေးနိုင်ဖို့ အမေရိကန် ကူးစက်ရောဂါ ကာကွယ်ရေးဌာန (CDC) က ပညာရှင်တွေ စေလွှတ်ဖို့စီစဉ်နေပြီး၊ ဓာတ်ခွဲခန်းအသုံးပြုပစ္စည်းတွေလည်း မှာယူထားပါတယ်။
2020-02-19
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမူကြမ်း ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးဖို့ တပ်မတော်သား ကိုယ်စားလှယ် အားလုံးနီးပါး အမည်စာရင်းပေးသွင်း ထားတဲ့အပေါ် နိုင်ငံရေးပါတီ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေရဲ့ အမြင်ကို RFA သတင်းထောက် ကိုနေမျိုးထွန်းက စုစည်း တင်ပြထားပါတယ်။
2020-02-19
ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တွေက ရိုက်နှက်တဲ့အတွက် မြောက်ဦးမြို့နယ် ပေါင်းတုတ်ကျေးရွာက လူငယ်တစ်ဦး သေဆုံးသွားတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
2020-02-18
ကုလသမဂ္ဂ လူ့အခွင့်အရးကောင်စီက လူ့အခွင့်အရေးကျွမ်းကျင်သူ အလုပ်အဖွဲ့က မြန်မာနိုင်ငံ ရခိုင်ဒေသမှာ အင်တာနက်တွေပိတ်ထားတာနဲ့ ပတ်သက်ပြီး ကန့်ကွက်တောင်းဆိုလိုက်ပါတယ်။
2020-02-18
"နိုင်လွတ်လုံ"လို့ အများသိကြတဲ့ "နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ" မှာ အားနည်းချက်တွေ ရှိနေတာကြောင့် လွှတ်တော်မှာ ပြင်ဆင်ဖို့ ကြိုးပမ်းနေပါတယ်။
2020-02-18
ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာ တပ်မတော်နဲ့ KNU တိုက်ပွဲတွေကြောင့် ဖာပွန်ခရိုင် ဒေသခံ ရာနဲ့ချီ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတာဒိုမူးက ပြောလိုက်ပါတယ်။
2020-02-18
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကြား ကုလား တန်မြစ်ကြောင်းတလျှောက် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေတာကြောင့် လမ်းပန်းဆက် သွယ်ရေးခက်ခဲပြီး စားနပ်ရိက္ခာ ပြတ်နေတဲ့အတွက် မကြာခင် ပလက်ဝပြည်သူတွေ အငတ်ဘေးကြုံရဖွယ်ရှိတယ်လို့ ကူညီဆောင်ရွက်ပေးသူတွေက ပြောကြပါတယ်။