သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-04-17
ဘူးသီးတောင်မြို့နယ်က MSF နယ်စည်းမခြားဆရာဝန်များအသင်းရဲ့ ရုံးနဲ့ဆေးခန်းဟာ ဧပြီ ၁၅ ရက်နေ့က မီးရှို့ခံရတယ်လို့ အဖွဲ့က ထုတ်ပြန်ပါတယ်။ ဝန်ထမ်းတွေဘေးကင်းခဲ့ပေမယ့် ရုံးသုံးပစ္စည်းတွေနဲ့ ဆေးတွေအားလုံး မီးလောင်တဲ့အထဲ ပျက်စီးဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။
2024-04-17
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ တောင်ပိုင်းကွပ်ကွဲမှုဌာနခွဲကနေ ကြည်းတပ်၊ လေတပ်တွေ တရုတ်-မြန်မာနယ်စပ်အနီးမှာ ဧပြီလ ၁၇ ရက်နေ့ စစ်ရေးလေ့ကျင့်မယ်လို့ တရုတ်အစိုးရပိုင် CGTN သတင်းက ဖော်ပြပါတယ်။
2024-04-17
ထာဝရငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းနေတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာ နှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားမှာ ထည့်သွင်းပြောဆိုပါတယ်။
2024-04-17
မြန်မာနိုင်ငံတစ်ဝန်းက စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဒဏ်ကို ရင်ဆိုင်နေကြရတဲ့ ပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်းနဲ့ အသက်ဆုံးရှုံးသွားသူများကို ဆုတောင်းမေတ္တာပို့သရေးလှုပ်ရှားမှုဖြစ်တဲ့ စက္ကူလေယာဉ်သပိတ်ကို မြန်မာနှစ်ဆန်း ၁ ရက်ဖြစ်တဲ့ ဧပြီလ ၁၇ ရက် ဒီနေ့မှာ ပြုလုပ်နေကြပါတယ်။
2024-04-17
ဆားလင်းကြီးမြို့နယ် ကူးတို့ကုန်းရွာမှာ ဧပြီ ၁၆ ရက်နေ့က စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး အရပ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။
2024-04-16
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ တခေါခွန်ကျေးရွာအနီးမှာ ဧပြီလ ၁၆ ရက်နေ့ကနေ ၁၇ ရက်နေ့ မနေ့ညပိုင်းအထိ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တို့ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဆီဆိုင်မြို့ခံတွေက ပြောပါတယ်။
2024-04-16
အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာစစ်တပ်ထံ စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေအပါအဝင် နည်းပညာနဲ့ လောင်စာဆီတွေ လွှဲပြောင်းရောင်းချမှုအားလုံးကို ချက်ချင်းပိတ်ပင်ဖို့နဲ့ စစ်ဘက်ကဆိုင်ရာ လေ့ကျင့်သင်တန်းအားလုံးကိုလည်း ရပ်ဆိုင်းပေးဖို့ Justic For Myanmar (JFM) က ဧပြီလ ၁၅ ရက်နေ့မှာ ကြေညာချက်ထုတ် တောင်းဆိုပါတယ်။
2024-04-16
မန္တလေးတိုင်း ပြင်ဦးလွင် စစ်တက္ကသိုလ်ကိုတိုက်ခိုက်ခဲ့တဲ့ PDF တပ်ဖွဲ့ဝင် လေးဦးကို အရှင်ဖမ်းမိပြီး၊ ငါးဦးသေဆုံးခဲ့တယ်ဆိုတဲ့ သတင်းတွေဟာ မှန်ကန်မှုမရှိဘူးလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
2024-04-16
နိုင်ငံတစ်ဝန်းက အကျဉ်းသား၊ အကျဉ်းသူ ၃၃၀၃ ဦး စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်ပေမယ့် နိုင်ငံရေးအကျဉ်းသား နည်းလွန်းတယ်လို့ မိသားစုဝင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။
2024-04-16
မြန်မာနိုင်ငံက ပဋိပက္ခတွေအတွင်း ကလေးသူငယ်တွေကို ပြင်းထန်တဲ့လုပ်ရပ်တွေ ကျူးလွန်ခဲ့တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို ကလေးသူငယ်တွေ ထိခိုက်မှုအခြေအနေကို လေ့လာစောင့်ကြည့်တဲ့ Watchlist အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
2024-04-16
လူ့အခွင့်အရေးလှုပ်ရှားသူ ဒေါက်တာမောင်ဇာနည်ကို အခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ဖို့ အဆိုပြုတင်သွင်းထားတယ်လို့ ဗြိတိန်အခြေစိုက် Free Rohingya Coalition လူ့အခွင့်အရေးအဖွဲ့က ဧပြီလ ၁၆ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
2024-04-16
၂၀၂၄ ခုနှစ်ဟာ ပန်းတိုင်ရဲ့ အနီးကပ်ဆုံးကို ရောက်မယ့်နှစ်လို့ ယုံကြည်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောလိုက်ပါတယ်။
2024-04-16
ဧပြီလ ၁၅ ရက်နေ့ မနက် ငါးနာရီကျော်က စစ်ကောင်စီစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ပြီး ညနေ လေးနာရီကျော်မှာ အပြီးသတ် သိမ်းဆည်းနိုင်ခဲ့တာလို့ ဆိုပါတယ်။
2024-04-16
နွေအပူဒဏ်သက်သာစေဖို့ ထောင်ပြောင်းလိုက်တာဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြုပြီး ဘယ်ကိုပြောင်းရွှေ့လိုက်လဲဆိုတာကိုတော့ သူက မပြောပါဘူး။
2024-04-16
မြန်မာနိုင်ငံတွင်းက ပဋိပက္ခတွေ အဆုံးသတ်နိုင်ရေးအတွက် အပစ်ရပ်ပြီး ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာကြဖို့ တရုတ်နိုင်ငံက တိုက်တွန်းလိုက်ပါတယ်။