သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-04-10
ကျောင်းသားသပိတ်စစ်ကြောင်းအကြမ်းဖက် ဖြိုခွဲခံခဲ့ရတာကို ကန့်ကွက်ကြောင်း ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံမှာ ဆန္ဒပြခဲ့တဲ့ သံလျင်နည်းပညာတက္ကသိုလ်ကျောင်းသူ မပိုပိုနဲ့ ကိုဝင်းကျော့မှူးတို့ကို ကမာရွတ်မြို့နယ် တရားရုံးမှာ ဧပြီလ ၁၀ ရက် ဒီကနေ့ ရုံးထုတ်ခဲ့ပါတယ်။
2015-04-10
ဧပြီလ ၁၀ ရက် ဒီကနေ့ သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကနေ ၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ငြိမ်းချမ်းရေး၊ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပရေး နဲ့ ရွေးကောက်ပွဲအလွန် တိုင်းပြည်တည်ငြိမ်းရေးတို့ကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
2015-04-10
နေပြည်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ နေထိုင်ဖို့အတွက် လွှတ်တော်အိမ်ရာတွေကို လာမယ့် ၂ဝ၁၆ ခု နှစ်ဆန်းပိုင်းမှာ အပြီးတည်ဆောက်ပေးဖို့ အဆိုဟာ ဥပဒေနဲ့မကိုက်ညီကြောင်း အစိုးရဘက်က တင်ပြခဲ့တဲ့အတွက် ပြည်ထောင်စုလွှတ်တော်က ဒီအဆိုကို ဆိုင်းငံ့လိုက်ပါတယ်။
2015-04-10
၁၅ ကြိမ်မြောက် ကယန်းအမျိုးသားနေ့အခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို နယ်အတွင်းက မြောက်စလုံး ကျေးရွာမှာ ဧပြီလ ၁၀ ရက် ဒီကနေ့ မနက်ကကျင်းပခဲ့ပါတယ်။
2015-04-10
မြန်မာနိုင်ငံကို မကြာခင် ရောက်ရှိ လာတော့မယ့် မဟာသြင်္ကန်နဲ့ နှစ်သစ်ကူး သမယမှာ မြန်မာပြည်သူပြည်သားအားလုံး သာယာရွှင်လန်းကြပါစေလို့ သမ္မတအိုဘားမားနဲ့ အမေရိ ကန်ပြည်သူတစ်ရပ်လုံးကိုယ်စား အမေရိကန်နိုင်ငံခြားဝန်ကြီး John Kerry က ဆုမွန်ကောင်းပို့သလိုက်ပါတယ်။
2015-04-10
ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့က နေပြည်တော် အမြန်လမ်း မှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုသတင်းကို ဒီမိုကရေစီတူဒေး သတင်းစာမှာ ယာဉ်လိုင်းနာမည် မှားယွင်းဖော်ပြခဲ့တဲ့အ တွက် နစ်နာကြေးအဖြစ် ကျပ် သိန်းပေါင်း ခြောက်ထောင် လျော်ကြေးပေးဖို့ မှားယွင်းဖေါ်ပြ ခံရတဲ့ ရွှေစင်စြင်္ကာယာဉ်လိုင်းက တောင်းဆိုလိုက်ပါတယ်။
2015-04-10
လက်ပံတန်းမြို့က ကျောင်းသားသပိတ် စစ်ကြောင်း အကြမ်းဖက်ဖြိုခွဲခံရတဲ့ တစ်လပြည့် အထိမ်းအမှတ်အဖြစ် ဖမ်းဆီးခံထားရသူ အားလုံးကို ပြန်လွှတ်ပေးဖို့အတွက် မန္တလေးမြို့နဲ့ ပဲခူးမြို့ မှာ ကျောင်းသား ကျောင်းသူတွေနဲ့ မြို့ခံတွေက ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2015-04-10
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မှာ သေဆုံးရသူ ဒေါ်ခင်ဝင်း အမှုနဲ့ ပတ်သက်ပြီး မနေ့ညနေပိုင်းက ဆားလင်းကြီးမြို့နယ် တရားရုံးက သေနတ်ထိမှန်သေဆုံးကြောင်း ဆုံးဖြတ် ချက်ချလိုက်ပါတယ်။
2015-04-10
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ ဒီနှစ် ဇန်နဝါရီလဆန်းပိုင်းက စက်ယန္တရားတွေနဲ့ သစ်ခိုးထုတ်ခဲ့တဲ့ တရုတ်နိုင်ငံသား ၁၅ဝ ကျော်ကို မြစ်ကြီးနားခရိုင် တရားရုံးမှာ ဒီနေ့ ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။
2015-04-10
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေ အနေနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ခွင့်ပြုချက်မရရှိပဲ တခြားအဖွဲ့အစည်းတွေက ဦးဆောင်ကျင်းပတဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်ခြင်းမပြုဖို့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးကို ညွှန်ကြားထားပါတယ်။
2015-04-10
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အတွက် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ကို မေလ ၁၁ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွေ ပြန်လည်မစတင်ခင်မှာ ထပ်မံကျင်းပဖို့အတွက် ဒီနေ့ ကျင်းပတဲ့ ခြောက်ပွင့် ဆိုင်ဆွေးနွေးပွဲမှာ သဘောတူညီမှုရရှိခဲ့ပါတယ်။
2015-04-10
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်မှာရှိတဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌရုံးမှာ သတင်းစာရှင်းလင်းပဲွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။
2015-04-10
သမ္မတဦးသိန်းစိန်ဟာ နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ တိုင်းရင်းသားကိုယ်စားလှယ်တွေ အပါအဝင် ခေါင်းဆောင် ၄၂ ဦးကို နေပြည်တော် သမ္မတအိမ်တော်မှာ ဧပြီ်လ ၈ ရက် မနေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တွေ့ဆုံပွဲအပြီးမှာ ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်က သတင်းစာရှင်းလင်းပွဲကျင်းပပြီး ဆွေးနွေးတဲ့အကြောင်းအရာတွေကို ရှင်းပြခဲ့ပါတယ်။
2015-04-10
မြန်မာသက္ကရာဇ် ၁၃၇၆ ခု၊ နှစ်သစ်ကူး အတာသြင်္ကန်အတွက် မန္တလေးမြို့မှာ ကြိုတင်ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ မန္တလေး ကျုံးဘေးမှာ ယာဉ်ကြောပိတ်ဆို့မှုတွေ မဖြစ်အောင် ဒီနှစ်မှာ ရေကစားမဏ္ဍပ် တချို့ကိုသာ ဆောက်လုပ်ခွင့် ပြုထားပါတယ်။
2015-04-10
မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခနဲ့ သံဃာ ၁၅ ပါးဟာ မှုခင်းကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်နေတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဂိုဏ်းပေါင်းစုံ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ကို တိုင်ကြားထားတဲ့အမှုနဲ့ ပတ်သက်ပြီး ဆရာတော်ဦးပါမောက္ခနဲ့ သံဃာတချို့က ဧပြီလ ၉ ရက် ဒီကနေ့ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။