သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-10-16
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့က ဒေသခံရှစ်ဦးကို စစ်ကောင်စီတပ်သားတွေက အောက်တိုဘာလ ၁၅ ရက်မနေ့က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2022-10-15
ထိုင်းနိုင်ငံတောင်ပိုင်း စူလပ်ဌာနီခရိုင် ချိုင့်ရာမြို့ ဖွန်ဖတ်သစ်စက်ရုံမှာ အလုပ်ရှင်အသစ်ပြောင်းလို့ အလုပ် ထုတ်ခံလိုက်ရတဲ့ အလုပ်သမားအယောက် ၁၁၀ အတွက် နစ်နာကြေး ဘတ်ငွေ ၁၂ သိန်းကျော် ရရှိခဲ့ပြီလို့ NUG ရဲ့ အလုပ်သမားဝန်ကြီးဌာန ပြည်ပအလုပ်သမား စီမံခန့်ခွဲရေးဌာန တာဝန်ရှိသူ ဦးဝေလင်းမောင်က ပြောပါတယ်။
2022-10-15
ဗိုလ်ကြီးဇေလတ်က စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီသြဇာခံတပ်တွေရဲ့ လူမဆန်ရက်စက်မှုတွေကို သူကိုယ်တိုင်ကြုံတွေ့နေရတဲ့အတွက် အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းစေရေးအတွက် လက်ရှိစစ်တပ်အတွင်းက ဘဝတူ အရာရှိအကြပ်တပ်သားတွေအနေနဲ့ ပြည်သူနဲ့ အမြန်ဆုံးပူးပေါင်းကြပါလို့ RFA ကနေတစ်ဆင့် တိုက်တွန်းလိုက်ပါတယ်။
2022-10-15
သူတို့ကိုယ်တိုင် ဝါဒဖြန့်တာတွေ လုပ်နေတဲ့ စစ်တပ်ဟာ လွတ်လပ်တဲ့ သတင်းမီဒီယာသမားတွေကို ဖမ်းဆီးပြီး သတင်းအချက်အလက်ရယူခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်တွေကို ကန့်သတ်ထားတယ်လို့လည်း ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ ပြောဆိုပါတယ်။
2022-10-15
စစ်အာဏာသိမ်းထားတဲ့ ဒီအချိန်မှာ ရွေးကောက်ပွဲထပ်လုပ်မယ်ဆိုရင် ဆူပူမငြိမ်မသက်တာတွေ ပိုတိုးလာနိုင်တယ်လို့ မလေးရှားနိုင်ငံကို ရောက်နေတဲ့ မစ္စဘရောင်းက သတင်းထောက်တွေနဲ့ မနေ့က တွေ့ဆုံချိန်မှာ ပြောဆိုခဲ့ကြောင်း ဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။
2022-10-15
လက်နက်ကြီးတွေရဲ့ အသံကြားပြီး အသက် ၇၀ အရွယ် ဒေသခံ အဘွားအိုတစ်ဦး ကြောက်လန့် သေဆုံးသွားသလို ရွာထဲမှာ ပိတ်မိနေတဲ့ သက်ကြီးရွယ်အိုတွေကို ကယ်ထုတ်ရင်း ဒေသခံ PDF နှစ်ဦးလည်း သေဆုံးသွားတယ်လို့ ဒေသခံကဆိုပါတယ်။
2022-10-15
အသက်၃၈နှစ်အရွယ် ဒေသခံရွာသား ကိုဝင်းအောင်နဲ့ စစ်ကောင်စီခန့် ရွာအုပ်ချုပ်ရေးမှူး ဦးစံဦးတို့ အောက်တိုဘာ ၁၃ ရက်နေ့ညက စကားများကြရာကနေ အုပ်ချုပ်ရေးမှူးက ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။
2022-10-15
ငြိမ်းချမ်းရေး အမြန်ရနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၊ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ အားလုံးဆွေးနွေးဖို့လိုတယ်လို့ မွန်ပြည်သစ်ပါတီက တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
2022-10-15
ချင်းပြည်နယ်၊ တီးတိန်မြို့နယ် သိုင်းငင်းရွာအနီးက တီးတိန် - ကလေး ကားလမ်းမပေါ်မှာ အောက်တိုဘာလ ၁၄ ရက် မနေ့ ညနေပိုင်းက မိုင်းပေါက်ကွဲခဲ့ပြီး ကလေးငယ်တစ်ဦး အပါအဝင် ဒေသခံအရပ်သား ခုနစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိုင်းငင်းရွာဒေသခံတွေက ပြောပါတယ်။
2022-10-15
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးမှု ခုနစ်နှစ်ပြည့်တဲ့ အောက်တိုဘာလ ၁၅ ရက် ဒီကနေ့မှာ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့က ကိုယ်စားလှယ်တွေ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
2022-10-15
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်က ဒေသခံ အရပ်သား ခြောက်ဦးကို စစ်ကောင်စီတပ်သားတွေက အောက်တိုဘာလ ၁၄ ရက် မနေ့က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-10-15
မကွေးတိုင်း၊ ပေါက်မြို့နယ် သီးခြောက်ရွာကို အင်အား ၄၀၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်က အောက်တိုဘာလ ၁၂ ရက်ကနေ ၁၄ ရက်အထိ သုံးရက်ဆက်တိုက် စီးနင်းပြီးနောက် တစ်ရွာလုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-10-15
အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီ (BEGSC) ဗဟိုကော်မတီဝင်တစ်ဦးဖြစ်တဲ့ CDM အထက်တန်းကျောင်းဆရာမ ဒေါ်သက်ဆုလှိုင်ကို မန္တလေးတိုင်း၊ အောင်မြေသာစံတရားရုံးကနေ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅(က) နဲ့ ထောင်ဒဏ်သုံးနှစ် ထပ်မံချမှတ်လိုက်တယ်လို့ ကာယကံရှင်မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2022-10-14
ပွဲစားတွေရဲ့ လိမ်လည်မှုကြောင့် ဒုက္ခရောက်နေသူတွေလည်း အမြောက်အများရှိပါတယ်။ အခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင်ကို ရောက်ရှိလာတဲ့ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်က မြန်မာ ၅ ဦးကတော့ ပွဲစား ၂ ဆင့် အလိမ်ခံရမှုကြောင့် ဒုက္ခရောက်နေပါပြီ။
2022-10-14
လာမယ့်နှစ်ဟာ နွေဦးတော်လှန်ရေးကို အဆုံးအဖြတ်ပေးနိုင်မယ့်နှစ် ဖြစ်တယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်မှာ NGU အမျိုးသားညီညွတ်ရေးအစိုးရသတင်းစာရှင်းလင်းပွဲမှာပြောလိုက်ပါတယ်။ ဒါနဲ့ပတ်သက်လို့ “နွေဦးတော်လှန်ရေး ဘယ်တော့ အဆုံးသတ်နိုင်မလဲ” ဆိုတဲ့အကြောင်း ဒီတစ်ပတ် ဆွေးနွေးပွဲမှာပြောဆိုကြမှာဖြစ်ပါတယ်။