သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-07-14
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် အားလုံးနီးပါးမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ ဇူလိုင်လ ၁၁ ရက် စနေနေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
2015-07-14
လာမယ့် ၂၀၁၅ နိုဝင်ဘာလ ဂ ရက်နေ့ ရွေးကောက်ပွဲမှာ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တစ်ချို့ ဝင်ရောက် ယှဉ်ပြိုင်သွားမယ်လို့ ဦးမင်းကိုနိုင်က ပြောပါတယ်။
2015-07-14
အစိုးရက အဆိုပြုသတ်မှတ်လိုက်တဲ့ အနိမ့်ဆုံးလုပ်ခလစာ တစ်ရက် ကျပ် ၃၆၀ဝ အစား ၄၀၀၀ သတ်မှတ်ပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမား သမဂ္ဂကွန်ရက်က ဇူလိုင်လ ၁၂ရက်က လှိုင်သာယာ မြို့နယ် လှိုင်သာယာမြို့နယ်မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2015-07-14
ကွယ်လွန်သူ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် တည်ထောင်ခဲ့တဲ့ ဦးဝင်းတင် ဖောင်ဒေးရှင်းက နိုင်ငံရေးအကျဉ်းသားတွေနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေကို မနေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာ မနေ့က အလှူငွေတွေ ပေးအပ်ခဲ့ပါတယ်။
2015-07-14
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပညာရေးကွန်ရက်ရဲ့ ပညာဒါနကျောင်းတွေကနေ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့တဲ့ ကျောင်းသူ ကျောင်းသားတွေ ကို ဂုဏ်ပြုတဲ့ ဆုချီးမြှင့်ပွဲကို မနေ့က ရန်ကုန်မြို့က တော်ဝင် နှင်းဆီ ခန်းမမှာ ကျင်းပခဲ့ပါတယ်။
2015-07-14
ရခိုင်ပြည်နယ် စိုက်ပျိုးစရိတ်ချေးငွေကို လယ်လုပ်ကိုင်ခွင့် ပုံစံ ၇ ရှိမှ ထုတ်ချေးပေးတဲ့အတွက် ပုံစံ ၇ မရှိတဲ့ စစ်တွေမြို့နယ်က တောင်သူတစ်ချို့ ချေးငွေ မရရှိကြသေးတာကြောင့် အခက်အခဲတွေ့နေရပါတယ်။
2015-07-14
ထိုင်း မြန်မာနယ်စပ် တာချီလိတ်မြို့က မယ်ဆိုင်ချောင်းကို ရေစီးရေလာကောင်း မွန်ဖို့အတွက် မြန်မာဖက်ခြမ်းက ရှင်းလင်း လိုက်တာနဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းနိုင်ငံဖက်က လယ်သမားတွေဟာ ဆန္ဒပြကန့်ကွတ်တဲ့အနေနဲ့ မနေ့မနက် က တာချီလိတ် - မယ်ဆိုင် အမှတ် ၁ ချစ်ကြည်ရေးတံတားကို ပိတ်ဆို့ ဆန္ဒပြခဲ့ကြပါတယ်။
2015-07-13
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်တော့ဘူးလို ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ထိပ်ပိုင်းအရာရှိကြီးတစ်ဦ်းက ပြောကြားလိုက်ပါတယ်။
2015-07-13
ကချင်ပြည်နယ် ပူတာအိုခရိုင် ဆွမ်ပရာဘွမ် မြို့နယ်ထဲမှာ အစိုးရတပ်နဲ့ ကေအိုင်အေ တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၇ တို့ ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့ကစပြီး ဒီနေ့ အထိ တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားနေလို့ ကျောင်းတွေကို ပိတ်လိုက်ရပြီး ရွာသားတွေဟာ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
2015-07-13
White Card ခေါ် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ခဲ့သူတွေနဲ့ လက်ရှိ အစိမ်းရောင်ကတ်ပြား ကိုင်ဆောင်ထားသူတွေ မဲပေးခွင့် ရှိခြင်း မရှိခြင်းဟာ ပြည်ထောင်စုလွှတ်တော်ကသာ ဆုံးဖြတ် ရမှာဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
2015-07-13
တိုင်းရင်းသားနိုင်ငံရေးပါတီ ၂၀ကျော်နဲ့ ဖွဲ့စည်းထားတဲ့ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းအဖွဲ့ NBF က ၂၀၁၅ ရွေးကောက်ပွဲမှာ ဒုတိယသမ္မတ တစ်နေရာရရှိဖို့ ကြိုးပမ်းယှဉ်ပြိုင်မယ်လို့ ပြောပါတယ်။
2015-07-13
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုကော်မတီဝင်တွေနဲ့ ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဗဟိုကော်မတီဝင်တွေဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်မြေတွေနဲ့ ပတ်သက်ပြီး ညှိနှိုင်းဆောင်ရွက်နိုင်ဖို့ ဒီနေ့ ရန်ကုန်မြို့မှာ ဆွေးနွေးညှိနှိုင်း ခဲ့ကြပါတယ်။
2015-07-13
လာမယ့် ရွေးကောက်ပွဲမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း က ခေါင်းဆောင်တချို့ ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ ဦးမင်းကိုနိုင်က ပြောပါတယ်။
2015-07-13
၂၀၁၅ ရွေးကောက်ပွဲအတွက် ပြည်ထောင် စု ကြံံ့ခိုင်ရေးနဲ့ ဖွံံ့ဖြိုးရေးပါတီက လျာထားတဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်းထဲမှာ လက်ရှိအချိန်အထိ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ အမည်စာရင်း မပါသေးကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် သူရ ဦးအောင်ကိုက ပြောပါတယ်။
2015-07-13
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ကြောင်းနဲ့ တစ်ဦး ချင်းအလိုက် ရွေးကောက်ပွဲဝင်နိုင်ကြောင်း ပြော ပါတယ်။